ဆေးထိုးမယ်ဆိုရင်လည်း တစ်နေ့တစ်ခါထိုးလား၊ နှစ်ခါထိုးလား၊ အကြည်လား၊ အနောက်လား စသဖြင့် ရှိပါတယ်။ ဒါတွေကိုရော ဘယ်လိုအတိုးအလျှော့ လုပ်မလဲ စသဖြင့် လူနာတစ်ယောက်နဲ့ တစ်ယောက် မတူတာမို့လို့ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဥပုသ်စောင့်ရင်း ဆီးချိုကျခဲ့ရင်
ဥပုသ်စောင့်တဲ့အချိန်မှာ ဆီးချိုကျသွားမလားဆိုပြီး စိုးရိမ်တဲ့သူတွေလည်း ရှိပါတယ်။ အရင်ဆုံး ဆီးချိုကျတဲ့ လက္ခဏာတွေကို ပြောပြပေးပါမယ်။ ဆီးချိုကျပြီဆိုရင်
- ချွေးထွက်လွန်မယ်
- အမြင်ဝါးမယ်
- မူးဝေမယ်
- ဆာလောင်မယ်
- နှလုံးခုန်မြန်မယ်
- ကတုန်ကရင်ဖြစ်မယ်
- ပင်ပန်းနွမ်းနယ်မယ်
ဒါဆိုရင်တော့ ဆီးချိုဖောက်ကြည့်ပါ။ ၇၀ မီလီဂရမ်အောက်ဆိုရင် အချိုရည် ၁၅၀စီစီ ဒါမှမဟုတ် ဖန်ခွက်တစ်ဝက်သောက်ပါ။ သကြားလက်ဖက်ရည်ဇွန်း ၃-၄ဇွန်း ဒါမှမဟုတ် ဂလူးကို့စ် ၁၀ ဂရမ် ၂ထုပ်ကို ရေတစ်ဖန်ခွက်နဲ့ ဖျော်သောက်နိုင်ပါတယ်။ ၁၅မိနစ်နေရင် ဆီးချိုထပ်ဖောက်ကြည့်ပါ။
- ၇၀ အထက်ဆိုရင် ထမင်းစားချိန်ဆို ထမင်းစားပါ။ ထမင်းစားချိန်မဟုတ်ရင် ဘီစကစ်၊ ပေါင်မုန့်၊ သစ်သီး တစ်ခုခု စားပါ။ မွန်းလွဲချိန်ဆို ထန်းလျက်၊ ကြံသကာ၊ သကြားလုံး၊ စတုမဓု စားနိုင်ပါတယ်။
- ၇၀ အောက်ဆိုရင် ခုနကအတိုင်း တစ်ခေါက်ပြန်သောက်ပြီး ၁၅မိနစ်နေရင် ထပ်စစ်ပါ။ ၇၀အောက်ဆိုရင် နောာက်တစ်ကြိမ်ထပ်သောက်ပါ။ ၁၅မိနစ်နေရင် ထပ်စစ်ပါ။ ၃ကြိမ်ဆက်တိုက် သောက်ပြီးတာတောင် တက်မလာဘူးဆိုရင် နီးရာ ဆေးရုံ၊ ဆေးခန်းကို သွားပါ။
နောက်ထပ်သတိထားရမယ့် အချက်တွေကတော့
- ဆီးချို မှန်မှန်ဖောက်ပေးပါ။ ဆေးတွေ ပုံမှန်သောက်ပေးပါ။
- တစ်နပ်လျှော့စားရလို့ ဆီးချိုကျမှာစိုးပြီး ထမင်းတွေ အများကြီး မစားပါနဲ့။
- အဆာခံအောင် အသီးအရွက်များများ၊ အသားများများ၊ ဥ၊ ပဲတွေကို စားပေးပါ။
- မွန်းလွဲချိန်မှာ ဆီးချိုကျမှာစိုးလို့ အချိုရည်တွေ အများကြီးသောက်တာမျိုးလည်း ရှောင်ပေးပါ။
ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းနိုင်ပြီး စိတ်ချလက်ချ ဥပုသ်စောင့်နိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။