backup og meta

နွေရာသီမှာ ကျန်းမာနေအောင် စားသောက်နေထိုင်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေရာသီမှာ ကျန်းမာနေအောင် စားသောက်နေထိုင်နည်း

    နွေရာသီက ခရီးသွားလို့ ကောင်းသလို ရိုးရာပွဲ တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်လည်း ရှိနေပြန်တာကြောင့် အမှတ်တရများတဲ့ ရာသီဥတု တစ်ခုလို့ ဆိုရပါမယ်။ ပျော်စရာကောင်းသလို နွေရာသီမှာ အနေမတတ်ရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ နွေရာသီကာလမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲ ဆိုတာလေးကို ပြောပြပေးပါရစေ။

    နွေရာသီမှာ ကျန်းမာနေအောင် ဒီလိုနေမယ်

    အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း ကျန်းမာသန်စွမ်းနေနိုင်ဖို့အတွက်က အနေအထိုင် အစားအသောက်တွေကို သေချာဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ဆိုတဲ့နေရာမှာလည်း ရာသီဥတုအခြေအနေနဲ့ ကိုက်ညီအောင်နေထိုင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ နွေရာသီမှာ ကျန်းမာနေစေဖို့အတွက်ကတော့ –

    ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုကင်းပြီး ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်မှာပါ။ ပူပြင်းတဲ့ရာသီဥတုမှာ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိသောက်သုံးပေးပါ။ ရေဓာတ်ပြည့်ဝအောင် လုပ်ထားမယ်ဆိုရင် ဖျားနာမှုတွေကင်းဝေးမှာဖြစ်သလို အရိုးတွေနဲ့ ကြွက်သားတွေလည်း ကျန်းမာမှာဖြစ်တဲ့အပြင် တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာ သေချာပါတယ်။ ဒါ့ပြင် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အပြင်သွားတဲ့အခါတိုင်း သွားလေရာကို ရေဘူးယူသွားပါ။

    နွေရာသီမှာ လတ်ဆတ်တဲ့ အစားအသောက်တွေကိုပဲ စားသုံးမိဖို့အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကစလို့ ထမင်း၊ ဟင်းတွေပါမကျန် လတ်ဆတ်သန့်ရှင်းနေတာမျိုးကို စားသုံးပေးပါ။ သန့်ရှင်းမှုအားနည်းတဲ့ အစားအသောက်မျိုးကို မစားပါနဲ့။ လက်လုပ်ချဉ်တွေ၊ ယင်နားစာတွေကို ရှောင်ပါ။ အမှည့်လွန်နေတဲ့ အသီးတွေကိုလည်း မစားပါနဲ့။

  • အရိပ်ရတဲ့နေရာမှာနေပါ
  • နေရောင်ခြည်က ခန္ဓာကိုယ် အတွက် ဗီတာမင် D ကိုပေးစွမ်းတယ်ဆိုပေမယ့် နေအရမ်းပူတဲ့အခါမှာတော့ အရိပ်ရတဲ့နေရာမှာနေတာ အကောင်းဆုံးပါ။ မနက်ခင်း ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းက ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးဖြစ်တာကြောင့် နေပူထဲမထွက်ပါနဲ့။ အပြင်ထွက်မယ်ဆိုရင်တောင် မထွက်ခင် မိနစ် ၃၀ အလိုမှာနေလောင်ကာခရင်မ်ကို လူးပေးပါ။ အပြင်သွားတဲ့အခါ ဦးထုပ်ဆောင်းပေးပါ။ နေကာမျက်မှန်တပ်ပေးပါ။ ထီးယူသွားဖို့မမေ့ပါနဲ့။

    ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အိပ်စက်ခြင်းက တော်တော်လေးအရေးပါပါတယ်။ အိပ်ရေးဝနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေမှာဖြစ်ပါတယ်။ နွေအပူဒဏ်ကို အံတုနိုင်စေမယ့် ခွန်အားတွေရရှိအောင် ညဘက်မှာ အိပ်ရေးဝအောင်အိပ်ပါ။

