backup og meta

အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း

    နေရောင်ခြည်နုနုလေးက ကျန်းမာရေးအတွက်ကောင်းတယ်။ ခန္ဓာကိုယ်အတွက် ဗီတာမင် D ဖြည့်စွက်ပေးတယ်ဆိုပေမယ့် နေ့လယ်ခင်းမှာ ပူတဲ့ နေရောင်ကတော့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ထိန်းသိမ်းချင်တယ်ဆိုရင် မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုက နေလောင်ကာခရင်မ် လိမ်းတာလည်း အပါအဝင်ပါ။ ဒီတစ်ခေါက်တော့ အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း ကို ဖော်ပြပေးလိုက်ပါတယ်။

    ဘာကြောင့် နေလောင်ကာခရင်မ် လိမ်းသင့်တာလဲ………..

    နေလောင်ကာခရင်မ်လိမ်းသင့်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။

  • အသားအရေကို နေလောင်တာကနေ ကာကွယ်ဖို့
  • အသားအရေမွဲခြောက်မှု မဖြစ်အောင် ကာကွယ်ဖို့
  • အသားအရောင် မညီတာမျိုး မဖြစ်အောင် ကာကွယ်ဖို့
  • အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ဖို့
  • အစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ဖို့
  • အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့ စတဲ့ အသားအရေကျန်းမာရေးကို အားပေးဖို့အတွက် နေလောင်ကာခရင်မ်လိမ်းသင့်ပါတယ်။
  • ဘယ်လိုရွေးမလဲ……… နေလောင်ကာခရင်မ်

    နေလောင်ကာခရင်မ်ဆိုတိုင်း အသားအရေကို ကာကွယ်မှုပေးနိုင်ပြီ မဆိုသာပါဘူး။ သေချာလေးရွေးချယ်ဖို့လိုပါမယ်။ အကြောင်းက အသားအရေအမျိုးအစားမတူညီမှုကလည်း နေလောင်ကာခရင်မ်ရဲ့ ထိရောက်မှုအပေါ်မှာ သက်ရောက်နေတာကြောင့်ပါ။

    • နေလောင်ကာခရင်မ်ကိုရွေးတော့မယ်ဆိုရင် UV-A ရော UV-B ကိုပါ ကာကွယ်ပေးနိုင်တာကို ရွေးချယ်ပါ။ ဒါမှ အသားအရေ ထိခိုက်မှုမရှိမှာပါ။
    • အနည်းဆုံး SPF 15 ပါတာကို ရွေးချယ်ပါ။ ဒါမှ နေရောင်ဒဏ်ကနေ ကာကွယ်ဖို့ လုံလောက်မှာပါ။
    • ရေကူးတဲ့အခါ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါမျိုးမှာ သုံးမယ်၊ ကိုယ်က ချွေးထွက်သန်မယ်ဆိုရင် ရေစိုခံအမျိုးအစားမျိုးကို အသုံးပြုပေးပါ။
    • မျက်နှာအတွက် အသုံးပြုလို့ရလားဆိုတာ ကြည့်ပါ။ နေလောင်ကာခရင်မ်က ခန္ဓာကိုယ်အတွက် သီးသန့်ထုတ်ထားတာကို မျက်နှာမှာ အသုံးပြုမိရင် အဆင်မပြေနိုင်ပါဘူး။
    • အသားအရေက ထိခိုက်တုံ့ပြန်လွယ် အသားအရေမျိုးဆိုရင် para-aminobenzoic acid (PABA) ပါတာမျိုးက အဆင်မပြေပါဘူး။
    • နေလောင်ကာခရင်မ်မှာပါတဲ့ ဓာတုပစ္စည်းတွေကို သေချာလေး ကြည့်ရှု့ပါ။ အကြောင်း က ကိုယ်နဲ့ ဓာတ်မတည့်တာမျိုး ပါနေခဲ့ရင် အသားအရေကို ထိခိုက်စေနိုင်တာကြောင့်ပါ။
    • ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေမျိုးဖြစ်မယ်ဆိုရင် ချွေးပေါက်ပိတ်ဆို့မှု ကင်းစေဖို့အတွက် water-based နေလောင်ကာခရင်မ်ကို အသုံးပြုပေးပါ။
    • အဆီပြန်တတ်တဲ့သူတွေအနေနဲ့လည်း အဆီပြန်တာကို ပိုဆိုးမသွားစေဖို့ အဆီပါတာထက် water-based နေလောင်ကာခရင်မ်ကို အသုံးပြုတာက အဆင်အပြေဆုံးဖြစ်မှာပါ။
    • ဈေးနှုန်းကို မကြည့်ပါနဲ့။ အဆင်အပြေဆုံးဖြစ်မယ့် နေလောင်ကာခရင်မ်ကိုပဲ ရွေးပါ။ ဈေးကြီးတိုင်း နေလောင်ကာခရင်မ်က ကောင်းမယ်လို့ မဆိုသာပါဘူး။
    • ကုန်ဆုံးရက်ကို သေချာလေးကြည့်ပါ။ နေလောင်ကာခရင်မ်မှာပါတဲ့ အချို့သော ပါဝင်ပစ္စည်းတွေက သက်တမ်းကျော်သွားတဲ့ အခါ ထိရောက်မှု အားနည်းသွားတတ်ပါတယ်။
    • နေရောင်ထဲမထွက်ခင်မှာ နေလောင်ကာခရင်မ်လိမ်းပေးပါ။ နေလောင်ကာခရင်မ်ကို အသားအရေက စုပ်ယူဖို့ အချိန်ပေးရပါတယ်။ အနည်းဆုံး ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ကြာမှ အသားအရေက နေလောင်ကာခရင်မ်ကို စုပ်ယူနိုင်တာပါ။ ဒါကြောင့်  နေရောင်ထဲမထွက်ခင် အနည်းဆုံး ၁၅ မိနစ် အလိုလောက်မှာ နေလောင်ကာခရင်မ်လိမ်းပေးပါ။
    • နေလောင်ကာခရင်မ်ကို နေ့တိုင်းလိမ်းပေးပါ။ နေရောင်ထဲထွက်မှ မဟုတ်ပါဘူး။ နေရောင်ဝင်နိုင်တဲ့ နေရာမှာ နေရင်လည်း လိမ်းဖို့လိုပါတယ်။
    • နေလောင်ကာခရင်မ်ကို တစ်ကြိမ်တည်း လိမ်းရုံနဲ့ တစ်နေ့တာအတွက် မလုံလောက်ပါဘူး။ နေလောင်ကာခရင်မ် လိမ်းပြီး မိနစ် ၉၀ ကြာတိုင်း ထပ်လိမ်းပေးပါ။ ဒါက အသားအရေကို နေလောင်ဒဏ်ကနေ အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

    နေရောင်ဒဏ်ကနေ ကာကွယ်ဖို့ အသင့်တော်ဆုံး နေလောင်ကာခရင်မ်ကို ရွေးချယ်လို့ အသားအရေကို ဒီနေ့ပဲ စောင့်ရှောက်လိုက်ရအောင်လား……….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement