သေးခံ လောင်နိုင်လား
ဖြစ်နိုင်တာပေါ့။ ပူလောင်နေတဲ့ ရာသီဥတုမှာ သေးခံလောင်နိုင်ခြေက သာမန်ထက် ပိုများပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နွေရာသီမှာ သေးခံ ခံပေးမယ့်အစားကလေးကို ချည်သား ဘောင်းဘီလေးတွေပဲ ဝတ်ပေးလို့ သက်သောင့်သက်သာပေးနေလိုက်ပါ။ သေးခံဝတ်ပေးမယ်ဆိုရင်လည်း ညစ်ပေနေတဲ့ သေးခံတွေနဲ့ အကြာကြီး မထားပါနဲ့။ သေးခံလဲတိုင်းမှာ သေချာသန့်ရှင်းရေးလုပ်ပါ။ စုပ်ယူမှုကောင်းတဲ့ သေးခံကို သုံးပါ။
နွေရာသီမှာ ဘေဘီလေးကျန်းမာပျော်ရွှင်စေဖို့
အစားအသောက် ဂရုစိုက်ပါ
နွေရာသီမှာ လူကြီးတွေတောင် အစားမှားမခံနိုင်တာ ကလေးတွေဆို ပိုဆိုးပါမယ်နော်။ ကလေးက နို့စို့အရွယ်ဆိုရင်တာ့မေမေက အစားအစာကို ဂရုစိုက်ပါ။ ကလေးကို ချွေးထွက်များနေရင် အဝတ်လဲပေးတာ၊ နို့များများတိုက်ပေးတာမျိုး လုပ်ပေးပါ။ ကလေးက အစား စစားတတ်ပြီ ဆိုရင်လည်း သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ပြင်ဆင်ပေးပါ။
ရေသောက်တဲ့ အရွယ်ဆိုရင်လည်း သောက်သုံးရေကိုလည်း အသန့်ရှင်းဆုံး ဖြစ်အောင် ဂရုစိုက်ပါ။ ရေသန့် ဒါမှမဟုတ် ရေကျက်အေး တိုက်ပေးပါ။ ကလေးက ချွေးထွက်များနေတယ် ဆိုရင်တော့ ဓာတ်ဆား ဒါမှမဟုတ် အုန်းစိမ်းရည် တိုက်ပေးပါ။ ကလေး ရေဓာတ် ပြည့်ရဲ့လား ဆိုတာကို ဆီးအရောင် ကနေတဆင့် ကြည့်နိုင်ပါတယ်။
ခြင်အန္တရာယ် ကာကွယ်ပါ
ရာသီဥတု ပူရင် ခြင်ပိုကိုက်ပါတယ်နော်။ ဒါကြောင့် နွေပူပူမှာ ကလေးကို ခြင်နဲ့ အင်းဆက်တွေ အန္တရာယ်ကနေ သေချာလေး ကာကွယ်ပေးပါ။ ကလေးနေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်း သပ်ရပ်နေအောင် ဂရုစိုက်ပါ။ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို ဖယ်ရှားရှင်းလင်းပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။