ဘေဘီလေးတွေရဲ့ ပြုံးရွှင်တဲ့မျက်နှာ၊ ကြည်လင်တဲ့အပြုံးနဲ့ ခိုးခိုးခစ်ခစ်ရယ်သံတွေက မိဘတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ပျော်ရွှင်မှုတွေပါ။ ကလေးကိုအချိန်ပြည့်စောင့်ကြည့်နေမိပြီး သူတို့လေးတွေမှာဖြစ်လာတဲ့ အရာတိုင်းကို ဒါကဘာကြောင့်လဲဆိုပြီး တွေးမိနေတာ၊ သိချင်နေရတာကလည်း မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားနဲ့ ဦးဦးတီတီတို့ရဲ့နေ့စဉ်အလုပ်တစ်ခုပါပဲ။ ဒီလိုစိတ်ပူမိတဲ့အထဲမှာ ကလေးက အိပ်နေရင်း ချွေးထွက်တာ၊ နို့သောက်ရင်း ချွေးထွက်တာနဲ့ နည်းနည်းလေးများလှုပ်လိုက်ရင် ချွေးထွက် လာတာတွေပါ ပါတယ်ဟုတ်။