ဒါ့ပြင် ချိုးရေက သန့်ရှင်းမှုရှိဖို့လည်း လိုပါတယ်။ နောက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ချိုးချိုး ချေး(ဂျီး) တွန်းရာမှာ လက်၊ ကျောက်တုန်းစတာတွေနဲ့ တွန်းတာထက် ရေမြှုပ်နဲ့တိုက်ပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ရေချိုးများရင် ဘာဖြစ်သလဲ
ရေချိုးတာများတာပဲ ရေကုန်တာပေါ့တို့၊ ပိုသန့်တာပေါ့တို့ လျှောက်မတွေးပါနဲ့။ ရေချိုးတဲ့ အကြိမ်ရေများလွန်းရင် ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဥပမာ ယားယံတာ၊ အသားအရေခြောက်သွေ့တာ၊ eczema နဲ့ psoriasis တို့လို ကုသရခက်တဲ့ ယားနာရောဂါတွေ စွဲကပ်တာ၊ ဆံပင်ခြောက်တာ၊ ဆံပင်ကျွတ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အအေးမိတာနဲ့ အခန့်မသင့်ရင် ဦးနှောက်သွေးကြောပြတ်တာမျိုး အန္တရာယ်တွေလည်း ရှိပါသေးတယ်။
ရေချိုးနည်းလွန်းရင်ရော
ရေချိုးများတာက အန္တရာယ်များသလို ရေချိုးနည်းလွန်းရင်လည်း မကောင်းပါဘူး။ ရေချိုးနည်းလွန်းတဲ့အခါ တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းပြီး ရောဂါပိုးမွှားတွေ ကပ်ညိနိုင်သလို အရေပြားဆိုင်ရာ ပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။
ဥပမာ – ဝက်ခြံတွေထွက်တာ၊ အနံ့ဆိုးတွေ ထွက်လာတာ၊ အရေပြားမှာယားနာတွေ ပေါက်တာ၊ အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေ စွဲကပ်တာ၊ အမဲစက်တွေပေါ်လာတာစတာတွေဖြစ်ပေါ်နိုင်ပါတယ်။
ရေပုံမှန်ချိုးတဲ့အခါ
ရေကို တစ်နေ့တစ်ကြိမ်နှုန်းနဲ့ ပုံမှန် ချိုးပေးတဲ့အခါမျိုးမှာ အိပ်မပျော်တဲ့ဝေဒနာ၊ စိတ်ဖိစီးမှုများတာ၊ ယားနာဝေဒနာ၊ ကူးစက်ရောဂါ၊ နှာချေ၊ ချောင်းဆိုးဝေဒနာတွေ သက်သာစေမှာဖြစ်သလို သွေးလည်ပတ်မှုကိုလည်း အားကောင်းစေမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။