backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

နွေရာသီရဲ့ ရာသီပန်း ငုဝါပန်း ဆေးဖက်ဝင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နွေရာသီရဲ့ ရာသီပန်း ငုဝါပန်း ဆေးဖက်ဝင်လား

အပင်မြင့်မြင့်မှာ ကိုင်းတံ ညိုညို၊ အရွက်စိမ်းစိမ်းမှာ တွဲလီတွဲလောင်း ကျရင်း ပွင့်တတ်တဲ့ အဝါရောင်ပန်းလှလှလေးတွေက အခုလို ​နွေဦးရာသီ ရောက်ပြီဆိုရင် နွေရာသီကို အလှဆင်ဖို့ ပွင့်လာတတ်ကြပြီပဲ ဖြစ်ပါတယ်။ ဒီလို နွေရာသီကို တစ်ဖက်တစ်လမ်းက အလှဆင်နေတဲ့ ငုဝါပန်း အလှဆင်ရုံသက်သက်ပဲလား ….. ဆေးဖက်ရောဝင်လားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ငုဝါပန်း ဆိုတာ

ငုဝါပန်း ဆိုတာက ငုပင်ရဲ့ ပန်းပွင့်ပါ။ အပင်က အပင်ကြီးမျိုး မဟုတ်ပေမယ့် အလယ်အလတ်လောက်တော့ ကြီးပါတယ်။ အပင်က ပေ ၆၀ လောက်အထိ မြင့်နိုင်ပြီး ပင်စည် လုံးပတ်က ၀.၅ မီတာ ရှိပါတယ်။

အဝါရောင် အပွင့်လေးတွေ ပွင့်တတ်ပြီး အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ တွေ့ရနိုင်ပါတယ်။ အရွက်၊ အပွင့်၊ အသီး၊ ပင်စည်၊ အခေါက်၊ အမြစ် အားလုံးက ဆေးဖက်ဝင်ပါတယ်။

နွေရာသီရဲ့ ရာသီပန်း ငုဝါပန်း ဆေးဖက်ဝင်လား

နွေရာသီရဲ့ ရာသီပန်း ငုဝါပန်း ဆေးဖက်ဝင်လား

အရောင်အသွေး လှသလို ပုံစံလေးက ချစ်စရာကောင်းတဲ့ ငုဝါပန်းလေးက အခုလို ဆေးဖက်ဝင်ပါတယ်။

ဝမ်းချုပ်တာ သက်သာစေတယ်

ငုဝါပန်းလေးကို ဝမ်းချုပ်တာ သက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းပျော့ပျော့ သွားစေဖို့ ထောက်ကူပေးပါတယ်။ ကလေးလေးတွေမှာ ဖြစ်တာ ဝမ်းချုပ်တာ၊ ကိုယ်ဝန်ဆောင် ဝမ်းချုပ်တာတွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ တိုင်းရင်းဆေးဆရာရဲ့ လမ်းညွှန်ချက်တော့  လိုပါတယ်။

ဘေဘီလေးတွေမှာ ဖြစ်တဲ့ ကြို့ထိုးတာ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ကျန်းမာစေတယ်

ငုဝါပန်း အရွက်ကို အရေပြား ကျန်းမာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ဖြစ်တတ်တဲ့ ပွေး၊ ညှင်း နဲ့ အရေပြားပေါ်က အနာတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ကြိတ်ခြေပြီး အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။

ချောင်းဆိုး သက်သာစေတယ်

ငုဝါပန်းရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က ချောင်းဆိုး သက်သာစေနိုင်တာပါ။ အဖျား သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အသက်ရှူ လမ်းကြောင်း ကျန်းမာစေနီုင်သလို ခန္ဓာကိုယ်တွင်းကို ကူးစက်ရောဂါတွေ မဝင်ရောက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်း အားဖြည့်ပေးပါတယ်။

နှာခေါင်းပိတ်တာကို သက်သာစေတယ်

ငုဝါပန်းကို နှာခေါင်းပိတ်တာ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အသက်ရှူလမ်းကြောင်းထဲက ချွဲတွေကို သန့်စင်ပေးသလို အရောင်ကျစေနိုင်ပါတယ်။ အအေးမိတာကြောင့် နှာခေါင်းပိတ်တာကို သက်သာစေနိုင်သလို ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

ငုဝါပန်းက နှလုံးကြွက်သားတွေကို သန်မာစေပြီး သွေးတွင်း အတီ မဖြစ်အောင် ကာကွယ်ပေးသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို သွေးကြောထဲမှာ သွေးခဲတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဆီးလမ်းကြောင်း ကျန်းမာစေတယ်

ငုဝါပန်းက ဆီးရွှင်စေနိုင်ပြီး ဆီးသွားရင် ပူသလို ခံစားရတာ၊ ဆီးကျန်နေသလို ခံစားရတာ၊ ဆီးကောင်းကောင်း သွားလို့ မရတာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကို သက်သာစေနိုင်ပါတယ်။

အဖျားကျစေနိုင်တယ်

ငုဝါပန်းက အဖျားကျစေနိုင်ပြီး ငှက်ဖျား သက်သာစေနိုင်ပါတယ်။ အအေးမိ ဖျားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ blackwater fever ကိုလည်း သက်သာစေနိုင်ပါတယ်။

အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်

ငုဝါပန်းရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာပါ။ အသားအရေကို ကြည်လင်စေသလို ချွေးနံ့ပြင်းတာကိုလည်း သက်သာစေမှာပါ။ 

ဘယ်သူတွေ မသုံးသင့်ဘူးလဲ

ငုဝါပန်းက ဆေးဖက်ဝင်တယ်။ ကျန်းမာရေး အကျိုးကျေးဇူး များတယ် ဆိုပေမယ့်လည်း

  • အစိမ်း မစားပါနဲ့။ အဆိပ်အတောက် ဖြစ်စေနိုင်လို့ပါ။
  • အများကြီး မစားပါနဲ့။ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်လို့ပါ။
  • ဘေဘီလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ စားသုံးတာမျိုး မလုပ်ပါနဲ့။
  • ရောဂါအခံရှိသူတွေ၊ စွဲသောက်နေတဲ့ ဆေးရှိသူတွေ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
  • သတိထားရမယ့်အချက်

    ငုဝါပန်းက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဆက်လက်လေ့လာမှုတွေ လုပ်ဖို့ ရှိပါသေးတယ်။ သဘာဝပစ္စည်းဆိုပေမယ့် ဓာတုဗေဒနည်းနဲ့ မသန့်စင်ထားတဲ့အခါ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နိုင်တာကြောင့် မိမိသဘောနဲ့ မိမိ မသုံးဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement