အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့

ဝါတွင်းကာလမှာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကုသိုလ်ယူပြီး ဥပုသ်ဆောက်တည် တတ်ကြပါတယ်။ သာမန်လူတွေအတွက်တော့ ပြဿနာမရှိလှပေမဲ့ ဆီးချိုသွေးချိုလူနာတွေကတော့ မိမိရဲ့ ရောဂါကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။ ဒါကြောင့် ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့ ဘာတွေလိုက်နာရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ဖို့  အကြံပြုချင်ပါတယ်။ ဆီးချိုသွေးချိုရောဂါ နဲ့ ဥပုသ်ဆောက်တည်ခြင်း ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အဓိကထား စောင့်ကြည့်ရမှာက သွေးတွင်းသကြားဓာတ်ပါ။ သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်လာတာက ဆီးချိုသွေးချိုရောဂါ ရှိသူတွေမှာ အရေးပေါ်ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို ရုတ်တရက်သွေးတွင်းသကြားဓာတ် ကျဆင်းတာကလည်း အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဝါတွင်းကာလ ဥပုသ်ဆောက်တည်တဲ့အခါ ဆီးချိုသွေးချိုရောဂါရှိသူတွေက အချိန်ကြာမြင့်စွာ အစားမစားဘဲ နေတာကြောင့် သွေးတွင်းသကြားဓာတ် ကျဆင်းတာကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ဥပုသ်ထွက်ချိန်မှာ အစားအစာတွေကို တစ်ထိုင်တည်းနဲ့ အများကြီး စားမိတာကြောင့် ရုတ်တရက် သွေးချို မြင့်တက်တာမျိုးကိုလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါ […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ

ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ .... ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ လှုပ်လှုပ်ရှားရှားနေတာက အမျိုးအစား - ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချို ရှိနေပြီးသားသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့်ပါ။ ဒီတော့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သလို နေ့စဉ် လုပ်ဆောင်ရတာလည်း လွယ်ကူစေတဲ့ နည်းလမ်းကတော့ လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။ ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ လို့ ပြောရတာက အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်ပါတယ် လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်က လှုပ်ရှားဖို့ လိုအပ်တဲ့ စွမ်းအင်တွေအတွက် သွေးတွင်းဂလူးကို့စ်ကို အသုံးပြုလိုက်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ် ကျဆင်းစေဖို့ဆိုရင် လမ်းလျှောက်တာအပါအဝင် ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ လေ့ကျင့်ခန်းကို တစ်နေ့ကို နာရီဝက်လောက်နဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို မတက်အောင် ထိန်းပေးတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုထိန်းပေးလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် ကျန်းမာစေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ

ဆီးချိုရှိနေမယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။ အကြောင်းကတော့ ဆီးချိုရှိသူတွေအနေနဲ့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက များစွာသော ကောင်းကျိုးတွေကို ရရှိစေနိုင်တာကြောင့်ပါ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှုတွေကို လျော့ကျစေရုံမက သွေးတွင်းသကြားဓာတ်တွေကိုလည်း ထိန်းညှိပေးနိုင်သလို အင်ဆူလင် ဟော်မုန်းထွက်ရှိမှုကိုလည်း ကောင်းမွန်စေပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် ကျန်းမာစေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဆီးချိုရှိသူတွေ နဲ့ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း လေ့ကျင့်ခန်း လုပ်တာက ဆီးချိုရှိသူတွေ ကျန်းမာစေဖို့ တော်တော်လေး အရေးကြီးတဲ့ အချက်တစ်ရပ်ပါ။ ဆီးချိုရှိသူတွေအနေနဲ့ အေရိုးဗစ်လိုမျိုး ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့ လေ့ကျင့်ခန်းကို တစ်ပတ်ကို မိနစ် ၁၅၀ လောက် လုပ်ဆောင်ပေးဖို့ လိုပါမယ်။ တစ်ပတ်ကို အနည်းဆုံး ၅ ရက်လောက်တော့ လုပ်ဆောင်ရပါမယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်စီပေါ့။ ဆီးချိုအတွက် […]


အမျိုးအစား (၂) ဆီးချို

အရက်က ဆီးချို ကျစေသတဲ့လား ……

ဆီးချို ရှိတယ်။ အရက်လည်း သောက်တတ်တယ်ဆိုတဲ့ သူတွေရှိလား….. နောက်တစ်ချက်က အရက်လေး နည်းနည်လောက် ချလိုက် ဆီးချိုတောင် ကျသေးတယ်။ ဆေးတောင် မလိုဘူးဆိုသူတွေရော ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အရက်က ဆီးချို ကျစေသတဲ့လား ……. ဆီးချိုရှိနေသူ တစ်ယောက်အနေနဲ့ အရက်သောက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို သွေးတွင်းသကြားဓာတ် ကျဆင်းစေတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ အယ်လ်ကိုဟောမှာ ကယ်လ်လိုရီ များစွာ ပါဝင်နေလို့ပါ။ အရက်က ဒီလိုမျိုး သွေးတွင်းသကြားဓာတ်ကို မငြိမ်မသက်ဖြစ်စေတဲ့အတွက် မသောက်တာကတော့ အကောင်းဆုံးပါ။ တကယ်လို့ ဆီးချိုလည်း ရှိတယ် အရက်ကိုလည်း မဖြတ်နိုင်ဘူး ကြိုက်တယ်ဆိုရင်တော့ ပထမ တစ်ချက် အနေနဲ့ အလွန်အကျွံ မသောက်မိဖို့ နဲ့ မသောက်ခင်မှာ သွေးတွင်းသကြားဓာတ်ကို သေချာလေး တိုင်းတာချိန်ညှိဖို့ပါ။ ပြီးမှ သောက်သင့်ပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား -၂ ဆီးချို ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ

အမျိုးအစား - ၂ ဆီးချိုက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ဆီးချိုရောဂါ ခံစားနေရသူတွေရဲ့ 90% ကနေ 95% လောက်အထိက အမျိုးအစား -၂ ဆီးချိုကို ခံစားနေရတာပါ။ လူတော်တော်များများက သူတို့မှာ အမျိုးအစား - ၂ ဆီးချို ခံစားနေရတာကို သူတို့ရဲ့ သွေးချိုပမာဏများလွန်းပြီး ခန္ဓာကိုယ်မှာ ထိခိုက်မှု တစ်ရပ် မဖြစ်စေခင်အထိ လုံးဝ သတိမထားမိတာမျိုး ရှိပါတယ်။ ဒီလို လူတော်တော်များများ ခံစားနေရတဲ့ အမျိုးအစား - ၂ ဆီးချိုကို ကာကွယ်နိုင်ဖို့ဖြစ်ဖြစ် ဆီးချိုရှိပေမယ့်လည်း ကျန်းမာစွာနေထိုင်နိုင်စေဖို့ဖြစ်ဖြစ် နည်းလမ်းတွေကို သိရှိလိုပါသလား ...... ဒါဆိုရင်တော့ အမျိုးအစား -၂ ဆီးချို ဆိုတာ ဘာလဲ။ အမျိုးအစား - ၂ ဆီးချိုက […]


အမျိုးအစား (၂) ဆီးချို

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက အိပ်ရေးပျက်တာကစလို့ နေ့စဉ်ဘဝမှာပါ အများကြီး သက်ရောက်နေပါတယ်။ စိတ်ဖိစီးမှုက ကျန်းမာရေးအပေါ် ထိခိုက်မှု များတယ်ဆိုတဲ့ အချက်တွေထဲမှာမှ ဆီးချိုရှိသူတွေနဲ့ ဆီးချိုဖြစ်မှာ စိုးရိမ်နေသူတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတွေ ရှိနေနိုင်ပါတယ်။ ဒါကတော့ စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား .....  စိတ်ဖိစီးရင် ဆီးချိုရောဂါ ဖြစ်မှာလားဆိုတဲ့ မေးခွန်းတွေပါ။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားတာမို့ ဖတ်ကြည့်လိုက်နော်။ ဆီးချိုရောဂါ ဆီးချိုရောဂါ ဆိုတာ ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲမှု ဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ကျန်းမာရေးပြဿနာပါ။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပြီး သွေးကြောတွေထဲကို ပို့ဆောင်ပေးပါတယ်။ သွေးကြောတွေထဲကို ဖြိုခွဲထားတဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချို နဲ့ စိတ်ဖိစီးခြင်း

