ကလေးများရော လူကြီးများပါ တစ်နေ့တာမှာ ရေဓာတ် ဟာ ကိုယ်ခန္ဓာထဲကနေ ပုံမှန်လျော့နည်းနေတတ်ပါတယ်။ အရေပြားကနေ ချွေးအနေနဲ့ဖြစ်စေ၊ အသက်ရှူထုတ်ရာကဖြစ်စေ၊ ဆီးနဲ့ဝမ်းကဖြစ်စေ ပုံမှန်စွန့်ထုတ်နေပါတယ်။
ကလေးများရော လူကြီးများပါ တစ်နေ့တာမှာ ရေဓာတ် ဟာ ကိုယ်ခန္ဓာထဲကနေ ပုံမှန်လျော့နည်းနေတတ်ပါတယ်။ အရေပြားကနေ ချွေးအနေနဲ့ဖြစ်စေ၊ အသက်ရှူထုတ်ရာကဖြစ်စေ၊ ဆီးနဲ့ဝမ်းကဖြစ်စေ ပုံမှန်စွန့်ထုတ်နေပါတယ်။
များသောအားဖြင့် ကလေးငယ်တွေဟာလည်း စားသောက်ခြင်းကနေ ရေဓာတ်ကို ရယူပြီး ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပါတယ်။ တစ်ခါတရံမှာတော့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ဟာ ပြန်လည်ဖြည့်တင်းနိုင်တာထက် ပိုမိုနေပါတယ်။ ဖျားနာခြင်း၊ ဝမ်းပျက်ခြင်း၊ ရာသီဥတုပူခြင်း၊ လှုပ်ရှားမှုများခြင်း စတာတွေမှာ ခန္ဓာကိုယ်ထဲက ရေတွေကို အပြင်ကိုပိုရောက်စေပြီး ရေဓာတ်ဆုံးရှုံးခြင်း ဖြစ်ပေါ်စေပါတယ်။
တကယ်တော့ ရေဓာတ် ဆုံးရှုံးခြင်းဟာ မပေါ့ဆသင့်တဲ့ကိစ္စဖြစ်ပါတယ်။ ရေဓာတ် လုံလောက်စွာ မရှိတော့ရင် ကိုယ်ခန္ဓာရဲ့လုပ်ငန်းဆောင်တာတွေကို သေချာစွာ မလုပ်ဆောင်နိုင်တော့ပါဘူး။ ဆိုးရွားလွန်းရင် ဦးနှောက်ပျက်စီးခြင်း၊ သေဆုံးခြင်းတွေပါ ဖြစ်စေတတ်ပါတယ်။
ဆယ်ကျော်သက်နဲ့ လူကြီးတွေထက်စာရင် ကလေးတွေဟာ ရေဓာတ် ဆုံးရှုံးခြင်း ဒဏ်ကို ပိုပြီးခံစားရလွယ်ပါတယ်။ ကိုယ်ခန္ဓာအရွယ်အစား သေးငယ်လို့ ဖြစ်ပါတယ်။ အရွယ်အစားသေးငယ်တာကြောင့် ရေထိန်းထားနိုင်တဲ့ပမာဏလည်း နည်းပါတယ်။
ကလေးငယ်တချို့ဟာတော့ ရေကိုလုံလောက်စွာ မသောက်တဲ့အတွက် ရေဓာတ် ဆုံးရှုံးလာတတ်ပါတယ်။ အကြောင်းအရာတချို့ဟာ ရေဓာတ် ဆုံးရှုံးနိုင်ခြေ ပိုများစေပါတယ်။ အဲဒီအချက်တွေကတော့
– အဖျားတက်ခြင်း
– အန်ခြင်း
– ချွေးထွက်များခြင်း
– နေထိုင်မကောင်းစဉ် အရည်ဓာတ်သောက်သုံးမှုနည်းခြင်း
– အစာအိမ်အူလမ်းကြောင်းရောဂါရှိခြင်း
ဝမ်းပျက်ခြင်းဟာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါး စတဲ့ရောဂါပိုးများ ကူးစက်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဆေးဝါးများမတည့်ခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ကလေးအနေနဲ့ အန်နေရင်၊ အရည်ဝမ်းတွေသွားနေရင်၊ အရည်မသာက်နိုင်ရင် ဂရုစိုက်ပြီး ရေဓာတ် ဆုံးရှုံးခြင်းလက္ခဏာတွေ ရှိ၊ မရှိ စောင့်ကြည့်သင့်ပါတယ်။
ရေဓာတ် ခမ်းခြောက်ခြင်းဟာ ဖြည်းဖြည်းချင်း ဆုံးရှုံးသွားတာရှိသလို၊ ခပ်မြန်မြန် ဆုတ်ယုတ်သွားတာလည်း ရှိပါတယ်။ ကလေးငယ်များ နေထိုင်မကောင်းရင် ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာများ ရှိ၊ မရှိ စစ်ဆေးကြည့်ရှုပေးရပါမယ်။ တစ်ခါတရံ အဆိုပါလက္ခဏာများဟာ သိသာထင်ရှားခြင်း မရှိပါဘူး။
သင့်ကလေး ရေအလွန်အမင်း ငတ်လာတဲ့အထိ စောင့်မနေပါနဲ့။ ရေငတ်ခြင်းဟာ ရေဓာတ် ခမ်းခြောက်ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ တခြားလက္ခဏာတွေကိုလည်း ကြည့်ရှုရပါမယ်။ အဲဒါတွေကတော့
• နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်း
• ဆီးအရောင်ရင့်ခြင်း
• ဆီးနည်းသွားခြင်း
• အသားအရေအေးစက်ခြင်း
• မျက်ကွင်းချိုင့်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း
• အလွန်အမင်း အိပ်ငိုက်နေခြင်း
• ငိုသောအခါ မျက်ရည်မထွက်ခြင်း
• ဂျီကျခြင်း
• အသက်ရှူမြန်ခြင်း
ဆိုးရွားတဲ့ အခြေအနေမှာ ကလေးဟာ ကယောင်ကတမ်းဖြစ်တတ်၊ သတိလစ်တတ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ပါပဲ။ တော်တန်ရုံကိုတော့ အိမ်မှာပဲ ကုသနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းပျက်ရင်၊ အန်ရင်၊ အဖျားတက်ရင် ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။ ကလေးတွေဟာ ရေဓာတ် ခမ်းခြောက်ခြင်းဒဏ်ကို ပိုပြီး ခံစားရလွယ်လို့ ဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။