တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ
ကလေးလေးတွေမှာ အကြီးဆုံး ကလေး၊ အလတ်ကလေး၊ အငယ်ဆုံးလေး၊ တစ်ဦးတည်းသော ကလေးလေး ဆိုပြီး အမျိုးမျိုးသော အစီအစဉ်အလိုက် မွေးဖွားကြပါတယ်။ ဒီလို မွေးဖွားမှု အစဉ်အလိုက် ကလေးလေးတွေမှာ မတူကွဲပြားတဲ့ ထူးခြားချက်လေးတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ရဲ့ ချစ်လို့မဝတဲ့ တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူခြားချက်လေးများ အကြောင်း ပြောပြပေးချင်ပါတယ်။ တစ်ဦးတည်းသော ကလေးဆိုတာ တစ်ဦးတည်းသော ကလေးဆိုတာက ဖေဖေမေမေတို့မှာရှိတဲ့ အခြားသော မွေးချင်း တစ်ယောက်တစ်လေတောင် မရှိတဲ့ ကလေးပါ။ အကြီးဆုံးလည်း သူတို့ပဲ၊ အငယ်ဆုံးကလည်း သူတို့ပဲ ဖြစ်သလို အလတ်ကလေးတွေကလည်း သူတို့ပါပဲ။ မွေးချင်းမရှိတဲ့ တစ်ယောက်တည်းသော ဘေဘီလေးတွေပါ။ တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ ကတော့ လိုက်လျောညီထွေ နေတတ်တယ် လေ့လာမှုတွေအရတော့ တစ်ဦးတည်းသော […]