backup og meta

မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

    နွေရာသီမှာ မိတ်ပေါက်တာ မဆန်းပေမယ့် မိတ်ပျောက် သွားရင်တော့ ဖြစ်ကျန်ခဲ့တဲ့ အမာရွတ်တွေကို သူများမြင်ရင်တော့ ဆန်းနေမှာနော်။ မိတ်ဖုလေးတွေပျောက်သွားရင် ကျန်ခဲ့တဲ့ အကွက်လေးတွေက ညှင်းတွေလိုလို၊ ပွေးတွေလိုလို အထင်ခံရတာ တော်တော်ဆိုးပါတယ်။ သူကတော့ အန္တရာယ် မပေးနိုင်ပေမယ့် နေရခက်စေတာရယ်၊ အမာရွတ် ကျန်တာရယ် ကြောင့် မိတ်ပေါက်လာတာနဲ့ ကိုယ်သက်သာမယ့် နည်းလမ်းကို ရှာရပါတော့တယ်။ ဒီတစ်ခေါက်တော့ မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    မိတ်ဖုလေးတွေ ဟာ အပူချိန်ပြင်းလွန်းလို့ အရေပြားက တုံ့ပြန်လာတဲ့အရာပါ။ ချွေးထွက်ပြွန်တွေ ပိတ်ဆို့ပြီး အရေပြားထဲမှာ ချွေးတွေ ငုပ်သွားတဲ့အခါ မိတ်ထွက်လာပါတယ်။ နီနီဖု အသေးလေးတွေ ခပ်ကျဲကျဲ သို့မဟုတ် အပြင်လိုက် ထွက်တတ်တဲ့ မိတ်ဖုလေးတွေ က အများအားဖြင့် အဝတ်အစားနဲ့ ဖုံးအုပ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာပါ ဖြစ်လာတတ်တယ်။ ဥပမာ ကျော၊ လည်ပင်း၊ ရင်ဘတ်၊ ချိုင်းကြား၊ ဗိုက် တို့မှာပေါ့။ ဒါပေမယ့် အမာရွတ်ကျန်ရင်ကျ လူမြင်လောက်တဲ့ လက်မောင်းနဲ့ ချိုင်း ဒါမှမဟုတ် လည်ပင်းမှာဆို လက်ပြတ်လေးလည်း မဝတ်ရဲ၊ လည်ပင်းပေါ်မှာစိုးလို့ ဆံပင်လည်း လှန်မတင်ရဲ ဖြစ်ရတာတွေ ရှိပါတယ်။

    အချိန်တန်ရင် သူ့အလိုလို ပျောက်ကင်းမှာဆိုပေမယ့် နေရခက်တာတွေ သက်သာအောင်၊ အမာရွတ် မကျန်အောင် ဒီအချက်တွေ ဂရုစိုက်ပေးလိုက်ပါ။

    မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

    မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။

    • ချွေးအလွန်အကျွံ မထွက်အောင် နေပူထဲ သိပ်မထွက်ဖြစ်ဖို့၊ နေမလောင်ဖို့ သတိပြုပါ။ တတ်နိုင်သလောက် အရိပ်ထဲနေပါ။

    မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

    • လေဝင်လေထွက် ကောင်းပြီး အသားအေးတဲ့ အဝတ်အစားတွေ ဝတ်ပါ။ ပူအိုက်စေပြီး ချွေးမစုပ်တဲ့ အသားတွေ ဝတ်ရင် ပိုဆိုးစေနိုင်တယ်။
    • အဝတ်အစား ကျပ်ကျပ်တွေ မဝတ်ပါနဲ့။ အသားမှာ ကပ်မနေဘဲ ချောင်ချိတာကို ရွေးပါ။
    • ရေပုံမှန် ချိုးပါ။ သိပ်မပြင်းတဲ့ ဆပ်ပြာကိုပဲ သုံးပါ။
    • အရေပြားကို မပွတ်တိုက်ပါနဲ့။ ရေချိုး၊ ဆပ်ပြာ တိုက်တဲ့အခါ ဖြစ်ဖြစ်၊ ရေသုတ်တဲ့အခါဖြစ်ဖြစ် အသာအယာပဲ ထိတွေ့ပါ။ မိတ်ဖုတွေ ပွန်းပဲ့ပေါက်ပြဲရင် အမာရွတ် ကျန်မှာ သေချာပါတယ်။
    • အရေးကြီးဆုံးနဲ့ လိုက်နာရ အခက်ဆုံး အချက်က မကုတ်ဖို့ပါပဲ။ မိတ်တွေက မခံနိုင်အောင် ယားတတ်တာမို့ မကုတ်မိအောင် ထိန်းပါ။ အမာရွတ် ကျန်နိုင်တဲ့ အဓိက အချက်ဖြစ်ပါတယ်။
    • အရေပြားကို မခြောက်သွေ့အောင် ဂရုစိုက်ပါ။ ရေဓာတ် ဖြည့်ပေးတဲ့ အစိုဓာတ်ထိန်းပစ္စည်း (moisturizer )တစ်ခုခု လိမ်းပါ။  ရှားစောင်း သို့မဟုတ် သခွားသီးဂျယ်တို့လည်း သုံးနိုင်ပါတယ်။

    မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

    • ရေများများ သောက်ပါ။ ရေဓာတ်က ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေကို ပွင့်စေပြီး အပူဖုတွေကြောင့် အရေပြား ပူလောင်မှုကို သက်သာစေပါတယ်။
    • လေသလပ် ခံပေးပါ။

    ဒါပေမယ့်

    • မိတ်ဖုတွေ များနေတာ၊
    • ဆိုးရွားလာတာ၊
    • အနာဖုတွေ ကြီးလာတာ ဆိုရင် ဆရာဝန်ပြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement