နေအပူဒဏ်က သွေးဖိအားအပေါ် တော်တော်လေးသက်ရောက်မှုရှိနေတာပါ။ နွေရာသီမှာ အများထင်ကြသလို သွေးတိုးတာထက် သွေးပေါင်ကျတာက ဖြစ်နိုင်ခြေ ပိုများပါတယ်။ အပူဒဏ်ကြောင့် သွေးကြောတွေ ကျယ်လာသလို၊ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာကြောင့် သွေးပေါင်ကျဖို့ များပါတယ်။ သာမန်လူတွေမှာ ခန္ဓာကိုယ်က ဒီဖြစ်စဉ်ကို အချိန်မီတုံ့ပြန်နိုင်ပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ တုံ့ပြန်မှု နှေးတာကြောင့် သွေးပေါင်တွေကျပြီး မူးတာ၊ သတိလစ်တာမျိုး ဖြစ်တတ်ပါတယ်။
နွေရာသီမှာ သွေးတိုးတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ အများစုကတော့ သွေးတိုးရောဂါအခံရှိပြီး သေချာမထိန်းတဲ့သူတွေရယ်၊ အပူရှိန်ကြောင့် စိတ်ဖိစီးတဲ့ သူတွေရယ်ပါ။ စိတ်ဖိစီးတာကတော့ ဖိစီးတဲ့ခဏ တိုးမှာပဲဖြစ်ပြီး အမြဲတိုးနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နဂိုသွေးတိုးကို သေချာမထိန်းတဲ့သူတွေက ဦးနှောက်သွေးကြောပြတ်သွားတဲ့အခါ နွေရာသီကြောင့်၊ ပူတာကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ရောဂါကို သေချာမထိန်းလို့ ဖြစ်ရတာပဲ ဖြစ်ပါတယ်။
ဘယ်သူတွေက ပိုသတိထားဖို့လိုမလဲ
အပူချိန်ပြင်းနေချိန်မှာ လူတိုင်း သတိထားဖို့လိုတယ်ဆိုပေမယ့် အခုပြောပြမယ့်သူတွေက ပိုသတိထားဖို့ လိုပါမယ်။
- သွေးတိုးရောဂါအခံရှိသူတွေ
- နေပူထဲမှာ တစ်ချိန်လုံးအလုပ်လုပ်နေသူတွေ
- အရက်သောက်သုံးသူတွေ
- တားမြစ်ဆေးသုံးစွဲသူတွေ
- အသက် ၅၀ အထက် လူကြီးတွေ
- ရောဂါအခံတစ်ခုခုကြောင့် ပုံမှန်ဆေးသောက်သုံးနေရသူတွေ
- ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံရှိသူတွေ
- ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေ
- အိပ်ရေးပျက်တာကြောင့် ကိုယ်ခံအားနည်နေသူတွေ
- အဝလွန်နေတဲ့သူတွေ
- နှလုံးရောဂါအခံရှိသူတွေ
- အဆုတ်ရောဂါအခံရှိသူတွေ
- ကျောက်ကပ်ရောဂါအခံရှိသူတွေက ထိခိုက်နိုင်ခြေများပါတယ်။
ဘယ်လိုကာကွယ်မလဲ
ဒီတော့ ကိုယ်တိုင်ကိုဖြစ်ဖြစ် မိသားစုဝင်တွေမှာဖြစ်ဖြစ် ခုလို အခြေအနေကနေ ကာကွယ်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။