အဟမ်း….. အဟမ်း…. ရာသီဥတုကြေညာချက်လေးထုတ်ပြန်ပါရစေ။ အခုဆိုရင်ဖြင့် ပူပြင်းတဲ့ နွေရာသီကိုရောက်လာပါပြီနော်။ နွေရာသီမှာ အပူချိန်မြင့်တာကတော့ လူတိုင်းသိပြီးသားပါနော်။ နွေပူပြင်းမှုနဲ့အတူ ထပ်ခံစားရနိုင်တာက ရေရှားတာလေနော်။ မြန်မာနိုင်ငံမှာ မြစ်ချောင်းအင်းအိုင်တွေပေါများပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သောက်ရေ၊ သုံးရေရှားပါးလာပြီဖြစ်သလို ရာသီဥတုမမှန်တာကြောင့်လည်း ရေပြတ်လပ်မှုတွေခံစားကြရပါတယ်။ ဒါကြောင့် ရေရှားတဲ့ နွေရာသီရောက်ရင် မသန့်ရှင်းတဲ့ ရေ ကြောင့် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။