၆။ နေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်မှုကို မဖြစ်စေဖို့ UV-A နဲ့ UV-B ၂မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေလောင်ကာခရင်မ်မျိုး ဝယ်ယူအသုံးပြုပေးပါ။ လိမ်းတဲ့အခါမှာလည်း မျက်နှာ၊ လည်ပင်း၊ ဂုတ်သားအပြင် တခြားနေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကိုပါ လိမ်းပေးဖို့ လိုပါတယ်။
၇။ နေပူထဲ အပြင်မထွက်ခင် မိနစ် ၃၀ခန့် ကြိုတင်ပြီး နေလောင်ကာခရင်မ် လိမ်းပေးရပါမယ်။ ချွေးအလွန်ထွက်တာမျိုး၊ ရေကူးပြီးတဲ့အခါမျိုးမှာ နေလောင်ကာခရင်မ်တွေ ပျက်သွားနိုင်တဲ့အတွက် ထပ်ပြီး လိမ်းပေးဖို့ လိုပါတယ်။
၈။ ခန္ဓာကိုယ် ပြင်ပအရေပြားအတွက်သာ အသုံးပြုရမှာ ဖြစ်ပြီး မျက်လုံးထဲ၊ ပါးစပ်ထဲ မဝင်စေဖို့ သေချာ ဂရုစိုက်ပေးပါ။ ကလေးငယ်လေးတွေ အလွယ်တကူ လက်လှမ်းမမီလောက်တဲ့ နေရာမှာ သိမ်းထားပါ။ ပူလွန်းတဲ့ နေရာတွေ၊ နေရောင်ခြည်အောက် တည့်တည့်မှာ ထားရင် အာနိသင်ပျက်သွားနိုင်လို့ အခန်းအပူချိန်မှာပဲ သိမ်းဆည်းပေးပါ။ သက်တမ်းကုန်ဆုံးသွားတဲ့ အလှကုန်ပစ္စည်းတွေကို လွှင့်ပစ်လိုက်ပါ။
နေလောင်ကာလိမ်းဆေးကြောင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လား။
ပုံမှန်အားဖြင့် နေလောင်ကာလိမ်းဆေးကြောင့် အသားအရေအတွက် ပြဿနာ မဖြစ်စေနိုင်ပေမဲ့ ကိုယ်သုံးနေတဲ့ တံဆိပ်ကြောင့် အရေပြားပေါ်မှာ ဝက်ခြံ၊ အဖုအပိမ့်တွေ၊ ပူစပ်ပူလောင်၊ ယားယံတာ၊ အသားထဲက စူးတာ၊ နီရဲပြီး ယောင်လာတာ၊ အနီကွက်တွေ ထလာတာ၊ အမွေးအမျှင်ရှိတဲ့ နေရာတွေမှာ စပ်တာ၊ မွေးညှင်းပေါက်ကနေ ပြည်တွေ ထွက်လာတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ သိပ်ပြီး စိုးရိမ်စရာမရှိဘဲ သေချာကုသလိုက်ရင် သက်သာသွားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကိုယ်နဲ့သင့်တော်တဲ့ တံဆိပ်ပြောင်းသုံးပေးဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။