လေ့လာမှုတွေအရ အုန်းစိမ်းရည်က သန္ဓေသား ဖွံ့ဖြိုးအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်နေပါတယ်။ မိခင်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးနိုင်သလို ဘေဘီလေးရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကိုလည်း ထောက်ကူပေးပါတယ်။
အုန်းစိမ်းရည် သောက်တာ အထူးသဖြင့် တတိယသုံးလပတ်ကာလမှာ သောက်သုံးတာက ရေမြွာရည် တိုးစေနိုင်သလို သွေးပမာဏ တိုးစေပြီး သွေးလည်ပတ်မှု ကောင်းစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကြောင့် ရေဓာတ်ဆုံးရှုံးမှုတွေ များတာကြောင့် electrolytes တွေ ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါမယ်။
ဒီပြဿနာကို သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ အုန်းစိမ်းရည်က အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ အကြောင်းကတော့ အုန်းစိမ်းရည်မှာ ကိုယ်ဝန်ဆောင်မေမေတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် ရင်ပူတာ၊ ဝမ်းချုပ်တာ၊ အစာမကြေတာတွေကို ခံစားရနိုင်ပါတယ်။ အုန်းစိမ်းရည်ကအစာခြေစနစ်ကို ကျန်းမာစေနိုင်သလို pH ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။