ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ

    ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ အကြောင်း ဗဟုသုတ ရရှိစေဖို့ မျှဝေပေးလိုက် ရပါတယ်။

    ရေဓာတ် ကို ဘာကြောင့် သင်လိုအပ်သလဲ

    လူ့ခန္ဓာကိုယ်ရဲ့ (၆၀) ရာခိုင်နှုန်းကို ရေဓာတ် နဲ့ ဖွဲ့စည်းထားပါတယ်။ ရေဟာ သင့်ခန္ဓာကိုယ် အတွက် အလွန့်အလွန်ကို အရေးကြီး ပါတယ်။ တစ်နေ့ကို ဖန်ခွက်(၈) ခွက် ကနေ (၁၀) ခွက်အထိ သင့်ခန္ဓာကိုယ်က လိုအပ်သလို သောက်သုံးပေးသင့်ပါတယ်။

    ဘာကြောင့် ဒီလောက် သောက်သင့်သလဲ။ ဒါကတော့ ရှင်းပါတယ်။ ရေဓာတ် မပြည့်ဝတဲ့အခါ မောပန်းလွယ်မယ်။ မလန်းဆန်းတော့ဘူး။ အာခြောက်လာမယ်။ အိပ်ရေးမဝတော့ဘူး စတဲ့ အဖြစ်တွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို သတ်မှတ်ထားတဲ့ ရေပမာဏ အတိုင်း သောက်ဖြစ်ဖို့ မလွယ်ပါဘူး။ အလွန် ပျင်းစရာ ကောင်းသလို အလုပ်ပို တစ်ခုလိုလည်း ဖြစ်နိုင်ပါသေးတယ်။ အောက်မှာ ပြောပြမယ့် နည်းလမ်းတွေကတော့ ဒီပြဿနာကို ဖြေရှင်းလို့ ရနိုင် တဲ့ အရာတွေပါ။

    ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ

    ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ ကတော့

    (၁) သင်ကြိုက်နှစ်သက်တဲ့ အရသာ တစ်မျိုး ထည့်လိုက်ပါ။

    ဥပမာ သခွားသီး၊ စတော်ဘယ်ရီသီး၊ ချင်း နဲ့ လီမွန်ရည် တစ်စက်နှစ်စက် စသည်ဖြင့် ထည့်လိုက်ခြင်းဟာ သင့်အတွက် သောက်ချင်စဖွယ် အရသာလေး ဖြစ်လာစေမှာပါ။ အသီးဖျော်ရည်မဟုတ်ဘဲ အသီးကို အလုံးလိုက် အရသာ အနည်းငယ် ပါအောင် ထည့်လိုက်တာကို ဆိုလိုတာပါ။

    (၂) အစပ်ထည့်ထည့်စားပါ။

    သင့်ရဲ့ အစားအစာထဲကို အစပ် အနည်းငယ် ထည့်စားတာဟာ သင့်ကို ရေ ပိုဆာစေနိုင်ပါတယ်။ ရေဆာလာတဲ့ အခါ သင် ရေများများသောက်လာစေမှာပါ။ သင်ဟာ အပူအစပ် မစားနိုင်တဲ့ သူဆိုရင်တော့ ဒီအချက်ကို ကျော်လိုက်ပါနော်။

    (၃) ပုံမှန် လုပ်ရိုးလုပ်စဉ် အဖြစ် သတ်မှတ်လိုက်ပါ။

    မနက် အိပ်ရာ နိုးနိုးချင်း၊ ညအိပ်ရာ မဝင်ခင်၊ အစား မစားခင်၊ အစား စားပြီး၊ လေ့ကျင့်ခန်း မလုပ်ခင်၊ လေ့ကျင့်ခန်း လုပ်ပြီးချိန် စသဖြင့် သင်တစ်ခုခု မလုပ်ခင်နဲ့ လုပ်အပြီးမှာ ရေ တစ်ဖန်ခွက် ပုံမှန် သောက်တာမျိုးကို အကျင့် လုပ်လိုက်ပါ။

    (၄) ရေဘူး ကြီးကြီး သုံးပါ။

    ရေဘူး ကြီးကြီးထဲက ရေ အများကြီးကို သင် မြင်နေရတာဟာ သင့်ကို ရေသောက်ချင်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

    (၅) Water application သုံးပါ။

    ရေသောက်ဖို့ Reminder သတိပေးချက် သဘောမျိုး ဖုန်းထဲမှာ Alarm ပေးထားလိုက်ပါ။ သင် အလုပ်ရှုပ်နေတဲ့ အခါမျိုးမှာ ရေကိုမသောက်မိဘဲ နေပါလိမ့်မယ်။ Alarm ထမြည်လာတဲ့အခါ ရေသောက်မိမှာပါ။

    (၇) ရေဓာတ်ပြည့်ဝတဲ့ အသီးတွေကို စားပေးပါ။

    သခွားသီး၊ ခရမ်းချဉ်သီး နဲ့ ဖရဲသီးတွေမှာ ရေဓာတ် ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒီလို အရသာလည်း ရှိတဲ့ အသီးအနှံတွေကို စားပေးမယ် ဆိုရင် သင့် ခန္ဓာကိုယ်အတွက် ရေဓာတ် အလိုလို ဖြည့်ပြီးသား ဖြစ်သွားမှာပါ။

    (၈) ရေဆာရင် ရေပဲသောက်ပါ။

    ရေဆာလာတဲ့အခါ အချိုရည်တွေ မသောက်လိုက်ပါနဲ့။ ရေတစ်ခုတည်းကိုပဲ ဦးတည်ပြီးသောက်လိုက်ပါ။ ရေဆာပြေသွားနိုင်တဲ့အပြင် သင့်အတွက်လည်း အလွန် အကျိုးရှိပါတယ်။

    ရေးသားသူ – ဒေါက်တာမှူး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement