backup og meta

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ လေးတွေအကြောင်း ဆွေးနွေးရအောင်လား! သောက်စရာ တစ်ခုခုကို ရွေးချယ်တဲ့အခါ သာမန် ကျန်းမာနေသူ တစ်ယောက်အတွက်က ဘာမဆို အဆင်ပြေတယ်ဆိုပေမယ့် ဆီးချိုရှိသူတွေ အတွက်ကတော့ ထည့်သွံင်းစဉ်းစားရမယ့် အချက်တွေ များသလို အထပ်ထပ်လည်း စဉ်းစားရပါတယ်။

တစ်ခုခု သောက်တော့မယ်ဆိုရင် ပထမဆုံး စဉ်းစားမိတာက အချိုများမလား၊ တည့်ပါ့မလား၊ ဘယ်လောက်လောက် သောက်လို့ရမလဲ။ သွေးတွင်းသကြားဓာတ် မြင့်တက်စေမလားဆိုတာတွေပေါ့။

ဆီးချိုရှိသူတွေ ကိုရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ 

ဆီးချိုရှိသူတွေကို ကျန်းမာရေး  ညီညွတ်စွာနဲ့ ရေဓာတ် ဖြည့်ပေးနိုင်မယ့် သောက်စရာတွေကတော့

(၁) သောက်ရေ

ရေသန့်သန့်လေးက ဆီးချိုရှိသူတွေ ရဲ့ ရေဓာတ်လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်စွမ်းပေးမယ့် သောက်စရာလေးပါ။ ရေက ကာဗိုဟိုက်ဒရိတ်ရော၊ ကယ်လ်လိုရီ ပါဝင်မှုရော သုညပါ။ ဒါကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှာကို စိတ်ပူစရာ မလိုဘဲ စိတ်ရှိတိုင်း သောက်သုံးပေးလို့ ရပါတယ်။

(၂) အဆီထုတ်နို့

အဆီထုတ်နို့က ကာဗိုဟိုက်ဒရိတ် ပါဝင်နေပေမယ့် ဆီးချိုရှိသူတွေ အနေနဲ့ ရေဓာတ်ဖြည့်ဖို့ တစ်နေ့တာကို ဖန်ခွက် တစ်ခွက်စာလောက် သောက်သုံးပေးလို့ ရပါတယ်။

အဆီထုတ်နို့က ရေဓာတ်ဖြည့်ပေးသလို အရိုးပါးတာ၊ အရိုးပွတာတွေကို ကာကွယ်ပေးဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်တွေလည်း ပါဝင်နေပါတယ်။

(၃) ရေနွေးကြမ်း

လက်ဖက်ခြောက် အများကြီး ခပ်မထားတဲ့ ရေနွေးကြမ်းကလည်း ဆီးချိုရှိသူတွေကို ရေဓာတ်ပြည့်စေပြီး အင်ဆူလင် တုံ့ပြန်မှုတွေကို ပိုကောင်းစေပါတယ်။ သွးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ တစ်နေ့ကို အကြမ်းပန်းကန်လုံးနဲ့ ၅ ခွက်ကနေ ၈ ခွက်လောက်အထိ သောက်သုံးပေးလို့ ရပါတယ်။

(၄) ကော်ဖီ

ကော်ဖီဆိုတဲ့နေရာမှာ အသင့်ဖျော် ကော်ဖီတွေ မဟုတ်ပါဘူး။ ကော်ဖီမှုန့် စစ်စစ်ကို နှပ်ထားတဲ့ ကော်ဖီပါ။ ကော်ဖီ စစ်စစ်ကို နှပ်ထားတဲ့ ကော်ဖီကို အချိုလျှော့ပြီး တစ်နေ့ကို ၁ ခွက် သောက်ပေးလို့ ရပါတယ်။

ကော်ဖီသောက်ပေးတာက အင်ဆူလင် တုံ့ပြန်မှု ကောင်းစေသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ မှတ်ဉာဏ်ကိုလည်း ကောင်းစေပါတယ်။

(၅) ခရမ်းချဉ်သီး ဖျော်ရည်

သဘာဝ ခရမ်းချဉ်သီး စစ်စစ်ကို ကြိတ်ထားတဲ့ ဖျော်ရည်ကလည်း ဆီးချိုရှိသူတွေ သောက်သုံးပေးလို့ ရတဲ့ ဖျော်ရည် တစ်မျိုးပါ။ ဆားတွေ၊ သကြားတွေ ဖြည့်စွက်မထားတဲ့ခရမ်းချဉ်သီး ဖျော်ရည်က သွေးပေါင်ချိန်ကို ကျစေသလို ဆီးချိုကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ်တဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။

(၆) မုန်လာဥနီ ဖျော်ရည်

မုန်လာဥနီက ဗီတာမင် A၊ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အချို၊ အငန် ဖြည့်စွက်မထားဘဲ သဘာဝအတိုင်း ကြိတ်ထားတဲ့ မုန်လာဥနီ ဖျော်ရည်က ရေဓာတ်ပြည့်ဝစေသလို သွေးတွင်းသကြားဓာတ်ကိုလည်း အထိရောက်ဆုံး ထိန်းညှိပေးနိုင်မှာပါ။

ဆီးချိုရှိသူတွေအတွက် ရေဓာတ်ပြည့်ဝဖို့က အရေးကြီးသလို ရေဓာတ်ဖြည့်စွက်မယ့် အရာတွေကလည်း ကျန်းမာရေးနဲ့ သင့်တော်ဖို့လည်း လိုပါမယ်။ ဒါကြောင့် ဆီးချိုရှိတယ်။ ရေဓာတ်လည်း ပြည့်စေချင်တယ်ဆိုရင် ဒီသောက်စရာလေးတွေကို သောက်သုံးပေးလို့ ရပါတယ်။

ဆီးချိုရှိသူတွေ ဘာတွေကို မသောက်သင့်ဘူးလဲ……..

ဆီးချိုရှိသူတွေအနေနဲ့ အခုပြောပြမယ့် သောက်စရာတွေကို လုံးဝ မသောက်သင့်ပါဘူး။

  • အချိုရည်တွေ
  • အချိုဓာတ်ပါတဲ့ ဆိုဒါ
  • ပြုပြင်ဖန်တီးထားတဲ့ သစ်သီး ဖျော်ရည်ဗူးတွေ
  • ကဖင်း ပါဝင်မှု များတဲ့ သောက်စရာတွေ
  • အားဖြည့်အချိုရည်တွေ
  • အချိုကဲတဲ့ သောက်စရာတွေကို လုံးဝ မသောက်သင့်ပါဘူး။ ဒီလို သောက်သုံးမှုက ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်သလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

နောက်တစ်ခုက အသီးတွေကို ဖျော်ထားတာပါ။ Smoothiesလိုမျိုး ဖျော်ထားတာက အသီးအစစ်တွေဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကို မြန်မြန်တက်စေနိုင်ပါတယ်။ အမျှင်ဓာတ်တွေလည်း ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် အသီးအစစ်တွေကို ဖျော်သောက်တယ်ဆိုပေမယ့် ခဏခဏမသောက်ဖို့တော့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Drinks and Diabetes – What Can I Drink? https://www.everydayhealth.com/type-2-diabetes/best-and-worst-drinks-for-type-2-diabetes/ Accessed Date 25 February 2021

10 Beverage Dos and Don’ts for Diabetes https://www.everydayhealth.com/type-2-diabetes/best-and-worst-drinks-for-type-2-diabetes/ Accessed Date 25 February 2021

ယခုပုံစံ

20/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့

ဆီးချိုဆေး အမျိုးအစားများ နဲ့ အလုပ်လုပ်ပုံများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement