တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်း အလေ့အထက အရေပြားမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေ၊ ခန္ဓာကိုယ် အနံ့ဆိုးလိုမျိုး အခြေအနေတွေကို ကာကွယ်ရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါတင်မကပါဘူး။ အဖျားရောဂါတွေကို ကာကွယ်ပေးပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Thrift အဝတ်အစား တွေကနေ ကူးစက်နိုင်တဲ့ ရောဂါများ

ဒီနှစ်ပိုင်းတွေမှာ Thrift အဝတ်အစားတွေက တော်တော်ကြီး တွင်ကျယ်လာပါတယ်။ ကွန်တိန်နာကျတွေဆိုပြီး စျေးကွက်ထဲမှာ အများကြီး ရှိပါတယ်။ Thrift အဝတ်အစားတွေက ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးနိုင်တာ၊ စျေးသက်သာတာတွေကြောင့် ဝတ်တဲ့သူလည်း များပါတယ်။ ဒါပေမဲ့ Thrift အဝတ်အစား တွေကနေ ကူးစက်နိုင်တဲ့ ရောဂါများနဲ့ ဘယ်လိုမကူးစက်အောင် ကာကွယ်ကြမလဲဆိုတာကိုတော့ သိထားရပါမယ်။ Thrift အဝတ်အစား တွေကနေ ဘယ်လိုမျိုး ကူးစက်တာလဲ Thrift အဝတ်အစား တော်တော်များများကို ရောင်းတဲ့သူတွေက အနည်းဆုံးတစ်ခေါက်လောက် လျှော်ပြီး မီးဖိုထိုးပြီးသားတွေပါ။ တချို့ကျတော့လည်း မလျှော်ဘဲ အထုပ်ဖောက်ပြီး တန်းရောင်းကြတာတွေလည်း ရှိပါတယ်။ Thrift ကိုယ်တိုင်က ဝတ်ပြီးသား အဝတ်အစားဖြစ်သလို ဆိုင်ပေါ်ရောက်တော့လည်း လူတိုင်းက ကိုင်လိုက်၊ စွပ်လိုက်နဲ့ စမ်းဝတ်ကြည့်ကြပါတယ်။ ပြောရမယ်ဆိုရင် အင်္ကျီတစ်ထည်တည်းကို လူတွေ မျှပြီး ဝတ်နေကြတဲ့ ပုံစံနဲ့ […]

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မိုးရာသီနှင့် အောက်ခံဘောင်းဘီ များ

မိုးရာသီ ရောက်လာပြီဆိုရင် ခေါင်းကိုက်ရတဲ့ အရာတစ်ခုကတော့ အဝတ်တွေ တော်တော်နဲ့ မခြောက်တာပါ။ အထူးသဖြင့် အောက်ခံဘောင်းဘီ တွေ မခြောက်တာ၊ မခြောက်တခြောက်ဖြစ်တာက အထူးဂရုပြုရမယ့် အခက်အခဲ တစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ခံဘောင်းဘီဆိုတာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်နဲ့ အနီးကပ်ဆုံးထိတွေ့နေရတဲ့ အဝတ်အစားတွေဖြစ်ပြီး ပြင်ပလေထု၊ အပူချိန်တို့နဲ့ မထိတွေ့နိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါ့အပြင် အတွင်းခံဘောင်းဘီလေးတွေ တာဝန်ယူထုပ်ပိုးထားရတဲ့ နေရာဟာ တခြားနေရာတွေထက် နူးညံ့တဲ့ အစိတ်အပိုင်းလေးတွေဖြစ်နေလို့ ပါ။ အောက်ခံဘောင်းဘီ တွေ သေချာလျှော်ဖွတ်အခြောက်မခံဘဲ ဝတ်မိပြီဆိုရင်တော့ ယားယံတာ၊  အရေပြား မှိုရောဂါတွေဖြစ်ပွားတာနဲ့ နောက်ဆုံး လိင်မှုကိစ္စကိုပါ ထိခိုက်စေနိုင်တာမို့ ဒါဟာပေါ့သေးသေး ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့် မိုးရာသီလို စိုစွတ်ပြီး အဝတ်တွေ အခြောက်ခံဖို့ခက်ခဲတဲ့ အချိန်မျိုးမှာအသုံးတည့်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မိုးရာသီမှာ စိုထိုင်းထိုင်း အောက်ခံဘောင်းဘီ တွေကြောင့် ရောဂါမဖြစ်စေဖို့ (၁)  ပါးလွှာပြီး […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Gymဆော့ အပြီး ရေချိုးခြင်းရဲ့ ကောင်းကျိုးများနှင့် ရေချိုးဖို့အချိန်မရတဲ့အခါ လုပ်ဆောင်သင့်တဲ့ အချက်များ။

ကိုယ်ရောစိတ်ပါ ကျန်းမာ၊ ပျော်ရွှင်ဖို့ လူတိုင်းလူတိုင်း ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ဆောင်သင့်ပါတယ်။ တချို့က Gymဆော့ ပြီး ခန္ဓာကိုယ်ကို fit ဖြစ်အောင် exercises အမျိုးမျိုးလုပ်ကြတယ်။ တချို့က အိမ်မှာပဲ လေ့ကျင့်ခန်းတွေလုပ်တယ်။ တချို့က ပြေးတယ်၊ လမ်းလျှောက်တယ်၊ ကခုန်တယ်၊ ဘောလုံးကန်တယ် စသဖြင့် ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစားတွေ လုပ်ကြပါတယ်။ ဘယ်လိုနည်းနဲ့ပဲ workout လုပ်လုပ်၊ လုပ်ပြီးတဲ့အခါမှာ နာနေတဲ့ ကြွက်သားလေးတွေ ပြေလျော့ဖို့၊ ချွေးတွေထွက်ပြီး ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်ကို သန့်ရှင်းစေဖို့ ရေချိုးကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ workout လုပ်အပြီးမှာ ရေချိုးခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုတယ်ဆိုတာနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးဖို့ အချိန်မရတဲ့အခါ ဆိုးကျိုးတွေမဖြစ်အောင် ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်တွေကို ပြောပြပေးသွားပါမယ်။ လေ့ကျင့်ခန်းလုပ်အပြီး ရေချိုးခြင်းရဲ့ ကောင်းကျိုးတွေကို မပြောပြခင်မှာ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းမှာ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက်

ရှေးဟောင်းပစ္စည်းမှ ပစ္စည်းဟောင်း မဟုတ်ပါဘူး။ ဘေထုပ်၊ တစ်ပတ်နွမ်း၊ အဟောင်းနဲ့ အသုံးပြုပြီးပစ္စည်းတွေဟာလည်း အဟောင်းပါပဲ။ တဆင့်ရယူသုံးစွဲတာ၊ ဝယ်ယူသုံးစွဲတာမျိုးလည်း ရှိတယ်မဟုတ်လား။ လူအများစုက ဈေးနှုန်းသက်သာလို့၊ အလကားရလို့၊ သဘောကျလို့၊ လူကြီးတွေဆီက လက်ဆောင်ရလို့စတဲ့အကြောင်းပြချက်မျိုးစုံကြောင့် ပစ္စည်းအဟောင်းတွေကို ပြန်အသုံးချကြလေ့ရှိပါတယ်။ အကုန်အကျသက်သာပြီး သုံးရအဆင်ပြေတာကြောင့်လည်းပါတာပေါ့။ အဟောင်းတွေဟာ သုံးရအဆင်ပြေနိုင်ပေမယ့် ဒီကနေ့ခေတ်လို့ ရောဂါဘယပေါင်း သောင်းခြောက်ထောင် ပေါများနေတဲ့ခေတ်မှာ သတိထားသုံးစွဲဖို့တော့လိုအပ်ပါတယ်။ ဒါကြောင့် တချို့သော ပစ္စည်းအဟောင်းလေးတွေကို ပြန်လည်အသုံးပြုတော့မယ်ဆိုရင် သတိထားသင့်တာလေးတွေကို လမ်းညွှန်ပေးချင်ပါတယ်။ ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက် ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက် တွေကတော့ ကလေးပစ္စည်း ကလေးနဲ့သက်ဆိုင်တဲ့ ပရိဘောဂတွေ၊ တခြားအသုံးအဆောင်တွေကို ပြန်လည်အသုံးချမယ်၊ ဝယ်ယူသုံးစွဲမယ်၊ တဆင့်ခံအသုံးပြုမယ်ဆိုရင် သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ပျက်စီးမှုတွေ၊ အပြစ်အနာအဆာတွေတင် စစ်ဆေးရမှာမဟုတ်ပါဘူး။ သန့်ရှင်းမှုရှိမရှိလည်း သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ကလေး မော်တော်ကားထိုင်ခုံ မော်တော်ယာဉ်ထိုင်ခုံတွေဟာ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ

ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ။ ဝမ်းဗိုက်အောက်နား ဆီးစပ်မရောက်ခင်လေးမှာ ချက်ရှိတာကို အားလုံးလည်း သိကြမှာပါ။ ကလေးမွေးပြီးတဲ့အခါ မိခင်နဲ့ ချိတ်ဆက်ထားတဲ့ ချက်ကြိုးကို ဖြတ်ထုတ်ပစ်လိုက်ရပြီး အဲ့ဒီနေရာမှာ ချက်အဖြစ် ကျန်နေခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ချက်ဟာ အနံ့ဆိုးတွေ မထွက်တတ်သလို ထွက်လာခဲ့ရင်လည်း နှာခေါင်းနဲ့ အလွန်ဝေးတဲ့နေရာမှာ ရှိနေတဲ့အတွက် တော်ရုံအနံ့မျိုးလောက်နဲ့တော့ သိနိုင်မှာမဟုတ်ပါဘူး။ အကယ်လို့ ကိုယ့်နှာခေါင်းထဲမှာ အနံ့တစ်ခုခု အမြဲရနေလို့ ချက်ကထွက်လာတယ်လို့ သံသယရှိရင် ဒီအချက်တွေကို သေချာစစ်ကြည့်သင့်ပါတယ်။ ဘာတွေကို အရင်ဆုံးစစ်မလဲ။ ပုံမှန်မဟုတ်သော ပြည်ကဲ့သို့ အရည်များ စိမ့်ထွက်နေခြင်း (အဖြူရောင်၊ အဝါရောင်၊ စိမ်းဖန့်ဖန့်အရောင်) ရောင်ရမ်းပြီး နီရဲနေခြင်း ယားယံနေခြင်း နာကျင်မှုရှိခြင်း ပိုးကောင် တစ်ကောင်ကောင် ဖြတ်သွားနေသလို ခံစားရခြင်း ဝမ်းဗိုက်မှာ အကျိတ်လုံးလို စမ်းမိခြင်း အဖျားတက်ခြင်း […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့

လူ့ အရေပြားက ချွေးအမြဲထွက်တဲ့အတွက် ကိုယ်နံ့က အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ နဂိုထွက်တဲ့ ကိုယ်နံ့မှာတော့ အရမ်းပြင်းတာမျိုး မဟုတ်ပေမဲ့ ချွေးနဲ့ ဘက်တီးရီးယားနဲ့ ရောသွားတဲ့အခါမှသာ အောက်သိုးသိုး အနံ့မျိုးတွေ၊ ချွေးနံ့ဆိုးတွေ ထွက်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ဒီအနံ့နဲ့ ပတ်သက်ပြီး ဂရုစိုက်စရာမလိုပါဘူးလို့ လူတွေက ထင်တတ်ကြပေမယ့် တကယ်တော့ ချွေးနံ့ဆိုးဆိုတာ လူမှုပတ်ဝန်းကျင်ထဲမှာလည်း တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေသလို ကိုယ့်ရဲ့အရေပြားကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဆိုးကျိုး များစွာ ဖြစ်စေနိုင်ပါတယ်။ တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့ ကျွန်တော် အခုပြောပြပေးမယ့် အချက်တွေကတော့ ချွေးနံ့ဆိုး မထွက်စေဖို့ အချိန်လည်းသိပ်မကုန်၊ အများကြီးလည်း ဂရုစိုက်စရာမလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီတော့ အလုပ်အရမ်းများတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် မွှေးပျံ့နေတာ မကြိုက်တဲ့ အမျိုးသားတွေအတွက်လည်း အဆင်ပြေစေနိုင်မယ်လို့ ထင်ပါတယ်။ အဓိကက […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား

ချွေးနံ့ လို့ပြောလိုက်ရင် လူအတော်များများက “ဟွန့်” ခနဲ နှာခေါင်းရှုံ့သွားကြမယ်ထင်ပါတယ်။ ဒီလို နံနံဟောင်ဟောင် ချွေးနံ့ကြီးက မထင်မှတ်ထားတဲ့ ဆွဲဆောင်မှုတွေ ရှိနေတယ်ဆိုရင် ယုံနိုင်မလား။ ဒီတစ်ခေါက်တော့ ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား တကယ်တော့ ချွေးထွက်တယ်ဆိုတာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ကိစ္စတစ်ရပ်ပါ။ သဘာဝအလျောက် ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တစ်မျိုးလေ။ ပုံမှန်အားဖြင့် ချွေးထွက်ရင် အဆိပ်အတောက်ကင်းတာ၊ အိပ်ပျော်စေတာနဲ့ စိတ်ကြည်လင်စေတာမျိုး အကျိုးကျေးဇူးတွေ ရတတ်ပါတယ်။ ဒါပေမယ့် ဒါတင်မဟုတ်ပါဘူး။ လေ့လာချက်တွေအရဆိုရင် ချွေးရနံ့ဟာ ဆန့်ကျင်ဘက်လိင်ကိုလည်း ဆွဲဆောင်နိုင်ပါတယ်တဲ့။ ပြောရမယ်ဆိုရင် အမျိုးသားတစ်ယောက်ရဲ့ ချွေးရနံ့ကို သဘောကျလက်ခံနိုင်တဲ့ အမျိုးသမီးမျိုးဟာ အဆိုပါအမျိုးသားရဲ့ လက်တွဲဖော်ဖြစ်နိုင်ခြေရာခိုင်နှုန်း သိပ်ကိုများပါတယ်တဲ့။ ချွေးနံ့ ရဲ့ ဆွဲဆောင်မှု ချွေးထွက်တာကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

နှာခေါင်းမွေး တွေကို နှုတ်သင့်လား

လူတိုင်းရဲ့ နှာခေါင်းထဲမှာ သဘာဝအရ အမွေးအမျှင်လေးတွေ ရှိကြပါတယ်။ အများအားဖြင့် နှာခေါင်းမွေး လေးတွေက စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ပေမယ့် တချို့တွေမှာ အဲဒီအမွေးအမျှင်တွေက အပြင်ကို အများကြီးရှည်ထွက်လာပြီး ကြည့်ရရုပ်ဆိုးစေတဲ့အပြင် တစ်ခါတလေမှာ စိတ်အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ တချို့ကတော့ စိတ်အနှောက်ယှက်ဖြစ်လာတဲ့အခါမှာ အဲဒီအမွေးအမျှင်လေးတွေကို လက်နဲ့ ဆွဲနှုတ်ပစ်လေ့ရှိပါတယ်။ နှာခေါင်းမွေး တွေကို နှုတ်တော့မယ်ဆိုရင် နှာခေါင်းထဲမှာရှိတဲ့ အမွေးလေးတွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်စနစ်တွေထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ နှာခေါင်းမွေးလေးတွေဟာ ကျွန်ုပ်တို့ ရှူသွင်းလိုက်မိတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်၊ အမှုန်အမွှားတွေ၊အညစ်အကြေးတွေနဲ့ ပိုးမွှားတွေကို အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ထဲကို မရောက်သွားအောင် ကာကွယ်ပေး၊ တားဆီးပေးပါတယ်။ ဒါ့ကြောင့် နှာခေါင်းမွေးတွေကို နှုတ်လိုက်မယ်ဆိုရင် အမှုန်အမွှားတွေဝင်လာနိုင်ပြီး ပိုးဝင်ခြင်း၊ ယားယံခြင်း၊ ဓာတ်မတည့်ခြင်း စတဲ့ ပြသနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နှာခေါင်းမွေးလေးတွေကို ဆွဲနှုတ်လိုက်တဲ့အခါ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မလိုချင်တဲ့ အမွေး တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းများ

လူတိုင်းလူတိုင်းမှာ ခေါင်းအစ၊ ခြေအဆုံး နေရာအတော်များများမှာ အမွေး တွေ ပေါက်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် အမွေးအမျှင်တွေကို နှစ်သက်ကြတဲ့ သူတွေရှိသလို တချို့ကတော့ အမွေးအမျှင်တွေကို မကြိုက်ကြ၊ မလိုချင်ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီအတွက် ကိုယ်မလိုချင်တဲ့ နေရာမှာ (ဥပမာ- နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး၊ ချိုင်းမွေး နဲ့ ကျော၊ ခြေထောက်၊ လက် စတဲ့နေရာတွေမှာ) ထွက်နေတဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ နည်းလမ်းမျိုးစုံးကို အသုံးပြုလာကြပါတယ်။ နောက်ပိုင်းမှာလည်း ခေတ်မီတိုးတက်လာတာနဲ့အမျှ အမွေးအမျှင်တွေကို ရှင်းလင်းနိုင်ဖို့အတွက် ပစ္စည်းမျိုးစုံ၊ ကုထုံးမျိုးစုံတွေလည်း ပေါ်လာပြီး ရွေးချယ်စရာတွေလည်း များပြားလာပါတယ်။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် မလိုချင်တဲ့ အမွေးအမျှင်တွေ ကိုဖယ်ရှားဖို့ စဉ်းစားရွေးချယ်တဲ့အခါ အထောက်အကူပြုမယ့် နည်းလမ်းတွေ နဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အစားအသောက်ပေါ်နားရင်း ယင်ကောင် တွေ လုပ်လေ့ရှိတဲ့ အရာများ

အစားအသောက် ကို ယင် မနားအောင် ဂရုစိုက်ပါ ဆိုတဲ့ စကား က အလကားတော့ မဟုတ်ပါဘူး။ ယင်ကောင် နားတဲ့ အစားအသောက် ဟာ ဘယ်လောက် ဆိုးရွားသလဲ ဆိုတာ ဒါ ဖတ်ပြီးရင် သိသွားပါလိမ့်မယ်။ ယင်ကောင် နားတာ စားမိရင် ဝမ်းပျက် တတ်တယ်တဲ့။ ဒီလောက် ကိုပဲ လူသိများကြတာ ဖြစ်ပေမယ့် ယင်ကောင်က ချန်ရစ်ခဲ့တဲ့ အန္တရာယ်တွေက ထင်တာထက် ပိုဆိုးနေတာ သေချာပါတယ်။ အစားအသောက် ပေါ်မှာ ယင်ကောင်တွေ ဘာလုပ်ကြသလဲ ဘာလုပ်မယ် ထင်ပါသလဲ။ အစားအသောက် ကို လာစားနေရုံ လောက်ပဲ လို့ ထင်နေတာလား။ မဟုတ်ပါဘူး။ သူတို့က - (၁) အန်ချ ကြတယ်။ ယင်ကောင် တွေဟာ အစားအသောက်တွေပေါ် နားတဲ့အခါ သူတို့ရဲ့ နှုတ်သီးက တစ်ဆင့် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

ရေအေး ချိုးတာ နဲ့ ရေပူချိုးတာကို တစ်မျိုးစီ သီးသန့် ကြိုက်တဲ့သူတွေလည်း ရှိသလို နှစ်မျိုးလုံး ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ရေပူ၊ ရေအေး နှစ်မျိုးလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ အရေပြားကို သူ့နည်း သူ့ဟန်နဲ့ ကူညီပေးနေတာပါပဲ။ တချို့ကျတော့လည်း ရာသီဥတုက အေးနေရင် ရေနွေးလေး ပြောင်းချိုးပြီး ရာသီဥတုက ပူနေရင် ရေအေးအေးလေးနဲ့ ချိုးလိုက်တာမျိုးလည်း ရှိတာပေါ့။ ဒီဆောင်းပါးလေးမှာ ရေပူ၊ ရေအေးချိုးခြင်းက ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဘယ်လို အထောက်အကူ ဖြစ်စေလဲဆိုတဲ့ ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ရေအေး ချိုးခြင်း ၁။ အရေပြား ယားယံတာကို သက်သာစေတယ်။ ရာသီဥတုကြောင့် ဖြစ်စေ၊ အဝတ်အစားကြောင့်၊ ဓာတ်မတည့်တာကြောင့်၊ အရေပြား ပြဿနာတစ်ခုခုကြောင့် ယားယံနေတဲ့သူတွေဆိုရင် ရေအေးနဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်