ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ
မိသားစုဝင်တွေ စုဝေးပြီး ဘာဘီကျူး လုပ်စားရတာ ဘယ်လောက် ပျော်ဖို့ကောင်းကြောင်း အထူးတလည် ရှင်းပြနေစရာ လိုမယ် မထင်ပါဘူး။ ဒါကြောင့် ဘာဘီကျူး ပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာ အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် နည်းလမ်းတွေကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်စို့နော်။ ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ ဆိုတော့ အသား ရွေးချယ်မှု မှန်ကန်ပါစေ ဆူဖြိုးတဲ့ အသားတွေက အပြင်ပန်း ကြည့်လိုက်ရင် စားချင်စဖွယ် ဖြစ်နေပေမယ့် ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင် သေးသွယ်ကျစ်လျစ်တဲ့ အသားတွေက ပိုကောင်းပါတယ်။ အသား ရွေးချယ်ရာမှာ ကယ်လိုရီ ပါဝင်မှုများတဲ့ အမဲနံသား၊ ခါးဆစ်သားတွေအစား ကယ်လိုရီနည်းတဲ့ ခါးဆစ် အပေါ်သား၊ […]