backup og meta

အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Wathun Myat Chal မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ

    အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။

    ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။

    • ဖြူဝင်းတဲ့အသားအရည်ကိုရဖို့ အရေးအကြီးဆုံးအချက်တစ်ချက်ကတော့ နေရောင်ခြည်နဲ့များများထိတွေ့မှုကိုရှောင်ပါ။

      ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။

    အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်း နေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။

  • သဘာဝအသားဖြူဆပ်ပြာတွေကိုသုံးမယ်ဆိုရင် အသားအရည်ပေါ်မှာရှိတဲ့ ဆဲလ်သေအလွှာတွေကိုဖယ်ရှားဖို့အတွက် ချေးချွတ်ဖို့မမေ့ပါနဲ့။ ဖုန်တွေ၊ဘက်တီးရီးယားတွေနဲ့အဆီတွေကိုဖယ်ရှားဖို့ နေ့ဘက်မှာမျက်နှာပုံမှန်သစ်ပေးကြည့်ပါ။

    အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။

  • ချေးချွတ်ပြီးရင် အစိုဓါတ်ထိန်းဆေးလိမ်းပါ။ အသားခြောက်တဲ့သူတွေကတော့ လှပတဲ့အသားအရည်ရအောင် Vaseline အနည်းငယ်သုံးပေးနိုင်ပါတယ်။ Petroleum Jelly ကလည်း ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်အခြေအနေကနေ အသားအရည်ကိုကာကွယ်ပေးဖို့ မရှိမဖြစ်ပါပဲ။

    ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။

    သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။

    • ရေကိုလုံလောက်စွာသောက်ပြီး မျှတအောင်စားပါ။

      စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။

    • ခန္ဓာကိုယ်ကို ဗီတာမင် အေ၊ စီ ၊ အီး စတာတွေဖြည့်ဆည်းပေးနိုင်တာကြောင့် သစ်သီးဝလံတွေကို အလေးထားစားသုံးပေးသင့်ပါတယ်။ သူတို့တွေက ကော်လာဂျင်နဲ့ ကြုံ့ဆန့်နိုင်တဲ့အမျှင်တွေဖွဲ့စည်းမှုကိုအားပေးတာကြောင့် အသားအရည်ကိုချောမွေ့နူးညံ့စေပါတယ်။
    • ရေကတော့ အဆိပ်တွေကိုဖယ်ရှားသန့်စင်ပေးနိုင်တာကြောင့် ခန္ဓါကိုယ်အတွက် မရှိမဖြစ်ပါပဲ။ လုံလောက်တဲ့ရေပမာဏကိုသောက်သုံးတာက ခန္ဓာကိုယ်ကို ရေဓါတ်ပြည့်စေပြီ နူးညံ့လှပတဲ့အသားအရည်ကိုရစေနိုင်ပါတယ်။
    • ဆေးလိပ်သောက်ခြင်းနဲ့ ဆေးသုံးစွဲခြင်းတွေက အသားအရည်ကိုအိုမင်းရင့်ရော်စေရုံသာမက ခြောက်သွေ့စေပြီး အရေးအကြောင်းတွေဖြစ်စေပါတယ်။ အကောင်းဆုံးနဲ့ထိရောက်မှုအရှိဆုံးအသားဖြူခရင်မ်တွေသုံးစွဲနေပြီး ဆေးလိပ်သောက်တာကိုမရပ်ရင်တော့ ရလဒ်ကထူးခြားလာမှမဟုတ်ပါဘူး။ ဆေးလိပ်ဖြတ်လိုက်ခြင်းက အသားဖြူလာစေဖို့ အကောင်းဆုံးလှုပ်ရှားမှုပါပဲ။

    ပို အသားဖြူအောင် ကူညီပေးနိုင်တဲ့ သဘာဝ အိမ်တွင်းသုံးနည်းလမ်းများ

    ဒိန်ချဉ်

    နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။

    အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။

    • ဘာမှမရောထားတဲ့ဒိန်ချဉ်ကို အသားအရည်ပေါ်မှာ နူးညံ့စွာပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ်ခန့်ထားပြီး ကြက်သီးနွေးရေနဲ့ဆေးကြောလိုက်ပါ။ နေ့စဉ် ရက်သတ္တပတ်ပေါင်းများစွာလုပ်လိုက်ရင် အသားအရည်ရဲ့သိသာတဲ့ပြောင်းလဲမှုတွေကို မြင်တွေ့လာရမှာပါ။
    • လတ်ဆတ်တဲ့ဒိန်ချဉ် စားပွဲဇွန်းတစ်ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဝက်ကိုရောပါ။ ရလာတဲ့အရောကို မျက်နှာနဲ့လည်ပင်းကိုလိမ်းပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေဆေးချလိုက်ပါ။ ဒါကိုနေ့စဉ်လုပ်ပေးခြင်းက အသားရောင်နဲ့ အသားအရည်ကို ပိုမိုကောင်းမွန်လာစေပါတယ်။
    • ဒိန်ချဉ်ထဲကို သံပုရာရည်အနည်းငယ်နဲ့ oatmeal(အုတ်ဂျုံ)ကိုရောပြီး အနှစ်ရအောင်လုပ်ပါ။ မျက်နှာပေါ်မှာ မျက်နှာဖုံးအနေနဲ့လိမ်းပေးပါ။ ဒီနည်းလမ်းကလည်း သင့်အသားအရည်ကို ပြောင်းလဲစေနိုင်ပြီး အစိုဓါတ်ကိုလည်းဖြည့်ဆည်းပေးနိုင်ပါတယ်။

    လိမ္မော်သီး

    အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။

    • လိမ္မော်ရည် စားပွဲဇွန်း၂ဇွန်းနဲ့ နနွင်းမှုန့်အနည်းငယ်ကိုရောပြီး အနှစ်ပြုလုပ်ပါ။ ရလာတဲ့အနှစ်ကို အိပ်ရာမဝင်ခင်မှာ မျက်နှာနဲ့လည်ပင်းကိုလိမ်းပေးပါ။ လက်တွေနဲ့ခြေထောက်တွေကိုလိမ်းပေးလို့လည်းရပါတယ်။ နောက်တစ်နေ့ နံနက်မှာတော့ ရေဆေးချလိုက်ပါ။ ဒါကိုလည်း နေ့စဉ်လုပ်ပေးပါ။
    • လိမ္မော်ခွံတွေကိုအမှုန့်ရသည်ထိ ကြိတ်ပါ။ ရလာတဲ့အမှုန့် နဲ့ ဒိန်ချဉ် စားပွဲဇွန်းတစ်ဇွန်းစီကိုရောပြီးအနှစ်ရအောင်လုပ်ပါ။ အနှစ်ကို အသားပေါ်မှာလိမ်းပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားပါ။ ရေဆေးချပါ။ ဒါကအစက်အပြောက်တွေနဲ့ မျက်နှာပေါ်မှာရှိတဲ့အမှတ်တွေကို မှေးမှိန်သွားစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်မှ ၂ကြိမ်ခန့်ထိလုပ်ပေးနိုင်ပြီး ဒီထက်တော့ပိုမလုပ်ပါနဲ့။

    ပျားရည်

    ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။

    သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။

    အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။

    သံပုရာ

    သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။

    ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။

    ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

    သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။

    ရှားစောင်းလက်ပက်ဂျယ်လ်

    ရှားစောင်းဟာ hyperpigmentation (ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။

    ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။

    ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။

    • ရှားစောင်းလက်ပတ်လက်တံရဲ့ အပြင်လွှာကို ခွဲလိုက်ပြီး အတွင်းက ဂျယ်လီတွေကိုညှစ်ယူပါ။
    • ဂျယ်တွေကို အသားပေါ်မှာသေချာလိမ်းပေးပါ။
    • နာရီဝက်ခန့်ထားပြီးရေဆေးချလိုက်ပါ။
    • ၂ပတ်ကိုအနည်းဆုံး၂ကြိမ်လုပ်ပါ။

    သင်္ဘောသီး

    သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။

    သင်္ဘောသီးကို စားပေးပါ။ သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။

    သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။

    သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။ မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။

    နနွင်း

    နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။

    နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။

    Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။

    သခွားသီး

    သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။

    သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။ မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။

    သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။ မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။

    သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။ မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။

    ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Wathun Myat Chal မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement