အပူကြောင့် ကြွက်တက်သူတွေအနေနဲ့
- အရိပ်ရတဲ့နေရာမှာ နေထိုင်ပါ
- ကြွက်တက်နေတဲ့ နေရာကို အနည်းငယ်နှိပ်နယ်ပေးခြင်း ၊ ကြွက်သားဖြေလျှော့ခြင်းတွေ လုပ်ပါ
- sport drink သို့မဟုတ် ရေအေးအေးကို ၁၅မိနစ် တစ်ကြိမ်ခန့်သောက်ပါ
- စိတ်အေးအေးထားပါ။ ကြွက်တက်တဲ့နေရာကို အတင်းကျအောင် အားနဲ့ ဖိနှိပ်ညှစ်တာမျိုး မလုပ်ပါနဲ့။
အပူဒဏ်ကြောင့် ပင်ပန်းနေတဲ့လူနာတွေကို
- အရိပ်ရပြီး အေးတဲ့နေရာမှာ နေထိုင်စေခြင်း
- အဝတ်အစား ချောင်ချိအောင် ပြုလုပ်ခြင်း
- မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
- ကိုယ်အေးအောင် ယပ်တောင်ခပ်ပေးခြင်း
- ရေအေးအေးကို ၁၅မိနစ် တခါသောက်ပေးစေခြင်းတွေကို ပြုလုပ်သင့်ပါတယ် ။
အပူကြောင့် သတိလစ်ခြင်းကတော့ အသက်အန္တရာယ်ရှိတဲ့အတွက် ဆေးရုံကို အမြန်ပြေးရပါမယ် ။ လမ်းမှာ
- လူနာကို အဝတ်အစား ချောင်ချိတာ ဝတ်စေခြင်း
- ချွေးထွက်နေတဲ့ အဝတ်စိုမှန်သမျှ ဖယ်ခြင်း
- မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
- ချိုင်းကြား ပေါင်ကြားများ ရေဝတ်ကပ်ပေးခြင်း
- ယပ်တောင် ခပ်ခြင်း
- လူနာသတိရနေရင် ရေအေးအေး တိုက်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ် ။
အပူကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက်
- အနားယူပါ
- အဝတ်အစား အရောင်ဖျော့ဖျော့ ချောင်ချောင်ချိချိ အဝတ်တွေ ဝတ်ပါ
- နေပူထဲထွက်တာကို ရှောင်ပါ။
- ရေများများသောက်ပြီး
- အရက်ကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ
ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။