ကလေးအရွယ်ဆိုတာ အမြဲလှုပ်ရှားနေမှ စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွပြီး အာရုံစူးစိုက်မှု ကောင်းနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ကလေး အပြင်ထွက်ပြီး ကစားဖို့ မေမေတွေအနေနဲ့ သေချာပြောပြဖို့ လိုတယ်နော်။
မနက်ပိုင်းမှာ မိသားစုစုံစုံလင်လင် လမ်းလျှောက်ထွက်တာ၊ အားကစားလုပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။
၄။ ကလေးအပြင်ကနေ ပြန်လာတာနဲ့ ရေပေးမချိုးပါနဲ့။
နွေရာသီမှာ ရာသီဥတုအလွန်ပူပြင်းတာကြောင့် ချွေးတွေ အလွန်အကျွံထွက်နိုင်ပါတယ်။ အပြင်က ပြန်ရောက်ရောက်ချင်း ရေချိုးလိုက်တာ၊ ကိုယ်လက်သန့်စင်တာမျိုး လုပ်လိုက်ရင် ကိုယ်ခန္ဓာက အပူအအေး မမျှတတော့တာမျိုး ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အပြင်ကနေ ပြန်ရောက်လာရင် ကလေးကို အဝတ်အစားအရင်လဲပေးပါ။ ကိုယ်ပေါ်မှာ ရှိနေတဲ့ ချွေးတွေကို အရင်ခြောက်အောင် သုတ်ပေးပြီး အအေးခံပြီးတော့မှ ခြေလက် အရင်သန့်စင်ပေးပါ။ ပြီးတော့မှပဲ ရေသေချာချိုးပေးရပါမယ်။
၅။ အပြင်ထွက်တိုင်း ကလေးကို သေချာပြင်ဆင်ပေးပါ။
နွေရာသီရဲ့ ပြင်းလွန်းတဲ့ အပူချိန်ဟာ ကလေးရဲ့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို SPF 50ပါတဲ့ နေလောင်ကာခရင်မ်လေး လိမ်းပေးဖို့ မမေ့နဲ့နော်။ အပြင်ထွက်တာနဲ့ ချွေးထွက်လာမှာဆိုတော့ ချွေးစုပ်မယ့် ချည်သားအင်္ကျီအပွလေးတွေ ဝတ်ပေးပါ။
ကလေးကို ဦးထုပ်ဆောင်းပေးတာဖြစ်စေ၊ ထီးလုံအောင် ဆောင်းပေးပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းအောင် လုပ်ပေးလို့လည်း ရတယ်နော်။
၆။ ကလေးရဲ့ ညအိပ်ချိန်မှန်ပါစေ။
အိပ်ချိန်ပြည့်ဝမှုဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် အိပ်ချိန် ပိုပြီးတောင် လိုအပ်ပါသေးတယ်။ ဒါကြောင့် ညနောက်ကျတဲ့အထိ ကလေးကို မထားဘဲ စောစောအိပ်တဲ့ အကျင့်ရအောင် လုပ်ပေးပါ။ နေ့လယ်နေ့ခင်း အချိန်အကြာကြီး တရေးတမောအိပ်တာ၊ ညနောက်ကျမှ ကဖင်းဓာတ်ပါတဲ့ ကော်ဖီတွေ သောက်တာ၊ မုန့်တွေစားတဲ့အခါ ကလေးက ညဘက်မှာ ကောင်းကောင်းမအိပ်နိုင်ဘဲ မျက်စိကြောင်နေမှာပါ။ ဒါကြောင့် ဒီလိုအကျင့်တွေကိုလည်း ဖျောက်ပေးရမယ်နော်။
ကလေးတွေအတွက် ပျော်ရွှင်စရာ အားလပ်ချိန် နွေရာသီလေး ဖြစ်စေဖို့ မေမေတို့အနေနဲ့ ဒီအချက်တွေ သေချာလိုက်နာပေးဖို့တော့ လိုမယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။