home

ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မြင်တာနဲ့ အသည်းယားစရာ ကောင်းတဲ့ ပင့်ကူကို လူတိုင်းက ဝေးဝေးက ရှောင်ကြပါတယ်။ ဒါပေမယ့်လည်း မတော်တဆ ပင့်ကူကိုက် ခံရတဲ့အခါ ထိတ်လန့်မသွားဘဲ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိထားသင့်ပါတယ်။ ပင့်ကူကိုက် ခံရခြင်းအတွက် အိမ်တွင်းပြုစုနည်း ပင့်ကူကိုက်ခံရတာနဲ့ ချက်ချင်းဆိုသလို အဆိပ်တက်ပြီး တစ်ကိုယ်လုံး မည်းတက်လာတာက ရှားပါတယ်။ ဒါမျိုးက ရုပ်ရှင်ထဲမှာပဲ ရှိတာပါ။ များသောအားဖြင့် အိမ်မှာ တွေ့ရတဲ့ ပင့်ကူတွေ၊ လူနဲ့ အနေနီးတွေ ပင့်ကူတွေက တခြားအင်းဆက်တွေလိုပဲ အန္တရာယ်ပေးတာ နည်းပါတယ်။ ဒါကြောင့် အိမ်တွင်းပြုစုနည်းတွေကလည်း တခြားအင်းဆက်အကိုက်ခံရတာနဲ့ ဆင်တူပါတယ်။ အရင်ဆုံး ကိုက်ခံရတဲ့ နေရာကို ရေနဲ့ ဆပ်ပြာနဲ့ ဆေးချပါ။ ပြီးရင်  ပိုးမဝင်အောင် ပိုးသတ်ဆေးကို တစ်နေ့ ၃ကြိမ်လိမ်းနိုင်ပါတယ်။ နာတာ၊ ရောင်တာရှိရင် ရေခဲဝတ်လေးကို အကိုက်ခံရတဲ့ နေရာမှာ […]

ရှေးဦးသူနာပြုစုခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ရှေးဦးသူနာပြုစုခြင်း

သေနတ်ထိ ပေမယ့် အသက်ရှင်တာမျိုး ဖြစ်နိုင်လား...... လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မယ့် လူတိုင်းသိတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂျိမ်းစ်ဘွန်းရဲ့ ဇာတ်ကားတွေထဲကလိုမျိုး ကျည်ဆန်ထိပေမယ့် မသေတာမျိုး တကယ်ဖြစ်နိုင်လားဆိုတော့.... ရုပ်ရှင်ဆိုတာက ကြည့်လို့ကောင်းအောင် စိတ်ကူး ပုံဖော်ထားပေမယ့် ပြင်ပက ဘဝတွေကို ထင်ဟပ်နေစေတာတွေ အများကြီးပါ။ အပြင်မှာ ကျည်ဆန်ထိမှန်ခဲ့ပေမယ့် အသက်ရှင်တာ တကယ်ကိုရှိတယ်နော်။ ဒါကတော့ မာလာလာလို့ အများက သိထားကြတဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး နိုဗယ်လ်ဆုရှင် Malala Yousafzai ပါပဲ။ သူမဟာ ဦးခေါင်းမှာ ကျည်ဆန် ထိမှန်ခဲ့ပေမယ့် အခုထိတိုင် သက်ရှိထင်ရှား ရှိနေဆဲပါပဲ။ တကယ်ကလည်း ကျည်ဆန်ထိတိုင်း လူသေတယ်တော့ မဟုတ်ပါဘူး။ ကျည်ဆန်က ဖောက်ထွက်သွားတဲ့ ဒဏ်ရာ အမျိုးအစား တစ်မျိုးပါ။ ဒီဒဏ်ရာက တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသဖို့ လိုတယ်ဆိုပေမယ့် ကုသမှု မခံယူနိုင်ခင် စပ်ကြား အချိန်ကာလမှာ […]

ရှေးဦးသူနာပြုစုခြင်း

လုံလောက်မှုမရှိတဲ့ တုံ့ပြန်မှုတွေ၊ အချိန်နဲ့တပြေးညီ ကုသစောင့်ရှောက်ပေးနိုင်မှုတွေ ကင်းမဲ့မှုကြောင့် နှစ်စဉ် သန်းပေါင်းများစွာသောလူတွေဟာ ထိခိုက်မှုတွေကြောင့် နာကျင်မှုတွေ၊ သေဆုံးမှုတွေကို ခံစားနေကြရပါတယ်။ တကယ်လို့ ထိခိုက်မှုတစ်ခုခု၊ မတော်တဆမှု တစ်ခုခု ဖြစ်တဲ့အခါ ချက်ချင်းဆိုသလို ထိထိရောက်ရောက် ပြုစုစောင့်ရှောက်မှု ပေးနိုင်မယ်ဆိုရင် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ အရေးပေါ်အခြေအနေတွေမှာ ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးတာက လူနာကို ရှင်သန်နိုင်မယ့် အခွင့်အလမ်းများစေပါတယ်။ ရှေးဦးသူနာပြုစုခြင်းက အရေးပေါ်ကုသမှုနေရာမှာအစားထိုးတာမျိုး မဟုတ်ပါဘူး။  ထိခိုက်မိတဲ့အခါ ပြင်းထန်တဲ့အဆင့် မရောက်စေဖို့နဲ့ ရှင်သန်နိုင်မယ့် အခွင့်အရေးများစေဖို့ အရေးပေါ်ကုသမှုမခံယူနိုင်ခင်စပ်ကြား  လုပ်ဆောင်ပေးသင့်တဲ့ အရေးပါတဲ့အဆင့်တစ်ရပ်ပါ။ ရှေးဦးသူနာပြုစုခြင်းက ဘာတွေလုပ်ပေးနိုင်လဲ။ ရှေးဦးသူနာပြုစုခြင်းက တစ်ဦးတစ်ယောက် ရုတ်တရက်ထိခိုက် ဒဏ်ရာရသွားတာ၊ အစာနင်တာလိုမျိုး အရေးပေါ် ကျန်းမာရေးပြဿနာတစ်ခုခု ကြုံတဲ့အခါ ဆေးကုသမှု မခံယူနိုင်ခင် ကာလအပိုင်းအခြားလေးမှာသက်သာစေဖို့ အန္တရာယ်ရှိတဲ့ အခြေအနေက ကျော်လွှားနိုင်စေဖို့ ထောက်ကူပေးတဲ့အရာပါ။ ဒီလို လုပ်ဆောင်ပေးတာက […]

ရှေးဦးသူနာပြုစုခြင်း

ဆေးလိပ်ကို ကာလကြာရှည်စွာ သောက်နေသူတစ်ယောက်အတွက် ဆေးလိပ်ဖြတ်ဖို့ဆိုတာ လွယ်ကူလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အင်မတန်မှ စွဲလမ်းစေပြီး ဖြတ်ရခက်ပါတယ်။ ဆေးလိပ်ဖြတ်မယ်လို့ စဉ်းစားလိုက်တာနဲ့ တိခနဲ ချက်ချင်းပြတ်သွားမှာ မဟုတ်ပါဘူး။ ခက်ခဲတဲ့ အဆင့်တွေကို ကျော်ဖြတ်ရပါဦးမယ်။ ဆေးလိပ်ကို ကြိုးစားပြီးဖြတ်နေချိန်မှာ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကူအညီကို လိုအပ်လှပါတယ်။ သင့်မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ  ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူတွေရှိနေရင် ဒီလိုနည်းလမ်းလေးတွေနဲ့ ကူညီအားပေးလိုက်ပါ။ (၁) နှုတ်ဖြင့်အားပေးပါ။ ဒီနည်းလမ်းဟာ အင်မတန်မှ လွယ်ကူရိုးရှင်းလှပါတယ်။ နှုတ်၏စောင်မခြင်း ဆိုပါတော့။ ဆေးလိပ်သောက်သုံးသူ တစ်ယောက်က ဆေးလိပ်ဖြတ်ဖို့ စကားစလာတဲ့အခါ အောက်ပါစကားလုံးလေးတွေနဲ့ တုံ့ပြန် နိုင်ပါတယ်။ “ ငါမင်းအတွက် ဂုဏ်ယူလိုက်တာ၊ ဆေးလိပ်ဖြတ်ဖို့ စိတ်ကူးရှိတာ မင်းအရမ်းတော်တာပဲ” “ဆေးလိပ်ဖြတ်ချိန်မှာ အခက်အခဲတွေတော့ရှိမှာပဲ။ ဒါပေမယ့် မင်းသေချာပေါက် လုပ်နိုင်မှာပါ။    မင်းအောင်မြင်မယ်ဆိုတာ ငါယုံကြည်တယ်။” “ အကူအညီလိုတာရှိရင် ပြောနော်၊ […]

ရှေးဦးသူနာပြုစုခြင်း

ရေကူးနေရင်း ကြွက်တက်တယ်ဆိုတာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြွက်တက်လို့ မသေပေမယ့် ကြွက်သားတွေ လှုပ်မရတာကြောင့် အခန့်မသင့်ရင် ရေနစ်ပြီး အသက်ဆုံးရှုံးတက်ပါတယ်။ ဒါကြောင့် မတော်တဆများ ရေကူးရင်း ကြွက်တက်လာခဲ့ရင် အသက်အန္တရာယ် မထိခိုက်အောင် ဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ ရေကူးရင်း ဘာကြောင့်ကြွက်တက်တာလဲ။ အကြောင်းရင်းတွေ သိထားတော့ နောက်တစ်ခါ မဖြစ်အောင် ကာကွယ်လို့ရတာပေါ့။ များသောအားဖြင့်တော့ ရေနဲ့ ဓာတ်ဆား မလုံလောက်တာ။ ကြွက်သားတွေ ကောင်းကောင်း ကျုံ့ဆန့်နိုင်ဖို့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ပူကလည်းပူ၊ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးနေတတ်ပြီး အေးအောင်ဆိုပြီး ရေဆင်းကူးလိုက်ရင် ဒီပြဿနာဖြစ်တတ်ပါတယ်။ ကြွက်သားတွေ တောင့်တင်းတာ အလွန်အကျွံ ရေကူးတာ ရေထဲမှာ ကောင်းကောင်း အသားမကျသေးတာ ရေက အေးလွန်းတာ မလိုအပ်ဘဲ အားသုံးပြီးကူးတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ရေကူးရင်း […]

ရှေးဦးသူနာပြုစုခြင်း

ဟာ....... ယားလိုက်တာ။ အဖုလေးလည်း ဖြစ်နေတယ်။ ဘာပိုးကောင်ကိုက်သွားတာလည်းမသိ။ ယားလိုက်တာ ဒီလောက် ကုတ်နေတာတောင် အယားမပြေဘူးဆိုပြီး တအားဖိကုတ်နေတာ၊ လက်သည်းနဲ့ ခြင်ကိုက်ဖု ဒါမှမဟုတ် ပိုးကောင်ကိုက်ခံရတဲ့ နေရာမှာ အနာထပ်ဖြစ်အောင် လုပ်နေမိပြီလား ။ ဒါဆိုရင်တော့ ဒီလိုလုပ်နေတာကို အခုချက်ချင်း ရပ်လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ခြင်ကိုက်ဖု ဒါမှမဟုတ် ပိုးကောင်ကိုက်ခံရတဲ့ နေရာကို အယားပြေအောင် လုပ်ဖို့ ပြောပါရစေ။ ပိုးမွှားတွေ ခြင်တွေ ကိုက်ခံရရင် ဘာလို့ ယားယံရတာလဲ။ ခြင်တွေ ပိုးကောင်တွေ ကိုက်ခံရရင် ယားယံတာက လူ့ခန္ဓာကိုယ်ထဲက သွေးကို စုပ်ယူဖို့အတွက် anticoagulant နဲ့ ပရိုတင်းတို့ ပါဝင်တဲ့ တံထွေးတစ်မျိုးကို ထိုးသွင်းလိုက်တာကြောင့်ပါ။ ဒီလို ထိုးသွင်းလိုက်တဲ့အခါ ပရိုတင်းက ပြင်ပက ဝင်ရောက်လာတဲ့ အရာတစ်မျိုး ဖြစ်နေတာကြောင့် ကိုယ်ခံအားက တုံ့ပြန်တိုက်ခိုက်ပါတယ်။ ဒီတုံ့ပြန်တိုက်ခိုက်မှုရဲ့ ရလဒ်အနေနဲ့ […]

ရှေးဦးသူနာပြုစုခြင်း

ခွေးရူးပြန်ရောဂါကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေ၊ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ နည်းပါးသေးတဲ့ နိုင်ငံတွေမှာ ခွေးရူးပြန်ရောဂါကြောင့် အသက်ဆုံးရှုံးမှုတွေက အများအပြားရှိနေဆဲပါ။ တကယ်တော့ ခွေးရူးရောဂါပိုးက ရာနှုန်းပြည့်ကာကွယ်လို့ ရတဲ့ အရာပါ။ သိရှိမယ်။ ကာကွယ်ဆေး ထိုးမယ်ဆိုရင် ထိခိုက်မှု လုံးဝမရှိဘဲ ကာကွယ်နိုင်မယ့် ကျန်းမာရေး ပြဿနာ တစ်ခု ပါ။ ဒီတော့ ခွေးရူးရောဂါပိုး အကြောင်း သိထားပြိး ကာကွယ်လို့ ရအောင် ဒီ ဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ ခွေးရူးရောဂါပိုးဆိုတာ ဘာလဲ........ ခွေးရူးရောဂါပိုးဆိုတာက တိရစ္ဆာန်တွေမှာဖြစ်ပွားတဲ့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ အိမ်မွေး ခွေးတွေမှာရော တောရိုင်းတိရစ္ဆာန်တွေမှာပါ တွေ့ရနိုင်ပါတယ်။ ကြောင်တွေ၊ လင်းနို့ နဲ့ ကိုက်ဖြတ်စား သတ္တဝါတွေမှာလည်း တွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ ဒီရောဂါပိုးက လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ […]

ရှေးဦးသူနာပြုစုခြင်း

စက်ယန္တရားတွေနဲ့ အလုပ်လုပ်နေကြတဲ့သူတွေမှာ ထိခိုက်ဒဏ်ရာဆိုတာက ကြုံတတ်ပါတယ်။ ဒီထဲမှာ ဆိုးဆိုးဝါးဝါး ဖြစ်တတ်တာကတော့ ခြေပြတ် လက်ပြတ်ဖြစ်တာပါပဲ။ ခြေချောင်း လက်ချောင်းလေးတွေ ဖြစ်ကောင်း ဖြစ်မယ်။ ခြေတွေ လက်တွေ ဖြစ်ကောင်း ဖြစ်မယ်။ ခုခေတ်မှာက ခြေတွေ လက်တွေ ဆိုတာက ပြတ်သွားရင်တောင် တော်တော်များများ ပြန်ဆက်နိုင်နေပါပြီ။ အဓိက အရေးကြီးတာက ခြေတွေ လက်တွေကို သေချာသိမ်းဆည်းထားနိုင်ဖို့ပါပဲ။ ယန္တရားတွေနဲ့ ထိခိုက်မိလို့ ခြေပြတ် လက်ပြတ် ဖြစ်သွားခဲ့ရင် ဘေးလူက အရေးကြီးပါတယ်။ ဘေးလူက သတ္တိရှိရှိနဲ့ လုပ်တတ်ကိုင်တတ်ရင် လူနာအတွက် အများကြီး အကျိုးရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဘာတွေ သတိထားရမလဲ။ တစ်ခုခုနဲ့ ခိုက်မိလို့ ရှိရင် ဘာတွေကို သတိထားရမလဲဆိုတော့ ဒဏ်ရာဖြစ်တဲ့နေရာကနေ လူနာကို ဘယ်လို ကယ်ထုတ်မလဲ။ ဒဏ်ရာကို ဘာလုပ်ပေးမလဲ။ […]

ရှေးဦးသူနာပြုစုခြင်း

အိမ်မွေးခွေးလိုမဟုတ်ဘဲ လမ်းဘေးခွေးတွေဟာ လူတွေအပေါ် ပိုပြီးရန်လိုတတ်ကြပါတယ်။ အထူးသဖြင့် ညမှောင်တဲ့အချိန်၊ သန်းခေါင်ယံတွေမှာ အပြင်ထွက်တဲ့အခါ ခွေးတွေအနေနဲ့ မိမိပိုင်နက်အတွင်းကို ကျူးကျော်တယ်လို့ သတ်မှတ်ပြီး ရန်မူတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လမ်းဘေးခွေးများအခြေအနေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားတဲ့ အလေအလွင့်ခွေးတွေ အရမ်းများပါတယ်။ စနစ်တကျ မွေးမြူထားခြင်းမဟုတ်ဘဲ သနားတဲ့ စိတ်နဲ့ လူတွေက အစာတွေ မကြာခဏကျွေးတဲ့အခါ ပေါက်ဖွားနှုန်းက ပိုများလာပါတယ်။ သနားတာက တချို့နေရာတွေမှာ ကောင်းပေမယ့် နေရာတိုင်းအတွက်တော့ မဟုတ်ပါဘူး။ အလေအလွင့်ခွေးတွေ များလေ၊ ခွေးရူးပြန်ရောဂါရဲ့ ဒုက္ခက မသေးလှပါဘူး။ ကလေးတွေအတွက်ဆို ပိုပြီး ဒုက္ခများပါတယ်။ မိဘမပါဘဲ ကလေးတွေကို အပြင်လွှတ်လိုက်လို့ ကလေးတွေက လမ်းဘေးခွေးတွေကို သွားစ၊ ပြီးရင် အကိုက်ခံရတဲ့အခါ ဒဏ်ရာအတွက်ပဲ ဆေးထည့်ပြီး ခွေးရူးပြန်ကာကွယ်ဆေး မထိုးရင် ကလေးရဲ့ဘဝက အဲဒီမှာတင် လမ်းဆုံးပါပြီ။ လမ်းဘေးခွေး […]

ရှေးဦးသူနာပြုစုခြင်း

ဖန်ကွဲစလေး နင်းမိလိုက်၊ သစ်သားစလေး စူးလိုက်၊ နှင်းဆီလေး ဆူးထွင်ရင်း စူးသွားလိုက် တစ်မျိုး မဟုတ် တစ်မျိုးတော့ စူးဖူးမှာပါ။ လက်ထဲမှာ နာတာတာ၊ ခိုးလို့ ခုလုနဲ့ နေရထိုင်ရ မကောင်းတဲ့ ပြဿနာ တစ်ခုပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ဆူးစူးသွားရင် ဘယ်လိုထွင်မလဲ၊ ဘယ်လိုအချိန်မှာတော့ ဆေးရုံဆေးခန်းသွားသင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ ဆူးစူးတာကို ဘာကြောင့် ထွင်ရတာလဲ။ ဆူးစူးတာက နေရတာခက်လို့ ထွင်တယ်ဆိုပေမယ့် တခြားအကြောင်းအရင်းတွေကြောင့် မထွင်မဖြစ် ထွင်ရတာပါ။ ဆူးက နက်တယ်ဆိုရင် ပြည်တည်နာ ဖြစ်မယ် ပိုးဝင်မယ် ရောင်ရမ်းမယ် အခန့်မသင့်လို့ ဆူးတဲ့ ပစ္စည်းက မသန့်ရင် မေးခိုင်ပိုးကလည်း ဝင်တတ်သေးတာဆိုတော့ ထွင်လိုက်တာ အကောင်းဆုံးပါပဲ။ တချို့ဆူးတွေကတော့ သေးလို့ သူ့ဟာသူ ထွက်သွားတတ်ပါတယ်။ ဆူးဘယ်လိုထွင်ကြမလဲ။ အနာကို သန့်ရှင်းရေးလုပ်ပါ။ ညစ်ပေနေတာတွေ သန့်သွားအောင် အရင်ဆုံး ရေနဲ့ […]

ရှေးဦးသူနာပြုစုခြင်း

ဟိုကပ် ဒီကပ် ကပ်တတ်တဲ့ စူပါဂလူးလေးဟာ မျက်လုံးထဲလည်း ဝင်တတ်ပါတယ်။ ကြုံတောင့်ကြုံခဲ အခြေအနေမို့လို့ ရုတ်တရက် ကြုံလာရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေမှာပါ။ ဒါကြောင့် ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ စူပါဂလူးက ဘယ်လိုလုပ်ပြီး မျက်လုံးထဲဝင်တာလဲ။ အဖြစ်အများဆုံးကတော့ ကလေးအရွယ်တွေနဲ့ ဘိုးဘိုးဘွားဘွား အရွယ်တွေပါပဲ။ ကလေးတွေကတော့ လူကြီးအလစ်မှာ ဆော့ရင်း ပြုရင်း မျက်လုံးထဲကို ညှစ်မိတာကြောင့် ဝင်သွားတာပါ။ လူကြီးတွေက မမြင်မစမ်းနဲ့ မျက်စဉ်းဆေးနဲ့ မှားပြီး ခတ်တဲ့ကြပါသတဲ့ ။ ဒါကြောင့် စူပါဂလူးကို ကလေးတွေ မမီနိုင်တဲ့ နေရာမှာ သိမ်းရမှာ ဖြစ်သလို လူကြီးတွေမမှားအောင် ဆေးဘူးတွေနဲ့ တွဲမထားပါနဲ့။ စူပါဂလူးဝင်ရင် ဘာလုပ်ရမလဲ။ စူပါဂလူးက မျက်လုံးထဲကို တန်းပြီး ဝင်သွားတာ ရှိသလို မျက်တောင်တွေမှာ ကပ်နေတာ ဒါမှမဟုတ် မျက်ခွံနှစ်ခုကြားမှာ ကပ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ စူပါဂလူး […]

ရှေးဦးသူနာပြုစုခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Phio Thiha

သားဖွားပညာ

Phyo Clinic (Pazundaung)

expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy