သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အာဟာရဓာတ်လိုအပ်ချက်တွေ၊ ကယ်လိုရီလောင်ကျွမ်းတာတွေ ပြောင်းလဲလာပါတယ်။ သက်ကြီးအာဟာရနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ဒီမှာလေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သက်ကြီးရွယ်အို အာဟာရ

အသက်အရွယ်​ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ စားပေးသင့်တာလေးများ

အသက်အရွယ်ရလာချိန်မှာ ကြွက်သားတွေကလည်း ပြောင်းလဲလာပါတယ်။ အသက်အရွယ်ရလာချိန်မှာ တစ်နှစ်ကို ကြွက်သားထုထည်က ½ to 1% လောက် ဆုံးရှုံးနေကြပါတယ်။  ဒီလို ဆုံးရှုံးမှုက အသက် ၃၀ မတိုင်ခင်မှာ စတင်ဖြစ်ပွားနေတာပါ။ အသက် ၃၀ နောက်ပိုင်း ရောက်လာချိန်မှာ ၁၀နှစ်ကို ကြွက်သားဆုံးရှုံးမှု က 3% ကနေ 8% အထိ ရှိလာမှာပါ။ လေ့လာမှု တစ်ရပ်အရ အသက် ၃၀ အရွယ် လူတစ်ဦးဟာ ထိခိုက်မှုကြောင့်ဖြစ်ဖြစ် ကျန်းမာရေး အခြေအနေကြောင့်ဖြစ်ဖြစ် တစ်လလောက် အိပ်ရာထဲမှာ မလှုပ်မရှားဘဲ နေမယ်ဆိုရင် ကြွက်သားပမာဏ ၁ ပေါင်လောက် ဆုံးရှုံးရတာကို တွေ့ရပါတယ်။ ကြွက်သားတွေ ဆုံးရှုံးလာတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ သန်စွမ်းမှု ကျဆင်းလာတာပါ။ အဆီုထည်လည်း တိုးပွားလာတာပါ။ ဒီအခြေနေက ချော်ကျတာ၊ ဟန်ချက်ပျက်ပြီး […]

သက်ကြီးရွယ်အို အာဟာရ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ

လူခန္ဓာကိုယ်မှာ အရိုးနဲ့ အဆစ်အမြစ်တွေ ကျန်းမာဖို့က သိပ်ကို အရေးကြီးပါတယ်။ အရိုးဆိုတာက ခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့ ဒေါက်တိုင်မဟုတ်လား။ အရိုးတွေ အဆစ်အမြစ်တွေ တစ်ခုခုဖြစ်တာနဲ့ လူက ဘုံးဘုံးလဲတော့တာပဲလေ။ အရိုးဆိုတာက အသွင်သဏ္ဍာန်အားဖြင့် မာကျောလှတယ်ထင်ရပေမယ့် အသက်အရွယ်ရလာချိန်မှာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ ယိုယွင်းလာတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာကတည်းက အရိုးကျန်းမာအောင် မစောင့်ရှောက်ထားရင် အသက်ကြီးလာတဲ့အခါ အခက်ကြုံပါလိမ့်မယ်။ ဒီတော့ အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ က ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ အဆစ်အမြစ်တွေကတော့ အရိုးထက်တောင် ပိုစောစောစီးစီးယိုယွင်းတတ်တာပါ။ ဒီတော့ အရေးပါလှတဲ့ ဒီအရာတွေကို ကာလရှည်ကြာ ကျန်းမာနေစေဖို့ ခုချိန်ကတည်းက စောင့်ရှောက်ရပါမယ်။ အလွယ်ဆုံးနည်းကတော့ အဆစ်အမြစ် ကျန်းမာစေမယ့် အစားအစာတွေကို သတ်သတ်မှတ်မှတ်မှီဝဲပေးတာပါပဲ။ အဆစ်အမြစ်ကို ကျန်းမာစေမယ့် အစားအစာတွေဆိုတာ ဘယ်လိုအရာတွေလဲဆိုရင်တော့ ၁။ ချယ်ရီသီး ချယ်ရီသီးက […]

သက်ကြီးရွယ်အို အာဟာရ

ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့

အသက်အရွယ် ရလာတဲ့ အခါ အစာစားချင်စိတ် နည်းလာပါတယ်။ ဒီလို အနေအထားမှာ ကိုယ်အလေးချိန် ကျသွားတာ။ အင်အား နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန် နည်းတာနဲ့အတူ ရေရှည်မှာ ကြွက်သားဆုံးရှုံးတာက ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးအောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါမှ ရောဂါဘယတွေ အန္တရာယ်ကနေ ကင်းဝေးမှာ ဖြစ်သလို အသက်အရွယ်ကြောင့် ဖြစ်တဲ့ ကြွက်သားဆုံးရှုံးတာ၊ အရိုး ကျိုးလွယ်တာမျိုးတွေကို ကာကွယ်နိုင်မှာပါ။ ဒီတော့ အသက်အရွယ်ရလာတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ဒါလေးတွေ ကျွေးပေးစေချင်ပါတယ်။ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ အသက်အရွယ်ရလာချိန်မှာ ကြွက်သားဆုံးရှုံးမှု မဖြစ်စေဖို့အတွက် ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ကို ကျန်းကျန်းမာမာနဲ့ […]

သက်ကြီးရွယ်အို အာဟာရ

မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့

ရောဂါတွေ အမျိုးမျိုး ဖြစ်ပွားနေချိန်မှာ ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ဖို့က အရေးအကြီးဆုံးပါ။ ဒီတော့ ကိုယ်ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာစေဖို့ နဲ့ ကိုယ်ခံအား ပြည့်ဝစေဖို့ ဘာတွေများ ပြင်ဆင်ပေးရမလဲလို့ ခေါင်းခြောက်နေပြီလား။ ဒါဆိုရင်တော့ ချစ်ခင်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာစေဖို့နဲ့ ကိုယ်ခံအား ပြည့်ဝစေဖို့ ဘာတွေပြင်ဆင်ပေးရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား........... မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအား ကောင်းစေဖို့ ဘာတွေ ပြင်ဆင်ပေးမလဲ.............. ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအား ကောင်းစေဖို့အတွက် နေ့စဉ် ပြင်ဆင်ပေးရတဲ့ အစားအသောက်တွေထဲမှာ ဒါလေးတွေ ပါအောင် ပြင်ဆင်ပေးပါ။ ဟင်းနုနွယ် ဟင်းနုနွယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ beta carotene၊ ဗီတာမင် A၊ ဗီတာမင် C၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ […]

သက်ကြီးရွယ်အို အာဟာရ

အသက် ၄၅နှစ် ကျော်တွေ စားသင့်တဲ့ အစားအသောက် (၁၀)မျိုး

ဘဝဆိုတာ အသက်၄၀မှ စတာပါ။ ဒါကြောင့် ငါတော့ဖြင့် အသက် ၄၀ကျော်နေပြီဆိုပြီး စိတ်မကောင်း မဖြစ်ပါနဲ့တော့။ အသက်၄၀ကျော်လည်း လူတိုင်းမှာ ကျန်းမာလှပဖို့ အခွင့်အရေးတွေ ရှိပါတယ်။ စနစ်တကျ နေထိုင်စားသောက်မယ်ဆိုရင်ပေါ့။ သူများနိုင်ငံတွေမှာတော့ ၄၀ကျော်သည့်တိုင် လူငယ်တွေလိုမျိူး တန်းတူလှုပ်ရှား သွားလာနေပြီး သွက်သွက်လက်လက် အလုပ်လုပ်နေကြသူတွေကိုလည်း တွေ့ဖူးပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။ သတင်းဆိုးကတော့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းချင်းယိုယွင်းပျက်စီးလာတတ်တဲ့အမျိုးဖြစ်ပါတယ်။  စိတ်ကနုပျိုဖျတ်လတ်နေဆဲဆိုပေမယ့် ခန္ဓာကိုယ်ကတော့ ငယ်ငယ်တုန်းကနဲ့မတူတော့ဘူးဆိုတာကို  သတိထားမိပါလိမ့်မယ်။ ဒီအချိန်မှာ ကိုယ့်ခန္ဓာကိုယ်ကို သေချာဂရုစိုက်ဖို့က အများကြီးလိုလာပါပြီ။ ၄၅ နှစ်ကျော်ချင်းအတူတူ တချို့တွေလူငယ်ရှုံးအောင် တက်ကြွဖျတ်လတ်ပြီး ငယ်ရွယ်တဲ့ပုံစံပေါက်ပေမယ့် တချို့ကျလည်း အသက်ကြီးကြီးအဖိုးကြီးတွေလိုဖြစ်နေတယ်ဆိုတာက ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ဂရုစိုက်လဲဆိုတာပေါ်မှာမူတည်ပါတယ်။ ဂရုစိုက်သင့်တဲ့ အကြောင်းအရာတွေထဲကတစ်ခုကတော့ အာဟာရပါ။ အသက်၄၅နှစ်ကျော်လာရင် အရင်လို အသင့်စား အစားအသောက်တွေကိုမစားဘဲ ကိုယ့်ကိုယ်ကို အာဟာရပြည့်ဝပြီး ကျန်းမာဖို့ […]

သက်ကြီးရွယ်အို အာဟာရ

ဘိုးဘိုးဘွားဘွားတွေအတွက် ခုခံအားကို ဘယ်လို မြှင့်တင်မလဲ။

ငယ်ငယ်တည်းက ကိုယ့်ကို ထိန်းကျောင်းလာခဲ့တဲ့ ဘိုးဘိုးဘွားဘွားတွေဟာ ခုဆို အားအင်လျော့နည်းလာပါပြီ။ ကိုယ်တွေက တစ်လှည့် ပြန်စောင့်ရှောက်ပေးရမယ့်အလှည့် ရောက်လာပါပြီ။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ဘိုးဘိုးဘွားဘွားတွေ ရောဂါတွေဖြစ်၊ အိပ်ရာထဲမှာ လဲမနေဘဲ ကျန်းကျန်းမာမာနဲ့ ကိုယ့်နားမှာ ရှိနေနိုင်တာလည်း ပျော်စရာ တစ်ခုပါပဲ။ ခုတလောမှာတော့ ရောဂါပိုး အသစ်အဆန်းတွေ ဖြစ်နေတာကြောင့် ဘိုးဘိုးဘွားဘွားတွေအတွက် စိုးရိမ်နေရမှာပါ။ ဒီရောဂါပိုးတွေကနေ ဘိုးဘိုးဘွားဘွားကို ဘယ်လို စောင့်ရှောက်မလဲ။ ဘယ်လို ခုခံအားတွေ တက်အောင် လုပ်မလဲဆိုတာ ပြောပြပေးပါမယ်။ ဘိုးဘိုးဘွားဘွားတွေ ဘာကြောင့် ခုခံအား ကျလာရတာလဲ။ အသက်ကြီးလာတာနဲ့အမျှ  ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတော်တော်များများက အလုပ်လုပ်နိုင်စွမ်း လျှော့နည်းလာပါတယ်။ ခုခံအားစနစ်အပါအဝင်ပေါ့။ ခန္ဓာကိုယ်ထဲကို ရောဂါပိုး တစ်ခုခုဝင်လာပြီဆိုရင် ခုခံအားက အရင်ကလို တက်တက်ကြွကြွ လိုက်မတိုက်နိုင်တော့ပါဘူး။ ဒါကြောင့် တစ်ခုခုဆို ဖျားလွယ် နာလွယ်ပါတယ်။ […]

သက်ကြီးရွယ်အို အာဟာရ

ဇရာကြောင့် ဖြစ်လာမယ့် အဓိကကျကျ အာဟာရ ပြဿနာ (၃) မျိုး

အသက်အရွယ်လေး ရလာပြီ ဆိုရင်ဖြင့် ဟိုက ဖြစ်၊ ဒီကဖြစ်နဲ့ ကျန်းမာရေးပြဿနာ တွေ စလာတယ်ပေါ့။ ဇရာက စကားပြောလာတယ် လို့ ပြောလေ့ ရှိကြတယ်။ ဒါပေမယ့် အာဟာရ  နဲ့ ကျန်းမာရေး လိုက်စားတဲ့ လူကြီးပိုင်းတွေကျ လူငယ်တောင် ရှုံးအောင် ကြံ့ခိုင်လိုက်တာမှ၊ သိပ်အားကျဖို့ ကောင်းလှပါတယ်။ သဘာဝတရား အရ တော့ အသက်ကြီးလာရင် ခန္ဓာကိုယ်ရဲ့ စနစ်တွေ ပျက်ယွင်းလာမယ်၊ အားနည်းလာမယ်၊ အာဟာရ စုပ်ယူနိုင်စွမ်း နည်းလာမယ်။ ခန္ဓာကိုယ်က အိုဟောင်းလာပြီကိုး။ ဒါပေမယ့် ရှိသင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုရယ်၊ ကောင်းမွန်တဲ့ အာဟာရစနစ် ရယ် ပိုင်ဆိုင်ထားရင် ကျန်းမာအသက်ရှည်မှာ သေချာပါတယ်။ ဒီလို အာဟာရ နဲ့ ပတ်သက်ပြီး ဟန်ချက် ညီညီ ထိန်းနိုင်ဖို့က ဒီ (၃) ချက်အပေါ်မှာ […]

သက်ကြီးရွယ်အို အာဟာရ

အဖိုးအဖွား ခံတွင်းပျက် နေသလား

အဖိုးအဖွား တွေမှာ အဖြစ်များတဲ့ ပြဿနာက အရင်လိုမစားနိုင်တော့တာ၊ အစားနည်းလာတာ၊ ခံတွင်းပျက်လာတာပါပဲ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အားနည်းလာမယ်၊ အာဟာရတွေ ပိုပြီးလိုအပ်လာမယ်လေ။ ဒီအချိန်မှာ အစာအာဟာရ အလုံအလောက်မရတဲ့အခါ ပိုပြီး အားနည်းလာနိုင်လို့ ရောဂါဝင်လွယ်ပါတယ်။ ဒါ့ကြောင့် လူကြီးမိဘတွေရဲ့ ကျန်းမာရေးအတွက် ခံတွင်းပျက်ခြင်းပြဿနာကို ဖြေရှင်းဖို့ အရေးကြီးပါတယ်နော်။ အဖိုးအဖွား တွေ ဘာလို့ ခံတွင်းပျက်ကြတာလဲ အပေါ်မှာပြောခဲ့သလိုပဲ အစာစားချင်စိတ် နည်းလာတာဟာ ဇရာရဲ့သဘာဝတရားကြောင့်ပါ။ ဒါပေမယ့် လူကြီးတွေကို ခံတွင်းပျက်စေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိပါတယ် – ရောဂါအခံတချို့ သောက်သုံးနေရတဲ့ဆေးဝါးတချို့ရဲ့ဆိုးကျိုးသက်ရောက်မှု စိတ်ကျရောဂါနဲ့ အထီးကျန်ခြင်းလို စိတ်ခံစားချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ သွားမကောင်းလို့ အရင်လိုမစားနိုင်တော့တာလည်း ပါဝင်ပါတယ်။ အစာစားချင်စိတ် တိုးလာအောင် ဘာတွေလုပ်ပေးရမလဲ (၁) အစားစားချိန်မှာ တစ်ယောက်တည်းမစားခိုင်းပါနဲ့ တစ်ယောက်တည်းအစားစားတာက ဘယ်အသက်အရွယ်အတွက်မဆို စားချင်စိတ်လျော့နည်းစေနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ အရင်လို မလွယ်ကူတော့တဲ့ အသက်ကြီးသူတွေအတွက်ဆို […]

သက်ကြီးရွယ်အို အာဟာရ

အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ

အသက်အရွယ်ရလာရင် ကျန်းမာရေးကလည်း အားနည်းလာတတ်ပါတယ်။ ဒါကလူတိုင်းကြုံတွေ့ရမယ့် အနေအထားတစ်ရပ်ဆိုပေမယ့် အသက် ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတာက အသက်ကြီးတဲ့အထိ ကျန်းမာနေစေမှာပါ။ ဒီတော့ ကျန်းမာပျော်ရွှင်စွာ အသက် ကြီးစေဖို့ ဘာတွေစားရမလဲ... အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ ကို ဒီဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကျန်းမာပျော်ရွှင်စွာ အသက် ကြီးစေဖို့ ဘာတွေစားကြမလဲ......... ကျန်းမာပျော်ရွှင်စွာ အသက်ကြီးချင်ရင်တော့ အသက်အရွယ်ရလာတဲ့အခါ နေ့စဉ်စားသုံးတဲ့အထဲမှာ ဒါလေးတွေပါအောင်စားသုံးပေးပါ။ အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ က ဘာတွေများလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ထောပတ်သီး  ထောပတ်သီးက စားရတာအရသာရှိသလို ဗီတာမင် နဲ့ သတ္တုဓာတ် ၂၀ နီးပါး ပါဝင်နေတဲ့ အသီးတစ်မျိုးပါ။ ထောပတ်သီးမှာ အသက်အရွယ်ရလာသူတွေအတွက်  လိုအပ်တဲ့ ပိုတက်ဆီယမ်၊ ကော့ပါး၊ ဗီတာမင် B၊ […]

သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာတဲ့အခါ ပိုစားသင့်တဲ့ အကောင်းဆုံးအာဟာရ(၁၀)မျိုး

လူ့ခန္ဓါကိုယ်က အသက်တွေကြီးလာရင် အရင်အတိုင်းပဲ ရှိနေမယ်၊ လုပ်ဆောင်ချက်တွေလည်း တူမယ်ထင်နေပါသလား။ စားလိုက်တဲ့ အစားအသောက်တွေကနေ အာဟာရတွေကိုစုပ်ယူနိုင်စွမ်းလည်းပြောင်းလဲလာမယ်၊ ကိုယ်တွင်းလုပ်ဆောင်ချက်တွေလည်းပြောင်းလဲလာမယ်။ ဒါ့ကြောင့် ရှိသင့်တဲ့အာဟာရတွေပြည့်ဝနေစေဖို့ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးစားပေးသင့်တဲ့အစားအစာတွေကို အကြံပြုပေးချင်ပါတယ်။ ကိုယ့်ရဲ့လူကြီးမိဘတွေကိုလည်း ဂရုတစိုက်စီစဉ်ကျွေးမွေးလို့ရတာပေါ့။ (၁) အမျှင်ဓါတ် အသီးအနှံတွေ၊ အုတ်ဂျုံ၊ အစေ့အဆန်တွေနဲ့ ပဲနီလေး တို့လို အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေက အသက်ကြီးလာတဲ့အခါ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ အမျှင်ဓါတ်က သွေးတွင်းကိုလက်စထရောပမာဏကိုလည်းလျော့နည်းစေတယ်၊သွေးတွင်းသကြားကို ထိန်းညှိပေးတယ်၊ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တယ်။ အသက် ၅၀ အထက်အရွယ်ဆိုရင် တစ်နေ့ကို အမျှင်ဓါတ်ပမာဏ ၃၀ ဂရမ်စားသုံးဖို့လိုအပ်ပါတယ်။ (၂) ဂျုံကြမ်း ဂျုံကြမ်းတွေဟာ အသက်ကြီးလာချိန်မှာ ပိုပြီးလိုအပ်တဲ့အမျှင်ဓါတ်နဲ့ ဗီတာမင် ဘီတွေ ကြွယ်ဝတဲ့အရင်းအမြစ်ဖြစ်ပြီး B6 ၊B12 နဲ့ဖောလိတ်ဓါတ်တွေက ဦးနှောက်ကျန်းမာရေးအတွက် အဓိကအရေးပါတာဖြစ်ပါတယ်။ ဂျုံကြမ်းကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်တွေလျော့နည်းစေနိုင်တယ်။ (၃) အခွံမာသီးနဲ့ […]

သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့

ဘာလိုလိုနဲ့ သီတင်းကျွတ်ရောက်ဖို့တောင် သိပ်မလိုတော့ဘူးနော်။ အရင်နှစ်တွေတုန်းကလို မုန့်တွေ၊ သစ်သီးတွေနဲ့ လူကြီးကို ကန်တော့တာထက် ဒီနှစ်မှာ သူတို့တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အားဆေးေတွ ဝယ်ကန်တော့လိုက်ရင် ပိုမကောင်းဘူးလား။ အထူးသဖြင့် လူကြီးမိဘတွေဆိုတာ အသက်ကြီးသထက် ကြီးလာပြီဆိုတော့ မဖြစ်သင့်တဲ့ ရောဂါတွေ ကာကွယ်ပေးဖို့၊ ကျန်းမာအသက်ရှည်ဖို့ ဖြည့်စွက်စာတွေပါ လိုအပ်လာပြီနော်။ ဘာလို့ အားဆေးသောက်ဖို့ လိုအပ်တာလဲ။ အားရှိအောင်၊ ကျန်းမာအောင် ဆိုတာထက် ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အစားအစာကနေ အာဟာရဓါတ်ေတွ အလုံအလောက်မရနိုင်တာကြောင့်ပါ။ လူကြီးမိဘတွေဆိုတာ အသက်ကြီးလာလေ သွားကမကောင်းတော့တာ၊ အရင်ကလောက် အစာမစားနိုင်တော့တာ၊ အသားတွေဆိုရင်လည်း ဝါးရလွန်းတော့ မစားချင်တော့တာ၊ အရည်တွေပဲ အသောက်များလာတာတွေ တွေ့ဖူးမှာပါ။ ဗိုက်တော့ဝသွားပေမယ့် ကိုယ်ခန္ဓါက အာဟာရဓါတ်တွေ လစ်ဟာသွားတဲ့အခါ ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် ခုခေတ်မှာက သဘာဝမြေသြဇာတွေထက် ဓါတ်မြေသြဇာတွေနဲ့ စိုက်ပျိုးတာတွေ […]

advertisement
advertisement