backup og meta

နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Hello Sayarwon Medical Panel · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ

    နေရောင်ကနေ ကာကွယ်ဖို့နေလောင်ကာခရင်မ်ကို လူးနေကြတယ်။ ဒါပေမယ့်  နေလောင်ကာခရင်မ် ကို နေမလောင်အောင်သာလူးမိနေတယ်။ နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ ကတော့ အများကြီးများဖြစ်နေလား….. ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

    နေလောင်ကာခရင်မ်

    နေလောင်ကာခရင်မ်ဆိုတာက နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဖြစ်ကြတဲ့ UV-A နဲ့ UV-B တို့ကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် ကာကွယ်​ပေးတာပါ။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုပေးစွမ်းတယ်ဆိုပေမယ့် မွန်းတည့်ချိန်မှာ ပူတဲ့နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

    နေရောင်ခြည်က အသားအရေကို ဘယ်လိုထိခိုက်စေနိုင်လဲ………

    နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က

  • အသားအရေကို နေလောင်စေတယ်
  • အသားအရေမွဲခြောက်မှု ဖြစ်စေတယ်
  • အသားအရောင် မညီတာမျိုး ဖြစ်စေတယ်
  • အရေးအကြောင်းတွေ ဖြစ်စေတယ်
  • အစက်အပြောက်တွေ ဖြစ်စေတယ်
  • အရေပြားကင်ဆာ ဖြစ်စေတယ်
  • အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး ဖြစ်စေတယ်။
  • နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ

    နေလောင်ကာခရင်မ်ကို လိမ်းသာလိမ်းနေရတယ်။ မေးချင်နေတဲ့ မေးခွန်းတွေအများကြီးဟုတ်။ နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ ရဲ့ အဖြေကို တူတူကြည့်ရအောင်လား။

    နေလောင်ကာခရင်မ်မလိမ်းခင် ဗူးကိုလှုပ်ဖို့လိုမလား………

    နေလောင်ကာခရင်မ်လိမ်းရင် ဗူးကိုလှုပ်ဖို့လိုပါမယ်။ အကြောင်းကတော့ နေလောင်ကာခရင်မ်ဗူးကို လှုပ်လိုက်မှာ ပါဝင်ပစ္စည်းတွေ ရောစပ်မှုပိုကောင်းပြီး အာနိသင်ထိရောက်မှုကောင်းစေမှာပါ။

    အသားညိုတယ် နေလောင်ကာခရင်မ်လိမ်းဖို့လိုပါ့မလား…………

    အသားညိုလည်း နေရောင်ကြောင့် ထိခိုက်နိုင်ခြေက ရှိတုန်းပါပဲ။ ဒါကြောင့် အသားညိုတယ်ဆိုရင်တောင်မှ နေလောင်ကာခရင်မ်ကို လိမ်းဖို့လိုအပ်နေဆဲပါ။

    နေလောင်ကာခရင်မ်ကို နေပူထဲထွက်ခါနီး လိမ်းရုံပဲ မဟုတ်လား…..

    နေလောင်ကာခရင်မ်ကို နေပူထဲမထွက်ခင် အနည်းဆုံး ၁၅ မိနစ်လောက် ကြိုလိမ်းပေးပါ။ ဒါမှစိမ့်ဝင်မှုကောင်းပြီး  အသားအရေကို နေရောင်ကနေ အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

    တစ်ခါလိမ်းရင် လုံလောက်ပြီလား…..

    နေလောင်ကာခရင်မ်ကို မနက်ကနေ ညအထိတစ်ကြိမ်တည်းလိမ်းနေရုံနဲ့မလုံလောက်ပါဘူး။ နေရောင်ထဲထွက်ခါနီး အနည်းဆုံး ၁၅ မိနစ် အလိုမှာလိမ်းပါ။ ပြီးရင် တစ်နာရီခွဲကြာတိုင်း တစ်ခါပြန်လိမ်းပါ။ ရေကူးပြီးချိန်၊ အားကစားလုပ်ပြီးချိန်နဲ့ ချွေးတွေအများကြီးထွက်ပြီးချိန်တိုင်းမှာ နေလောင်ကာခရင်မ် ပြန်လိမ်းပေးပါ။

    နေရောင်ထဲထွက်မှ လိမ်းရမှာလား…….

    နေရောင်ထဲထွက်မှ၊ ကမ်းခြေကို ခရီးသွားမှ နေလောင်ကာခရင်မ်ကို လိမ်းရတာမဟုတ်ပါဘူး။ နေရောင်ဝင်နိုင်တဲ့နေရာမှာ နေမယ်။ ရုံးခန်းထဲမှာ အလုပ်လုပ်မယ်၊ ကားမောင်းမယ်စတဲ့အချိန်တွေမှာလည်း နေလောင်ကာခရင်မ်ကို လိမ်းဖို့လိုပါမယ်။

    နေလောင်ကာခရင်မ်က နေရောင်ခြည်ကိုပဲကာကွယ်နိုင်တာလား…….

    မဟုတ်ပါဘူး။ နေလောင်ကာခရင်မ်က နေရောင်ခြည်အပြင် ဖုန်း၊ လက်ပ်တော့နဲ့ စခရင်မ်တွေကနေထွက်တဲ့ အလင်းရောင်တွေကို ကာကွယ်ပေးနိုင်ပါတယ်။

    နေ့တိုင်းလူးဖို့ လိုလို့လား……..

    လိုပါတယ်။ နေလောင်ကာခရင်မ်ကို နေ့တိုင်းလိမ်းပေးတာက အရေးအကြောင်းတွေ နဲ့ အရွယ်မတိုင်ခင်အိုမင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    အသားကို တိုက်ရိုက်လိမ်းပေးရမှာလား………..

    နေလောင်ကာခရင်မ်ကို အသားကိုတိုက်ရိုက်လူးပေးတာထက် လက်ထဲကိုထည့်ပြီး လက်ဖဝါးနှစ်ခုမှာပွတ်လို့ အသားပေါ်ကို လူးပေးတာက စိမ့်ဝင်စုပ်ယူနိုင်စွမ်းပိုကောင်းစေနိုင်ပါတယ်။ ချွေးပေါက်ပိတ်ဆို့နိုင်ခြေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

    ခန္ဓာကိုယ်တစ်ခုလုံး လိမ်းလို့ရလား…….

    နေလောင်ကာခရင်မ်ကို မျက်နှာမှ၊ လက်မှရယ်မဟုတ်ပါဘူး။ နေရောင်နဲ့ထိတွေ့မိနိုင်တဲ့ နေရာတိုင်းကို လိမ်းလို့ရပါတယ်။

    နေလောင်ကာခရင်မ်တိုင်း အတူတူပဲလား……

    နေလောင်ကာခရင်မ်တိုင်းကမတူပါဘူး။ အဆီကိုအဓိကထားထုတ်ထားတာနဲ့ water-base ဆိုပြီး ကွာပါတယ်။ အဆီပြန်တတ်တဲ့သူ ဝက်ခြံဖြစ်လွယ်တဲ့သူတွေအနေနဲ့ကတော့ ချွေးပေါက်မှာ ပိတ်ဆို့မှုတွေမဖြစ်စေဖို့ water-base ကို သုံးတာ အကောင်းဆုံးဖြစ်မှာပါ။ အသားခြောက်တတ်ရင်တော့ အဆီပါတဲ့ နေလောင်ကာခရင်မ်က အဆင်အပြေဆုံးဖြစ်မှာပါ။

    ကုန်ဆုံးရက်ကို ဂရုစိုက်ဖို့လိုလို့လား……..

    လိုပါတယ်။ နေလောင်ကာခရင်မ်က ကုန်ဆုံးရက်နီးတဲ့အခါ ၊ ကုန်ဆုံးရက်ကျော်သွားတဲ့ အခါမျိုးမှာဆိုရင် ထိရောက်မှုအာနိသင်ကလည်း နည်းသွားနိုင်ပါတယ်။ ဒါကြောင့် နေလောင်ကာခရင်မ်ဝယ်တဲ့အခါ ကုန်ဆုံးရက်ကို ဂရုစိုက်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Hello Sayarwon Medical Panel

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement