Long Term Effects (ရေရှည်ဆိုးကျိုး)
နေရောင်ခြည်နဲ့ ထိတွေ့တာများလာတဲ့အခါ
၁။ အရေပြား ထိခိုက်ပျက်စီးခြင်း။
- အရေပြား အရေးကြောင်းတွေဟာ နေရောင်ထိတွေ့တာများတဲ့ သူတွေမှာ စောစီးစွာဖြစ်လာနိုင်တဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
- အမည်းစက်၊ မှဲ့ခြောက်နဲ့ တင်းတိပ်တွေ ဖြစ်လာနိုင်ခြင်း။
- အရေပြားကင်ဆာဖြစ်နိုင်ခြင်း။
အရေပြားကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပေမယ့် နေရောင်ကို မကြာခဏထိတွေ့ခြင်းက အရေပြားကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ နေရောင်တဲ့ အများဆုံးထိတွေ့ရတဲ့နေရာတွေမှာ အဖြစ်များပြီး မှဲ့တွေကနေတစ်ဆင့် ကင်ဆာအဖြစ်ပြောင်းလဲလာနိုင်တဲ့ melanoma လည်းဖြစ်နိုင်တဲ့အတွက် ခန္ဓာကိုယ်မှာရှိနေတဲ့ မှဲ့တွေ အရွယ်အစားကြီးလာတာ၊ အရာင်ပြောင်းလာတာ၊ ရောင်လာတာ၊ သွေးထွက်လာတာတွေကို သတိထားပြီး စောင့်ကြည့်ပေးသင့်ပါတယ်။
၂။ မျက်လုံးထိခိုက်ခြင်း။
- မျက်ကြည်လွှာရောင်ခြင်း (photokeratitis)
- မျက်လုံးအတွင်း တိမ်ဖြစ်ခြင်း − အကာအကွယ်မပါဘဲ နေပူနဲ့တိုက်ရိုက် ထိတွေ့တာများတဲ့ သူမျိုးတွေမှာ ပိုဖြစ်နိုင်ပါတယ်။
- မျက်သားတက်ခြင်း (Pterygim) − မျက်သားတက်ခြင်းဟာ နာကျင်တဲ့ပြသနာတော့မရှိပေမယ့် သေသေချာချာ မကုသဘဲ ထားမယ်ဆိုရင် အမြင်ဝါးလာတာမျိုးတွေဖြစ်လာစေနိုင်ပါတယ်။
- Pingueculae လို့ခေါ်တဲ့ မျက်သားအဖြူအပေါ် အညိုရောင်အစက်အပျောက်လေးတွေဖြစ်တဲ့ ရောဂါလည်းဖြစ်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့်ရော၊ အခြား လေထုထဲမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- မျက်လုံးကင်ဆာကိုလည်းဖြစ်စေနိုင်ပါတယ်။
၃။ အပူလျှပ်ခြင်း၊ အပူကြောင့် သတိလစ်မေ့မျောခြင်း။
အပူဒဏ်ကြောင့် ရေနဲ့ ဆားဓာတ်တွေဆုံးရှုံးပြီး ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ အပူလျှပ်တဲ့ လက္ခဏာတွေအပြင် ပိုဆိုးလာတဲ့အခါမှာ အပူကြောင့် သတိလစ်တာတွေ၊ တက်တာတွေ စတဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အခြေအနေထိဖြစ်စေနိုင်ပါတယ်။
၄။ ကိုယ်ခံအား စနစ်အားနည်းလာခြင်း။
ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်းက ကိုယ်ခံအားကိုလည်း ကျဆင်းစေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။
ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ နေရောင်ခြည်ကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို သေချာသိရှိပြီး ကာကွယ်နိုင်ကြပါစေ။
ရေးသားသူ- Khine Phoo Ngon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။