တဖြည်းဖြည်း အပူရှိန်မြင့်မားလာတဲ့ နွေရာသီရောက်လာတဲ့အခါ အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာရပါတယ်။ အဲဒီအထဲမှာမှ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အပူ ဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို အထူးသတိပြုကာကွယ်ဖို့ လိုအပ်လာပါတယ်။
ထွက်မှာ သေချာပြီလား။
တဖြည်းဖြည်း အပူရှိန်မြင့်မားလာတဲ့ နွေရာသီရောက်လာတဲ့အခါ အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာရပါတယ်။ အဲဒီအထဲမှာမှ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အပူ ဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို အထူးသတိပြုကာကွယ်ဖို့ လိုအပ်လာပါတယ်။
အပူဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်သလို စောစောသိပြီး ကုသမယ်ဆိုရင်လည်း အမြန်ပြန်ကောင်းနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ အဓိက အနေနဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို စောစောသိနိုင်အောင် သတိထားရမယ့် လက္ခဏာတွေ၊ ဘယ်လိုတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်လေးတွေနဲ့ မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။
အပူဒဏ်ကြောင့် သတိလစ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုများသွားပြီး ခန္ဓာကိုယ်ကမထိန်းညှိနိုင်တော့ဘဲ တက်ခြင်း၊ သတိလစ်ခြင်း စတဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်လာနိုင်တဲ့ အပြင် အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
အဲဒီ အချက်တွေကို သေသေချာချာလိုက်နာမယ် ဆိုရင်တော့ အပူဒဏ်ကြောင့် သတိလစ်ခြင်းအဆင့်ထိ မရောက်ဘဲ အမြန်သက်သာလာနိုင်ပါတယ်။
အထက်ပါ လက္ခဏာတွေအပြင် ပျို့အန်ခြင်း၊ ကိုယ်အပူချိန် အရမ်းတက်လာခြင်း၊ အသားအရောင် ဖြူဖျော့လာခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ အသက်ရှူမြန်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ အမြန်ဆုံး ဆေးရုံကိုမသွားခဲ့ရင် အပူဒဏ်ကြောင့် သတိလစ်မေ့မျောခြင်းတွေ ဆက်ဖြစ်လာနိုင်ပါတယ်။ အပူဒဏ်ကြောင့် သတိလစ်ခြင်းဟာ အရေးပေါ်အခြေအနေ တစ်ခု ဖြစ်တဲ့ အတွက် အသက်ဆုံးရှုံးတဲ့ထိ မဖြစ်ရအောင် အနီးဆုံး အမြန်ဆုံး ဆေးရုံ၊ ဆေးခန်း သွားပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အရမ်းအရေးကြီးပါတယ်။
လူသားအားလုံး ပူပြင်းတဲ့ နွေရာသီမှာ အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြသနာတွေကို ကာကွယ်နိုင်ကြပါစေ။
ရေးသားသူ- Phoo Ngon
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။