အူလမ်းကြောင်းထဲက အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကို ထိုက်ထုတ်ဖို့အတွက်လည်း ပိတောက်ပင် အခေါက်ကို သုံးလို့ရပါတယ်။
အရေပြားပေါ်မှာဖြစ်တဲ့ ပွေး၊ ညှင်းတို့ကိုအပါအဝင် နာတာရှည် အရေပြားပြဿနာတွေကို လျော့ပါးသက်သာစေနိုင်ဖို့အတွက် ပိတောက် ပင်အခေါက်ကို သွေးပြီး လူးပေးလို့ရပါတယ်။ရေရှည်စွဲသုံးဖို့တော့ လိုပါမယ်။ အပင်ရဲ့ အခေါက်ကို ပြုတ်ပြီး အရေပြားပေါ်မှာ လူးပေးလို့လည်းရပါတယ်။
နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေ ကိုသေစေနိုင်တာကြောင့် သွားကိုက်သွားနာတာတွေကို သက်သာစေဖို့အသုံးပြုလို့ရပါတယ်။
-
ဘက်တီးရီးယားတွေကို သေစေနိုင်တယ်
ပိတောက်က အနာကိုပိုးမဝင်အောင် ကာကွယ်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ ဘက်တီးရီယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အနာကို ဆေးတာမျိုးအတွက် အသုံးပြုလို့ရပါတယ်။
-
အဆီပိုတွေ ဖယ်ရှားပေးနိုင်တယ်
ခန္ဓာကိုယ်ပေါ်က မလိုတဲ့အဆီတွေကို ဖယ်ရှားဖို့အတွက်လည်း ပိတောင်က အသုံးဝင်ပါသေးတယ်။ ကိုယ်ပေါ်က အဆီပိုတွေကို ဘေးကင်းကင်းနဲ့ ဖယ်ရှားချင်တယ်ဆိုရင်တော့ ပိတောက်ပင်ရဲ့ အခေါက်ကို အားကိုးလိုက်ပါနော်။
သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးပါတယ်။ သွေးတွင်းကိုလက်စထရော ထိန်းညှိဖို့ သဘာဝဆေးတစ်မျိုးပေါ့။
- အဆစ်တွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်
ပိတောက်က ထိခိုက်ဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေကို သွေးတိတ်စေပြီး ရောဂါပိုးမဝင်ဘဲ အနာကျက်မြန်အောင် လုပ်ဆောင်ပေးသလို အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲနေမယ်ဆိုရင်လည်း ပိတောက်သားကို သွေးလူးပေးလိုက်ပါ။ သက်သာလာပါလိမ့်မယ်။ နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။
-
အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်
ပိတောက်က အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အသည်းသန့်စေဖို့၊ အသည်းရောင်နေတာ သက်သာစေဖို့အတွက် ပိတောက်ကို သုံးလို့ရပါတယ်။ အသည်းကျန်းမာဖို့အတွက် သဘာဝဆေးတစ်လက်ပါ။
ဘယ်သူတွေ မသုံးသင့်ဘူးလဲ
ပိတောက်ပန်းက ဆေးဖက်ဝင်တယ်။ ကျန်းမာရေး အကျိုးကျေးဇူး များတယ် ဆိုပေမယ့်လည်း
- အစိမ်း မစားပါနဲ့။ အဆိပ်အတောက် ဖြစ်စေနိုင်လို့ပါ။
- အများကြီး မစားပါနဲ့။ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်လို့ပါ။
- ဘေဘီလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ရောဂါအခံရှိသူတွေ စားသုံးတာမျိုး မလုပ်ပါနဲ့။
သတိထားရမယ့်အချက်
ပိတောက်ပန်းက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဆက်လက်လေ့လာမှုတွေ လုပ်ဖို့ ရှိပါသေးတယ်။ သဘာဝပစ္စည်းဆိုပေမယ့် ဓာတုဗေဒနည်းနဲ့ မသန့်စင်ထားတဲ့အခါ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နိုင်တာကြောင့် မိမိသဘောနဲ့ မိမိ မသုံးဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။