ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း
ဆီးချိုရောဂါ ခံစားနေရသူတွေက အခြားသူတွေထက် ရေဓာတ် ဆုံးရှုံးနိုင်ခြေပိုများပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကြောင့် ထိခိုက်နိုင်ခြေကလည်း ပိုများနေပါတယ်။ ရေဓာတ် ဆုံးရှုံးမှု များလေလေ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ရတာ ခက်လာလေလေပါ။
ဆီးချို လည်း ရှိမယ် အသက်အရွယ်ကလည်း ၅၀ ကျော်ဖြစ်နေမယ်ဆိုရင်တော့ ရေဓာတ် မဆုံးရှုံးဖို့က အတော်လေး အရေးကြီးပါတယ်။ အသက်ကြီးလာတဲ့အခါ ရေသောက်တာ နည်းလာတာကြောင့် ရေဓာတ်ပြည့်ဝမှု အားနည်းတတ်ကြသလို ဆီးချိုလည်း ရှိမယ်ဆိုရင် ကျန်းမာရေး ထိခိုက်နိုင်ခြေက အတော်လေး များတာကြောင့်ပါ။
ရေဓာတ်ခမ်းခြောက် နေတာလားဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။
ပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်းကို ခံစားရပြီဆိုရင်
အခုအခြေအနေတွေက ရေဓာတ်ခမ်းခြောက် ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေပါ။
သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ထိုက်သင့်တဲ့ အချိန်ထက် ပိုကြာသွားတဲ့အခါ ကျောက်ကပ်တွေက ဆီးသွားတာကနေ တဆင့် ကိုယ်ထဲမှာ ပိုနေတဲ့ သွေးတွင်းသကြားဓာတ်တွေကို စွန့်ထုတ်ရပါတယ်။
ကျောက်ကပ်က သကြားဓာတ်တွေကို အဆိုပါ နည်းလမ်းနဲ့ စစ်ထုတ်တဲ့အခါ ကိုယ်တွင်းမှာ ရေဓာတ်က ပိုမို လိုအပ်မှာပါ။ သွေးထဲက ရေဓာတ် ကျဆင်းသွားမှုကို ဖြည့်တင်းဖို့လည်း ရေကို လိုအပ်မှာပါ။ ဒီအချိန်မှာ ပုံမှန်ထက်ရေပိုဆာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီရေဓာတ်ကို ပြည့်ဖို့ဆိုရင် ရေများများ သောက်ဖို့ လိုပါမယ်။
ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို မဖြည့်တဲ့အခါ ကျောက်ကပ်တွေက စစ်ထုတ်ဖို့အတွက် လိုအပ်တဲ့ ရေဓာတ်ကို ကိုယ်တွင်းက ရေဓာတ်တွေဖြစ်တဲ့ တံထွေး၊ မျက်ရည်နဲ့ ဆဲလ်တွေထဲက ရေတွေကို ရယူလိုက်ပါတယ်။
ဒီအခြေအနေက ကိုယ်တွင်း ရေဓာတ် နည်းစေပြီး ခံတွင်းခြောက်တာ၊ မျက်လုံးခြောက်တာ နဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ဖြစ်စေပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရေကို ပြည့်ပြည့်ဝဝ သောက်သုံးတာပါ။
ကိုယ်တွင်းမှာ ရေဓာတ်နည်းလေလေ သွေးတွင်းသကြားဓာတ်က မြင့်လေလေပါ။ ဆီးချိုရှိသူအနေနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
ဆီးချို ရှိသူအနေနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့အခါ
သွေးတွင်းသကြားဓာတ် မြင့်တက်မှုက အခုလို အခြေအနေ ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို ချက်ချင်းသွားရောက်ဖို့ လိုပါမယ်။
ရေဓာတ်ခမ်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများတာကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့ သေချာလေး ဂရုစိုက်စေချင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်တော့ သေချာလေး သောက်ပေးတာက ဆီးချို ရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်ခြေကို လျှော့ချရာ ရောက်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။