စိတ်ဖိစီးတာက အခြေအနေအမျိုးမျိုးနဲ့ မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါတယ်။ ကလေးကစလို့ လူကြီးအထိ စိတ်ဖိစီးမှု မရှိသူဆိုတာ မရှိပါဘူး။ စိတ်ဖိစီးတာက အရမ်းများလာမယ်။ အချိန်အားဖြင့် ကြာမြင့်လာမယ်ဆိုရင် စိတ်ရောကိုယ်ပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချို ရောဂါရှိသူတွေမှာ ဖြစ်တဲ့စိတ်ဖိစီးမှုအကြောင်းလေး ပြောပြပေးချင်ပါတယ်။ စိတ်ဖိစီးမှုက ဆီးချိုရောဂါကို တိုက်ရိုက်မဖြစ်စေနိုင်ဘူးဆိုပေမယ့် သွေးတွင်းသကြားဓာတ်ပမာဏအပေါ်မှာတော့ သက်ရောက်မှုရှိနေပါတယ်။ ဒီတော့ ဆီးချို ရှိသူတွေအနေနဲ့ စိတ်ဖိစီးမှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဂရုစိုက်ကာကွယ်နည်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးချို နဲ့ စိတ်ဖိစီးခြင်း ဆီးချို ရောဂါခံစားနေရသူ တစ်ဦးဟာ သွေးချိုပမာဏအတိုင်းအတာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်နိုင်ပါတယ်။ ဆီးချို နဲ့ စိတ်ဖိစီးခြင်း က ဒွန်တွဲနေပါတယ်။ ဆီးချိုကြောင့် စိတ်ဖိစီးမှုတွေက ပုံမှန်ထက် ပိုဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို ကောင်းစွာ မဖြေရှင်းနိုင်ဘူးဆိုရင် နေ့စဉ်ဘဝတွေမှာ အခက်အခဲ ရှိလာနိုင်ပါတယ်။ စိတ်ဖိစီးမှုကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဆေး မက်ဖော်မင် သောက်ရင် ကျောက်ကပ်ထိမှာလား

ဆီးချိုရောဂါရှင်တိုင်း မက်ဖော်မင် လို့ ပြောလိုက်ရင် မသိသူ မရှိပါဘူး၊၊ တချို့များဆို ဆရာဝန် မညွှန်ဘဲနဲ့တောင် သွေးချိုလေးတက်ပြီဆိုတာနဲ့ မက်ဖော်မင်လေး ဝယ်သောက်ကြတာတောင် ရှိပါတယ်၊၊ မက်ဖော်မင်က အမျိုးအစား ၂ ဆီးချိုရောဂါမှာ ထိပ်တန်းဆေး တစ်လက်ဖြစ်တာကြောင့် စကုပြီဆိုရင် မက်ဖော်မင်နဲ့ စလေ့ရှိပါတယ်၊၊ ဒါပေမယ့် တချို့လူနာတွေက ကိုယ့်ဟာကိုယ်ဆီးချိုရှိနေတာ အကောင်းသား၊ မက်ဖော်မင်လေး ဆွဲသောက်လိုက်တာ ဘယ်လောက်မှ မကြာဘူး၊၊ ကျောက်ကပ်ပျက်ပါရောလားဆိုပြီး ပြောလေ့ရှိပါတယ်၊၊ ဒါက တကယ်ပဲလား၊၊ မက်ဖော်မင် နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ အမျိုးအစား ၂ ဆီးချိုရောဂါမှာ မက်ဖော်မင်က ထိပ်တန်းဆေး ဖြစ်တဲ့အတွက် ဆီးချိုလူနာတော်တော်များများမှာ တခြားသော ခြွင်းချက်မရှိရင် မက်ဖော်မင် စပေးလေ့ရှိပါတယ်၊၊ ဒီကြားထဲမှာလည်း မက်ဖော်မင်နဲ့ ဆီးချိုထိန်းထားနိုင်တယ်ဆိုရင် ဒီဆေးပဲ ဆက်ပေးလေ့ရှိပါတယ်၊၊ ဒီတော့ ဆီးချိုလူနာတွေက […]


အမျိုးအစား (၂) ဆီးချို

ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင်

ဆီးချို ရှိလားဆိုတော့လည်း မရှိဘူး။ ဒါပေမယ့် မိဘမျိုးရိုးမှာတော့ ဆီးချို ဖြစ်ဖူးတာရှိတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု သိပ်မလုပ်ဖြစ်တဲ့အတွက် သွေးချိုလေး သိရအောင်ဆိုပြီး စစ်ကြည့်လိုက်မှ သွေးချိုတွေ တက်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင် သွေးချိုပမာဏကို ကျန်းမာတဲ့ ပမာဏ ဖြစ်အောင် ဘယ်လို ထိန်းမလဲ။ မြင့်တက်နေတဲ့ သွေးချို ပမာဏကို ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လို ထိန်းရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ သွေးချို ပမာဏ ဘယ်လောက်ဆို မြင့်တယ်လို့ ဆိုနိုင်လဲ။ မနက်အိပ်ရာနိုးချိန်မှာ တိုင်းလိုက်လို့ သွေးချိုပမာဏက 70-99 mg/dL ထက်နည်းနေမယ်ဆိုရင် ဒါက ပုံမှန်ပါပဲ။ တကယ်လို့ မနက်အစောပိုင်းမှာ သွေးချိုပမာဏက 100 ကနေ 126 mg/dL ကြားဖြစ်နေမယ်ဆိုရင် ဆီးချို အကြိုလက္ခဏာရှိနေတာပါ။ သွေးချိုပမာဏက 126 mg/dL နဲ့ […]


အမျိုးအစား (၂) ဆီးချို

အစ္စလာမ်ဘာသာဝင် ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော်

အစ္စလာမ်ဥပုသ်လက တစ်လနီးပါး ကြာမြင့်ပြီး မနက်အာရုဏ်တက်ချိန်မှ နေဝင်မိုးချုပ်သည်အထိ အစာစားတာ၊ ရေသောက်တာ၊ ဆေးသောက်တာ စတာတွေကို ရှောင်ကြဉ်ရပါတယ်။ ဥပုသ်ထွက်တဲ့ ညစာတစ်ကြိမ်၊ ဥပုသ်မဝင်ခင် မနက်စာ တစ်ကြိမ် ၂ကြိမ်ပဲ စားရပါတယ်။ ဒါကြောင့် ဆီးချိုလူနာတွေအနေနဲ့ ဥပုသ်စောင့် ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒီလိုဆိုပေမယ့် ဥပုသ်လုံးဝမစောင့်ရတာတော့ မဟုတ်ပါဘူး။ ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော် အောက်ပါအချက်တွေကို နားလည်လိုက်နာဖို့ လိုပါတယ်။ သင်က ဥပုသ်စောင့် ဖို့ သင့်တော်တဲ့သူလား။ ဆီးချိုလူနာတိုင်းက ဥပုသ်စောင့်လို့ မရတာမဟုတ်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အန္တရာယ်အလွန်များတဲ့ အုပ်စု၊ အန္တရာယ်များတဲ့ အုပ်စု၊ အသင့်အတင့် ဒါမှမဟုတ် အန္တရာယ်နည်းတဲ့ အုပ်စု ဘယ်အုပ်စုထဲမှာ ရှိနေလဲဆိုတာကို သိဖို့ လိုပါတယ်။ ဒါကြောင့် တတ်နိုင်ရင်တော့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်