ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား
ရေနွေးကြမ်းက ဘေဘီလေးတွေနဲ့ မသက်ဆိုင်တဲ့ သောက်စရာ တစ်ရပ်ဆိုပေမယ့် ဖိုးဖိုးဖွားဖွားတွေနဲ့ ကြီးပြင်းတဲ့ ဘေဘီလေးတွေမှာတော့ ရေနွေးကြမ်းသောက်တာက သိပ်ပြီး မစိမ်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ရေနွေးကြမ်းထဲမှာမှ ချာမိုမိုင်း ရေနွေးကြမ်းလိုမျိုး ဆေးဖက်ဝင်တဲ့ ရေနွေးကြမ်းတွေက ဘေဘီလေးကို ကျန်းမာစေမလားဆိုပြီး မေမေတွေကိုယ်တိုင် တိုက်မိနိုင်တာမျိုးပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး နဲ့ ရေနွေးကြမ်းက တည့်လား ..... ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ...... ဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ..... ဆိုတော့ ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီဆိုရင်တော့ တိုက်လို့ရပါတယ်။ ဒါကလည်း အများကြီးတော့ တိုက်လို့ မရပါဘူး။ အနည်းအကျဉ်းပဲ တိုက်လို့ ရမှာပါ။ မတိုက်ရင်တော့ အကောင်းဆုံးပါပဲ။ ကလေးက အသက် […]