backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

ပူပြင်းလှတဲ့ နွေရာသီမှာ အဲကွန်း ဒါမှမဟုတ် ပန်ကာတစ်လုံးမပါဘဲနဲ့ အိပ်ပျော်ဖို့ဆိုတာ အဆင်မပြေလှပါဘူး။ ဒါဆိုရင် တစ်ညလုံးပန်ကာဖွင့်ပြီး အိပ်ဖို့ အဆင်ပြေပါ့မလား။ ကျန်းမာရေးကိုရော ထိခိုက်နိုင်သလား စတဲ့ မေးခွန်းတွေနဲ့ ရှုပ်ထွေးနေမှာပါ။ ကဲ ဒီလိုဆိုရင်တော့ နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း ကို ကြည့်လိုက်ကြရအောင်။

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း အတူတူ အဖြေထုတ်ကြည့်ကြမယ်နော်။

၁။      ‘White Noise’ ကို ဖန်တီးပေးနိုင်တယ်။

အနောက်နိုင်ငံတွေမှာ ‘White Noise’ ဆိုတဲ့အရာကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာတွေ့ရပါတယ်။ ‘White Noise’ ဆိုတာ ဘာလဲ။ လူအချို့ဟာ တိတ်ဆိတ်ငြိမ်သက်နေချိန်မှာ  အိပ်မပျော်တတ်ကြ ပါဘူး။ ဆူညံသံတချို့ကို ကြားနေရမှသာ အိပ်စက်တတ်ကြပါတယ်။ အသံအတုကို ဖန်တီး ပေးနိုင်တဲ့ ‘White Noise machine’ မှာ ‘တဝီဝီ’ မြည်တဲ့အသံတွေ ကြားနိုင်ပါတယ်။ အသံတွေရဲ့ အကူအညီနဲ့ နှစ်ခြိုက်စွာ အိပ်စက်နိုင်ကြပါတယ်။ သင့်ရဲ့ အင်တာနက် (Google, Youtube)တို့ကို အသုံးပြုပြီး ‘White Noise’လို့ ရိုက်ထည့်ရှာဖွေနိုင်ပါတယ်။ ဒါဆိုရင်တော့ ‘White Noise’ ဆိုတာ ဘယ်လို အသံလည်း သိနိုင်မှာပါ။

ပန်ကာကထွက်တဲ့ အသံဟာ ‘White Noise’နဲ့ အနီးစပ်ဆုံးတူတာကြောင့် ပန်ကာဖွင့်ပြီး အိပ်ခြင်းက ဆူညံသံကြားမှ အိပ်ပျော်တတ်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။

၂။      အပူချိန်ကို ထိန်းချုပ်ပေးတယ်။

ဒါကတော့ ရှင်းပါတယ်။ အေးနေစေဖို့ ပန်ကာဖွင့်ကြတာပါ။ အဲကွန်းလောက်တော့ မအေးပေမဲ့လည်း ဘာမှမဖွင့်ထားတာထက်တော့ အများကြီး အပူသက်သာပါတယ်။

ပန်ကာတစ်ခုကို အဲကွန်းမျိုးဖြစ်အောင် ပြုလုပ်နိုင်သလား။

ပြောပြပါမယ်။

(၁)      ရေ ၄၊ ၅၊ ၆ ဘူးလောက်ယူပါ။

(၂)      တစ်ဘူးချင်းစီထဲကို အိမ်သုံးဆား လက်ဖက်ရည်ဇွန်း (၂)ဇွန်း၊ (၃)ဇွန်း ထည့်ပါ။

(၃)      ရေဘူးတွေကို ရေခဲသေတ္တာအပေါ်ကန်ထဲ ထည့်ပါ။

(၄)      အိပ်တော့မယ်ဆိုရင် ထိုရေဘူးတွေကို ဗန်းတစ်ခုပေါ်တင်ပါ။ ရေတွေအောက်ကိုစီးကျမှာကို ကာကွယ်ချင်တဲ့သဘောပါ။

(၅)      ဗန်းကို ပန်ကာရှေ့ထားပါ။

(၆)      ပန်ကာဖွင့်ပါ။ ထွက်လာတဲ့ လေဟာ အေးမြနေပါလိမ့်မယ်။

(၇)      မနက်ကျရင် ရေပြန်ခဲပါ။ နေ့တိုင်း ထိုနည်းအတိုင်း ထုတ်သုံးကြည့်နိုင်ပါတယ်။

အဲကွန်းနဲ့ အနီးစပ်ဆုံး အိမ်မှာတင်ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့နည်းလမ်းပါ။ စမ်းကြည့်ရအောင်။

၃။      မွေ့ရာနဲ့ အိပ်တတ်သူတွေအတွက် အကူအညီပေးမယ်။

မွေ့ရာနဲ့မှ အိပ်တတ်သူတွေအတွက် မွေ့ရာဟာ ဆောင်းတွင်းမှာ အိစက်ညက်ညောနိုင်ပေမယ့်နွေရာသီဆိုရင်တော့ မတွေးရဲစရာပါ။ အလွန်ပူမှာပါ။ ပန်ကာနဲ့ အိပ်ခြင်းဟာ အဲကွန်းလောက် မအေးနိုင်ပေမယ့် တစ်စိတ်တစ်ပိုင်းတော့ အကူအညီရနိုင်ပါတယ်။

၄။      အနံ့အသက်ကင်းမယ်

အလုံပိတ်ထားတဲ့ အခန်းဟာ နွေရာသီမှာ အပူဒဏ်ကြောင့် အနံ့တစ်မျိုးထွက်နေနိုင်ပါတယ်။ အလုပ်က ပြန်လာလို့ ဖွင့်ကြည့်လိုက်ရင် အနံ့တစ်မျိုးရှိနေတယ်လို့ ခံစားမိမှာပါ။ ညအိပ်ချိန်ဆို ပိုဆိုးမှာပါ။ ပန်ကာဖွင့်ထားပြီး အိပ်စက်ခြင်းဟာ အခန်းထဲမှာရှိတဲ့ လေထုကို ထိန်းညှိပေးနိုင်ပြီး အနံ့အသက်ကင်း စေမှာပါ။

ပန်ကာနဲ့ အိပ်စက်ခြင်းရဲ့ မကောင်းတဲ့အချက်တွေက‌ရော ဘာတွေဖြစ်မလဲ

၁။ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ပန်ကာလည်ပြီး မိမိဆီကို လေရောက်တဲ့အခါ အခန်းတစ်ခန်းလုံးမှာရှိတဲ့ အမှုန်အမွှားနဲ့ ဖုန်မှုန့် တွေဟာ ကပ်ပါလာမှာပါ။ သင်ဟာ အလွယ်တကူ ဓာတ်မတည့်တတ်သူတစ်ယောက် ဖြစ်ရင် ဒါမှမဟုတ် ရင်ကျပ် ပန်းနာရောဂါရှိသူ တစ်ယောက်ဆိုရင် ဖုန်မှုန့်တွေကြောင့် နှာစီး၊ ချောင်းဆိုးခြင်းနဲ့ ရင်ကျပ်ခြင်းတွေ ခံစားရမှာပါ။ ပန်ကာမဖွင့်ခင်မှာ ပန်ကာရဲ့ စကာ၊ ဒလက် စတဲ့နေရာတွေက ဖုန်မှုန့်တွေကို အရင်ပြောင်အောင် သုတ်သင့်ပါတယ်နော်။ ရင်ကျပ်ပန်းနာသမားတွေကတော့ ပန်ကာနဲ့ အိပ်မယ်ဆိုရင် သတိကြီးစွာ ထားပါ။

၂။ အသားခြောက်မယ်

ပန်ကာလေက ပြင်ပကလေကို စုပ်ယူထားတာဖြစ်တဲ့အတွက် လေအပူပါ။ အရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။  Lotion နဲ့ ရေဓာတ် ဖြည့်ပေးတဲ့  Moisturizers ခရင်မ်မျိုး လိမ်းပေးပြီး ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

မျက်ကပ်မှန်မချွတ်ဘဲ အိပ်တတ်သူ တစ်ယောက်အတွက်လည်း ပန်ကာလေက မျက်လုံးကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။ ပန်ကာဖွင့်ဖွင့် မဖွင့်ဖွင့် မျက်ကပ်မှန်ကိုတော့ အိပ်ရင်ချွတ်ဖြစ်အောင်ချွတ်ပါ။

ပါးစပ်ဖွင့်ပြီး အိပ်တတ်သူတွေဟာလည်း ပန်ကာလေ ပါးစပ်ထဲရောက်တဲ့အခါ ခံတွင်းခြောက်တတ်ပါတယ်။ အနီးမှာ ရေတစ်ဘူးယူထားပြီး အာခြောက်တဲ့အခါ ရေသောက်ပါ။

၃။ နှာစေး ခေါင်းကိုက်မယ်

ပန်ကာလေအပူဟာ အသက်ရှူလမ်းကြောင်းကို ခြောက်သွေ့စေပါတယ်။ ခြောက်သွေ့လာတဲ့ အသက်ရှူလမ်းကြောင်းကို ထိန်းညှိဖို့ အချွဲတွေ ထွက်ပေးရပါတယ်။ ဒီအခါမှာ နှာရည်ယိုခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဖျားနာနေရင်တော့ ပန်ကာကို တတ်နိုင်သမျှ အသုံးမပြုတာ ကောင်းပါလိမ့်မယ်။

၄။  ကြွက်သားတွေ နာကျင်ကိုက်ခဲတတ်ပါတယ်။

လေတွေ တစုတစည်းတည်း တစ်ဟုန်ထိုး တိုက်တဲ့အခါမှာ ကြွက်သားတွေ တောင့်တင်းပြီး ကြွက်တက်တာမျိုးတွေတောင် ရှိနိုင်ပါတယ်။ မျက်နှာနဲ့ လည်ပင်းနားမှာ ပန်ကာဖွင့်အိပ်  သူတွေဆို မနက်လင်းတဲ့အခါ လည်ပင်းကြွက်သားတွေ တောင့်တင်းနာကျင်နေတာကို ခံစားရတတ်ပါ တယ်။

ပူပြင်းလှတဲ့ နွေရာသီမှာ အေးအေးလူလူ အိပ်စက်နိုင်ဖို့ ဈေးသက်သက်သာသာနဲ့ ထိရောက်တဲ့ နည်းလမ်းကတော့ ပန်ကာဖွင့်အိပ်တာပါပဲ။ ကောင်းကွက်တွေရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပန်ကာကို ပတ်ချာလည် လှည့်တာမျိုးနဲ့ timer ပေးပြီး အချိန်အကန့်အသတ်နဲ့ ဖွင့်အိပ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

ရေးသားသူ-ဒေါက်တာမှူးခင်

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement