နွေရာသီကို ရောက်လာပြီဆိုရင် အပူချိန်ပြဿနာက စလာပါပြီ။ ကမ္ဘာကြီးပူနွေးလာတာကြောင့် တစ်နှစ်ထက် တစ်နှစ် နွေက ပိုပူလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ နှစ်တိုင်း အပူ လျှပ်တဲ့သူတွေ ပိုများလာပါပြီ။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုခံရပါတယ်။ အပူမလျှပ်ရင်တောင်မှ တခြား ချွေးထွက်လွန်တာ၊ ကြွက်တက်တာတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက သူတွေက ပိုခံရပါတယ်။ ဒီတော့ ဒီနှစ်နွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ အပူဒဏ်ကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ကြည့်ရအောင်။