- ပင်လယ်ငါးအဆီ
- အခွံမာသီးတွေနဲ့အစေ့အဆန်တွေကနေရတဲ့အဆီဓါတ်
- ထောပတ်သီး
- သံလွင်ဆီစစ်စစ်
- နေကြာဆီ
- စပျစ်သီးစေ့အဆီ တို့စားပေးလို့ရပါတယ်။
အနီရောင်အသား၊ပြုပြင်ထားတဲ့အသားတွေတွေမှာပါတဲ့ အဆီတွေ၊ ထောပတ်၊ ဘီစကစ်၊ ကိတ်မုန့်နဲ့ အခြားအဆီများတဲ့ အစားအစာတွေကို မစားလေကောင်းလေပါနော်။
ဆားတွေအများကြီးစားတာက သွေးတိုးစေနိုင်ပါတယ်။ သွေးတိုးတာရဲ့ နောက်ဆက်တွဲက နှလုံးရောဂါခံစားရနိုင်ခြေကို တိုးစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။နွေပူပူမှာ ရေဓာတ်ဆုံးရှုံးမှုများမှာဆိုတော့ ဆားကို စားသင့်ပေမယ့် အများကြီးကတော့ မသင့်တော်ပါဘူး။
တစ်နေ့တာမှာ အများဆုံးအနေနဲ့ ဆားကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာပဲ စားပေးပါ။ ဟင်းတွေကို အငန်ကဲအောင် မချက်ပါနဲ့။ အငန်ကဲတဲ့ အသင့်စားအစားအစာတွေမစားပါနဲ့။ အသီးခြောက်တွေ၊ ငါးခြောက်၊ ဆားရည်စိမ်ထားတဲ့ အသီးအရွက်တွေ၊ ဆားဘဲဥ၊ အာလူးကြော်လိုမျိုး အငန်ကဲတာတွေ မစားပါနဲ့။ ဘာတွေစားမလဲဆိုတော့
- ကြက်ရင်အုံသား
- လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်
- လတ်လတ်ဆတ်ဆတ်အသား
- ပြောင်းဖူးပြုတ်လိုမျိုး အစားအစာတွေ စားပေးလို့ရပါတယ်။
သစ်သီးတွေ စားပေးပါ
နွေပူပူမှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်ပြီး လန်းဆန်းနေစေဖို့နဲ့ ကျန်းမာတဲ့ အမျှင်ဓာတ်ရရှိစေဖို့ သစ်သီးတွေ စားပေးလို့ရပါတယ်။ သစ်သီးစားတဲ့အခါ ရေဓာတ်ပြင် ဗီတာမင် စီ နဲ့ ဗီတာမင်အေတို့ကိုပါ ရရှိစေမှာဆိုတော့ ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဘာသစ်သီးတွေ စားလို့ရမလဲဆိုတော့
- ဖရဲသီး
- စတော်ဘယ်ရီ
- ဘလူးဘယ်ရီ
- သခွားမွှေး
- သခွားသီး
- မက်မွန်သီး
- ပန်းသီး
- ပန်းသစ်တော်သီး
- သစ်တော်သီး
- သင်္ဘောသီး
- ခရမ်းချဉ်သီး တို့စားသုံးပေးလို့ရပါတယ်။
သွေးတွင်းသကြားဓာတ် ဆောင့်မတက်အောင် ထမင်းကြီးတွေနဲ့ ၂နာရီလောက် အချိန်ခွာစားပါ။
အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေ လျှော့စားပါ
ကစီဓာတ်နည်းနည်းပဲစားရတဲ့အခါ ခန္ဓာကိုယ်ကျန်းမာအောင်ဆိုပြီး ပရိုတင်းဓာတ်ကို အများကြီးစားမိနိုင်ပါတယ်။ မြင်သာအောင်ပြောပြရရင် ထမင်းလျှော့စားလိုက်ပြီး အသားတွေ ပိုစားတာမျိုးပါ။ ပရိုတင်းဓာတ်က လိုအပ်ပေမယ့် အနီရောင်အသားတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေဆို စားမယ်ဆိုရင်တော့ နှလုံးရောဂါနဲ့ ကင်ဆာဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်နော်။ ထမင်းလျှော့စားရတာကြောင့် ခန္ဓာကိုယ်မှာ အာဟာရမပြည့်မှာစိုးရင် အနီရောင် အသားနဲ့ပြုပြင်ထားတဲ့ အသားတွေအစား ဒါလေးတွေပိုစားပေးပါ။
- ပဲအမျိုးမျိုး
- ဥအမျိုးမျိုး
- ငါး
- ကြက်သား
- ကြက်ဆင်သား
- ဆားမပါတဲ့ အခွံမာသီးလှော်တွေ
- ဆယ်လ်မွန်ငါး
- မက်ကာရယ်ငါးတို့ စားပေးပါနော်။
အချိုကဲတာတွေ မစားပါနဲ့
ဒါတွေအပြင်နောက်ထပ်ဂရုစိုက်ရမှာက အချိုများတဲ့အစားအစာတွေ မစားဖို့ပါ။ အချိုက လုံးဝမစားဖို့မဟုတ်ပေမယ့် အချိုကဲတာတွေ မစားသင့်ပါဘူး။ အချိုရည်တွေ မသောက်သင့်ပါဘူးနော်။ အားဖြည့်အချိုရည်တွေလည်း မသောက်သင့်ပါဘူးနော်။ ဒါဆို ဘာတွေသောက်ရမလဲ။ ဒါလေးတွေ သောက်ပေးလို့ရပါတယ်နော်။
- သဘာဝသစ်သီးစစ်ကို ဖျော်ထားတဲ့ဖျော်ရည် (ဒါတောင် သွေးတွင်းသကြားဓာတ် တက်စေလို့ အများကြီး မသောက်သင့်ပါဘူး)
- သကြားမပါတဲ့ နို့
- အုန်းစိမ်းရည်
- အချိုမပါတဲ့ လက်ဖက်ရည်
- အချိုမပါတဲ့ ကော်ဖီ
- ရေနွေးကြမ်းတို့ သောက်ပေးလို့ရပါတယ်။
ဒါတွေအပြင် ဂရုစိုက်ပေးရမှာက ရေပြည့်ပြည့်ဝဝသောက်ပေးဖို့နဲ့ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးဖို့ပါ။ ဆီးချိုရှိလည်း စိတ်မပူပါနဲ့။ အခုပြောခဲ့တဲ့အတိုင်း အာဟာရပြည့်အောင်စားသုံးလို့ ဆီးချိုရှိသူတွေ အနေနဲ့ နွေရာသီကို အကောင်းဆုံး ကျော်ဖြတ်လိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။