    လေအေးပေးစက်ရှိသူတွေက အိမ်ထဲမှာလေအေးပေးစက်ဖွင့်ပြီး အပူရှောင်လို့ရပါတယ်။ လေအေးပေးစက်မရှိဘူးဆိုရင်တော့ နေအိမ်တွင်းကို နေရောင်ခြည်ဝင်ရောက်မှုနည်းနိုင်သမျှနည်းအောင် ပြတင်းပေါက်တွေမှာ လိုက်ကာတွေတပ်ထားတာမျိုး လုပ်ပေးပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပါ။ သစ်ပင်ရိပ်ကောင်းကောင်းအောက်မှာနေပြီး အပူရှောင်လို့လည်းရပါတယ်။

    နွေရာသီမှာ မဖြစ်မနေ ပင်ပင်ပန်းပန်းအလုပ်လုပ်ရမယ်ဆိုရင်တောင် ဦးထုပ်ဆောင်းထားတာမျိုး အင်္ကျီလက်ရှည်ဝတ်ထားတာမျိုးလုပ်ပါ။ ရေကို ပြည့်ပြည့်ဝဝသောက်ပေးပါ။ လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့လည်း ပင်ပင်ပန်းပန်းလေ့ကျင့်ခန်းလုပ်တာမျိုးမလုပ်ပါနဲ့။ တတ်နိုင်သမျှ သက်သောင့်သက်သာနေပါ။

    အပူဒဏ်ကို အံတုနိုင်ဖို့အတွက် အာဟာရပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။ ဗီတာမင် Bက အာရုံကြောစနစ်ကို တည်ငြိမ်စေနိုင်ပြီး ဆဲလ်တွေအတွက်လည်းကောင်းပါတယ်။ ဗီတာမင် Cနဲ့ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ နွေရာသီမှာ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွားသီး၊ မုန်လာဥဖြူတွေလိုမျိုး ရေဓာတ်ပြည့်ဝစေမယ့် အစားအသောက်တွေကို စားသုံးပေးပါ။ အဆီများတဲ့ အစားအသောက်တွေ၊ သွေးတိုးစေနိုင်မယ့် အစားအသောက်မျိုးတွေကို မစားမိအောင်သတိပြုပါ။ အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေ၊ လက်လုပ်ချဉ်တွေကို မစားမိအောင်သတိပြုပါ။

    • အရက်လျှော့သောက်ပါ။

    နွေရာသီမှာ ဘီယာအေးအေးလေး သောက်ရတာကို တော်တော်များများက နှစ်သက်ပေမယ့် အလွန်အကျွံမဖြစ်အောင် သတိပြုပါ။ အရက်ပါဝင်တဲ့ သောက်စရာတွေက ရေဓာတ်ဆုံးရှုံးစေနိုင်သလို သွေးလည်း တိုးနိုင်ပါတယ်။

    သတိထားရမယ့် အချက်တွေက

    • အပြင်သွားတိုင်း ထီးယူသွားပါ။
    • သက်သောင့်သက်သာရှိတဲ့ ချည်ထည်အဝတ်အစားတွေကို ဝတ်ဆင်ပါ။
    • အပူစုပ်တဲ့ အနက်ရောင်၊ နက်ပြာရောင်လိုမျိုးအရောင်တွေမဝတ်ပါနဲ့။
    • အပြင်ထွက်တဲ့အခါ နေလောင်ကာခရင်မ်လူးသွားပါ။ ချည်သားအင်္ကျီလက်ရှည်ဝတ်ဆင်ပေးပါ။
    • သွားလေရာကို ရေဘူးယူသွားဖို့သတိရပါ။
    • နေ့ခင်းဘက်တွေကို အရိပ်ရတဲ့နေရာမှာပဲနေပါ။
    • နာတာရှည်ရောဂါ တစ်မျိုးမျိုးကြောင့် ဆေးသောက်သုံးနေရသူတွေ အနေနဲ့ ရေဓာတ် ပြည့်ဝအောင်နေပါ။
    • အဆီများတဲ့အစားအစာ၊ သွေးတိုးစေနိုင်တဲ့ အစားအသောက်မျိုးတွေကို မစားပါနဲ့။
    • အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများစားပေးပါ။
    • ချွေးထွက်များပြီး ခန္ဓာကိုယ် ပင်ပန်းစေမယ့် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ပါနဲ့။
    • အရက်လျှော့သောက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement