၂။ အရေပြားကို အေးမြစေတဲ့ အိမ်တွင်းပစ္စည်းလေးတွေ
ရေခဲဝတ်ကို အသုံးမပြုချင်ဘူးဆိုရင်လည်း ကိုယ့်အိမ်မှာ အမြဲဆောင်ထားနေကျ စားစရာလေးတွေကို အသုံးပြုလို့ ရတယ်နော်။ အာလူးလေးကို ပါးပါးလေးလှီးပြီးဖြစ်စေ၊ ဆလတ်ရွက်၊ အသုံးပြုပြီးသား လက်ဖက်ခြောက် အထုပ်လေးတွေကို ရေအေးအေးထဲမှာ စိမ်ထားပြီး နေလောင်ထားတဲ့ နှုတ်ခမ်းပေါ်မှာ အုပ်ထားလို့ ရတယ်နော်။
၃။ ရှားစောင်းလက်ပပ်
အသားအရေအတွက် နတ်ဆေးတစ်ပါး ရှားစောင်းလက်ပပ်က ရတဲ့ အနှစ်လေးတွေကို နေလောင်ဒဏ်ကုသတဲ့ နေရာမှာလည်း အသုံးပြုပေးလို့ ရပါတယ်။ စပ်ဖျဉ်းဖျဉ်းဖြစ်နေတာ၊ နီရဲပြီး ရောင်ရမ်းနေတာ၊ ပူစပ်ပူလောင် ဖြစ်နေတာကို သက်သာစေတယ်။ အရေပြားအတွင်းထဲထိ အစိုဓာတ် စိမ့်ဝင်သွားစေပြီး အေးမြစေတယ်။ နှုတ်ခမ်း ကို နဂိုအသားအရောင်အတိုင်း ပြန်လည် ပန်းရောင်သမ်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။
၄။ နီရဲရောင်ရမ်းတာ သက်သာစေတဲ့ ဆေးဝါးတွေ
ဆေးဆိုင်တွေမှာ နာကျင်မှုနဲ့ အရေပြားနီရဲတာကို သက်သာစေဖို့ ibuprofen ဆေးဝါးတွေကို အလွယ်တကူ မေးဝယ်ပြီး သောက်လို့ ရပါတယ်။ သူတို့ရဲ့ အားသာချက်ကတော့ အရေပြားက အတွင်းကနေပြီး ပြန်လည်ကုစားပေးကာ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေတာပါပဲ။
၅။ အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဆီတွေ
သဘာဝအုန်းဆီ၊ သံလွင်ဆီတွေမှာ ပါဝင်တဲ့ ဗီတာမင် အီး ဟာ နေလောင်ခံထားရတဲ့ အရေပြားအတွက် မရှိမဖြစ် အာဟာရပါပဲ။ ဒါ့အပြင် နေလောင်ဒဏ်ကို သက်သာစေဖို့ အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်ပြီး အေးမြစေပါတယ်။ ဆီတွေကို သုံးပေးတဲ့အခါမှာ အများကြီး မသုံးဖို့တော့ နည်းနည်း ဂရုစိုက်ပေးပါနော်။ ကိုယ်လိုသလောက် နည်းနည်းလောက်ကိုပဲ ယူပြီး နှုတ်ခမ်းပတ်ပတ်လည်ကို သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။
နှုတ်ခမ်းသား နေလောင်မခံရစေဖို့ ဘယ်လိုဂရုစိုက်မလဲ။
အရေပြားကို နေလောင်ကာလိမ်းဆေး လိမ်းသလိုပဲ နှုတ်ခမ်း ကိုလည်း နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အပြင်မထွက်ခင် နာရီဝက်လောက် ကြိုတင်ပြီး SPFပါတဲ့ နှုတ်ခမ်းလိမ်းအဆီ (Lip Balm) ကို လိမ်းပေးရမယ်နော်။ ယောက်ျားလေးရော၊ မိန်းကရော သုံးလို့ ရပါတယ်။ မိန်းကလေးတွေဆိုရင်တော့ နှုတ်ခမ်းလိမ်းအဆီကို အရင်လိမ်းပြီးမှ နှုတ်ခမ်းနီကို ဆိုးပေးတာ ပိုကောင်းပါတယ်။ တတ်နိုင်ရင် မနက် ၁၀နာရီကနေ ညနေ ၄နာရီအတွင်း ပူလွန်းတဲ့အချိန်တွေ အပြင်ထွက်တာကို ရှောင်ပေးပါ။ အပြင်ထွက်တိုင်း ထီးနဲ့ ဦးထုပ်ကို ဆောင်းပေးဖို့လည်း မမေ့ပါနဲ့နော်။ အားလုံးပဲ နွေနေပူပူကို အံတုရင်း သာယာလှပတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။