banner

အမျိုးသမီး ကျန်းမာရေး စစ်ဆေးခြင်းကိရိယာများ

Subot Icon

သင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်ကြမယ်

Subot Icon

သင့်မှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတာကို အွန်လိုင်းကနေ ခုပဲ စစ်ဆေးလိုက်ပါ

Subot Icon

သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြမယ်

Subot Icon

အွန်လိုင်းကနေ အရိုးပွရောဂါ ဖြစ်နိုင်ခြေ စစ်ဆေး ကြမယ်

Subot Icon

အွန်လိုင်းကနေ သွေးဆုံးတော့မှာလား ဆိုတာကို တွက်ချက်ကြည့်လို့ရပါပြီ

Subot Icon

မီးဖွားမယ့်ရက် တွက်ချက်ခြင်း ကို အွန်လိုင်းကနေ ပြုလုပ်နိုင်ပါပြီ

Subot Icon

ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် ကို အွန်လိုင်းက‌နေတွက်ချက်မယ်

Subot Icon

အွန်လိုင်းကနေ သားဥကြွေမယ့်ရက် တွက်ချက်ခြင်း ကိရိယာကို အသုံးပြုခြင်း

အမျိုးသမီးများအတွက် အားပေးစကား

အော်ပရာ ဝင်းဖရေး

Icon Chevron

"ကျွန်မနဲ့ စကားပြောခဲ့ဖူးတဲ့ အမျိုးသမီးတွေက သွေးဆုံးတာကို ဘဝရဲ့ အဆုံးသတ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒါက ဘဝရဲ့ အစပါ။ နှစ်ပေါင်းများစွာ သူများတွေအတွက်ပဲ ဦးစားပေးခဲ့တာကြောင့် ခုချိန်ကစပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ သင့်ပါပြီ။ ကိုယ့်ရဲ့ ခွန်အားတွေ၊ အချိန်တွေ၊ ပညာတွေကို အသုံးချပြီး ကိုယ်လုပ်ချင်တာကို လုပ်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။"

မေရာ အန်ဂျလို

Icon Chevron

"ပညာရှိတဲ့ အမျိုးသမီးဆိုတာ တစ်ယောက်ယောက်ရဲ့ ရန်သူအဖြစ်မခံပါဘူး။ တစ်ယောက်ယောက်ရဲ့ အနိုင်ကျင့်တာကိုလည်း မခံပါဘူး။"

ကမီလာ ဟဲရစ်

Icon Chevron

"ဘယ်သူကမှ အမျိုးသမီးတွေ သူတို့ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို တားဆီးခွင့်မရှိဘူး။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ထိပါးလာပြီဆိုရင် ကျွန်မတို့ ပြန်လည်တိုက်ယူရမှာ ဖြစ်ပါတယ်။"

ဘီယွန်စေး

Icon Chevron

"အမျိုးသမီးတွေရဲ့ ညို့အားအပြင်းဆုံးအချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာပါ။"

အယ်ဒီတာစိတ်ကြိုက်

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ အတွက် Hello Sayarwon

အားလုံးပဲ မင်္ဂလာပါ။ Helloဆရာဝန် အဖွဲ့သားတွေကိုယ်စား နှုတ်ခွန်းဆက်သပါတယ်။ Hello Sayarwon (Helloဆရာဝန်)ကို ၂၀၁၇ခုနှစ်မှာ စတင်တည်ထောင်ကတည်းကစပြီး ဝဘ်ဆိုက်ရဲ့ အခန်းကဏ္ဍတွေကို ဖွဲ့စည်းရာမှာ အမျိုးသမီးကျန်းမာရေးကဏ္ဍဟာ မပါမဖြစ်အနေနဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။ စတင်တည်ထောင်တဲ့အချိန်ကနေ ဒီနေ့အထိ အမျိုးသမီးများကဏ္ဍဟာ လူဖတ်အများဆုံးအဖြစ် အမြဲမှတ်တမ်းဝင်ပါတယ်။ အမျိုးသမီးတွေဟာ မိသားစုတစ်ခုရဲ့ အစောင့်အရှောက် နတ်သမီးတွေပါ။ ကျန်းမာရေးဗဟုသုတနဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြုစုဂရုစိုက်ဖို့တွေမှာ အမျိုးသမီးတွေရဲ့ပင်ကိုယ်ဗီဇဟာ နှိုင်းမယှဉ်သာဘူးဆိုတာ မြင်သာထင်သာရှိပါတယ်။ ဒေါက်တာသူရိန်လှိုင်ဝင်း Hello Sayarwon (Helloဆရာဝန်)ဟာ အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုသလို အမြဲတမ်းတိုးတက်ကောင်းမွန်လာဖို့ကိုလည်း အမြဲရှေးရှုပါတယ်။ ရှေးရိုးစွဲဝါဒီတွေများတဲ့ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုနဲ့ အခွင့်အရေးတွေကို မြှင့်တင်ဖို့ကြိုးစားရတာဟာ ထင်သလောက်မလွယ်ဘူးဆိုတာ သိကြမှာပါ။ အမျိုးသမီးတွေကိုယ်တိုင်ကတောင်မှ ကိုယ့်အခွင့်အရေးကို နားမလည်နိုင်၊ အဆုံးရှုံးခံနေကြတာမျိုးတွေရှိနေကြတယ်မလား။ ဒီလိုနဲ့ပဲ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ကဏ္ဍပေါင်းများစွာမှာ အမျိုးသမီးတွေဟာ တဆင့်နိမ့်တဲ့နေရာမှာ […]

အမျိုးသမီး ကျန်းမာရေး

ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် သွေးဆုံးခြင်း

မီးယပ်သွေးဆုံးခြင်း

ရာသီသွေးဆုံးချိန် အကြောင်း သိမှတ်ဖွယ်ရာများ

အမျိုးသမီးတွေအားလုံး အပျိုဖော်ဝင်ချိန်ကစလို့ ရာသီသွေးဆုံးချိန် ဆိုတာ ကြုံတွေ့ကြရမှာပါ။ တစ်နှစ်တိတိ ရာသီသွေးလာခြင်းမရှိတော့ရင် ရာသီကုန်သွေးကုန်ဆုံးသွားပြီလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မှာ ဖြစ်ပွားတဲ့အသက်အရွယ်က တူလေ့မရှိပေမယ့် ၄၀ ကျော်နဲ့ ၅၀ ကျော်အရွယ်တွေမှာတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်တွင်း စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတတ်တဲ့အတွက် အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ သိထားသင့်ပါတယ်။ ရာသီဆုံးချိန်ဝင်လာပြီဆိုရင်တော့ oestrogen နဲ့ progesterone လို့ခေါ်တဲ့ မ ဟော်မုန်းတွေကို သားဥအိမ်က ထုတ်နိုင်စွမ်းကျဆင်းလာပါတယ်။ ဒီဟော်မုန်းတွေ နည်းပါးလာတဲ့အတွက် hot flash လို့ခေါ်တဲ့ ချွေးစေးပြန်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်းနဲ့ မိန်းမကိုယ်ခြောက်သွေ့ယားယံလာခြင်းတို့ ဖြစ်စေပါတယ်။ မအင်္ဂါကိုလည်း ကျုံ့လာစေတဲ့အတွက် ပိုပြီးခြောက်သွေ့စေတဲ့အပြင် မအင်္ဂါတစ်ဝိုက်တစ်ရှူးတွေလည်း ရောင်ရမ်းလာစေတာကြောင့် လိင်ဆက်ဆံတဲ့အခါ မသက်မသာ ဖြစ်စေနိုင်ပါသေးတယ်။ အရိုးပွရောဂါဖြစ်စေနိုင်တဲ့ ရာခိုင်နှုန်းကလည်း သွေးဆုံးချိန်မှာ မြင့်တက်လာပါတယ်၊ ဒီလိုအခက်အခဲတွေရှိတဲ့အတွက် သွေးဆုံးချိန်တွေကို […]

စိတ်ပိုင်းဆိုင်ရာ အခြေအနေ

မီးတွင်းစိတ်ကျရောဂါ (Postpartum depression)

မီးတွင်းစိတ်ကျရောဂါ ဆိုတာ ကလေးမွေးပြီးချိန်မှာ ရလာနိုင်တဲ့ စိတ်ကျရောဂါ အမျိုးအစားဖြစ်ပါတယ်။ ကလေးမွေးပြီး တစ်နှစ်အထိဖြစ်နိုင်ပြီး မွေးပြီးပြီးချင်း သုံးပတ်အတွင်းမှာ စဖြစ်တာကတော့ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်ပြီဆိုရင် ကလေးနဲ့ပတ်သက်ပြီး ကောင်းကောင်းစောင့်ရှောက်မှု မပေးနိုင်ဘူးလို့ ခံစားရတာကြောင့် ဝမ်းနည်းတာ၊ မျှော့်လင့်ချက်မဲ့သွားတာနဲ့ အပြစ်မကင်းသလိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ သားဦးမိခင်တွေမှာတင် မကပါဘူး။ နောက်ထပ်ကလေးတွေ မွေးတဲ့အချိန်မှာတောင် ဖြစ်နိုင်ပါတယ်။ မီးတွင်းစိတ်ကျရောဂါ က ဘယ်လောက်အဖြစ်များသလဲ CDCအဆိုအရ တစ်နှစ်မှာ ကလေးမွေးထားတဲ့ အမျိုးသမီး ၁၁ကနေ ၂၀ရာခိုင်နှုန်းက မီးဖွားအပြီး စိတ်ကျရောဂါရဲ့ လက္ခဏာတွေကို ခံစားနေရပါတယ်။ တီဘီ၊ သွေးကင်ဆာ၊ အရေပြားရောဂါ၊ Sclerosis၊ ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ Lupusရောဂါနဲ့ အတက်ရောဂါ ယောက်ျားမိန်းမနှစ်ဦိးပေါင်းဖြစ်နှုန်းထက်တောင် မီးဖွားပြီးချိန် စိတ်ကျရောဂါ ခံစားနေရသူ အမျိုးသမီးဦးရေက ပိုများပါတယ်။ မီးတွင်းစိတ်ကျရောဂါ ရဲ့လက္ခဏာတွေက ဘာတွေလဲ ကိုယ်ဝန်ဆောင်ချိန်အတွင်းနဲ့ ကိုယ်ဝန်မဆောင်ရသေးခင်မှာဖြစ်တဲ့ စိတ်ကျရောဂါရဲ့ရောဂါလက္ခဏာတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ပျက်ကျပြီး နောက် ဘယ်လိုဖြေသိမ့်ရမလဲ

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကြိုသိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ တကယ်တမ်းကြုံလာတဲ့အခါ ကိုယ့်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ဝမ်းနည်းမှုအတိုင်းအတာက ထင်ထားထက်ကို ပိုနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး တဲ့အချိန်က တကယ်ကိုအရေးကြီးပါတယ်။ ဖြစ်ပြီးသွားတဲ့အရာကို ဘာမှမတတ်နိုင်တော့ဘူးဆိုပေမယ့် လက်ရှိမိခင်လောင်းရဲ့ ကျန်းမာရေးက အဓိကထားရမယ့်အချက်ပါ။ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက ခန္ဓာကိုယ်ရုပ်ပိုင်းထက် အနာကျက်ဖို့ အချိန်ပိုကြာလေ့ရှိပါတယ်။ ဒါ့ကြောင့် ဆုံးရှုံးမှုအပေါ် ဝမ်းနည်းပူဆွေးစိတ်တွေ သက်သာအောင် ကိုယ့်ဘာသာကြိုးစားတာကပဲ အချိန်ကြာလာတာနဲ့အမျှ လက်ရှိအခြေအနေကို လက်ခံပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ကိုယ်ဝန်က ဘယ်နှစ်လပဲဖြစ်ဖြစ် ကိုယ်ဝန်ပျက်ကျပြီးရင် အပြစ်မကင်းစိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းစိတ်တွေဖြစ်လာမယ့်ကာလကို ကျော်ဖြတ်ရမှာ သဘာဝပါပဲ။ ဘာ့ကြောင့်များဒီလိုဖြစ်ရတာလဲဆိုပြီး နှမျောတသစိတ်နဲ့ တွေးနေမိမှာလည်းသေချာပါတယ်။ ကိုယ်ဝန်ပျက်ကျပြီးနောက် ဖြစ်လာနိုင်ခြေရှိတဲ့ ခံစားချက်တွေက အပြစ်တင်စိတ် - ဒီလိုဖြစ်ရတာတွေက ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုတာ မတွေးပါနဲ့။ လုပ်ရပ်ကိစ္စတစ်ခုခုကြောင့် ဖြစ်လာတာမျိုးက နည်းပါတယ်။ ဒေါသစိတ် -တစ်ခါတလေ ကိုယ့်အနီးအနားကသူတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေကို […]

ရာသီလာခြင်း

အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

လေဒီလေး တစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အဆင့်တွေက  မနည်းပါဘူး။ ဒီတိုင်းကြည့်လိုက်ရင်တော့ အချိန်တွေ ကုန်လွန်ရင်း ဒီလိုပဲ အရွယ်ရောက်လာတယ်ပေါ့။ တကယ်ကတော့ အတွေ့အကြုံ မျိုးစုံကို ဖြတ်သန်းခဲ့ရတာပါ။ လျှောက်ပြေးလွှားဆော့နေတဲ့ အချိန် ကလေးဘဝကနေ လေဒီလေးဘဝကိုပြောင်းလဲမှုက ပိုးတုံးလုံး ဘဝကနေ လိပ်ပြာဘဝကို ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်လိုပါပဲ။ အတွေ့အကြုံသစ်တွေကို အချိန်ပေး ကျော်ဖြတ်ရတာပါ။ ဒီလိုရင်ဆိုင်ကျော်ဖြတ်ရတဲ့ အဆင့်တွေထဲမှာ ရာသီလာခြင်းကလည်း တစ်ခုအပါအဝင်ပေါ့။ ဒီတစ်ခေါက်တော့ အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဆယ်ကျော်သက်သမီးငယ်လေး သိထားသင့်တာတွေက ဘာတွေများလဲ.......... ကလေးပေါက်စလေး အဖြစ်ကနေ အပျိုပေါက်လေးအဖြစ် ပြောင်းလဲလာချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ကြုံရနိုင်သလို ရာသီသွေး ဆင်းတဲ့ကိစ္စကိုလည်း စကြုံလာရပါပြီ။ ဒီအချိန်မှာ အတွေ့အကြုံသစ်ကို စိတ်ရှုပ်မှာ မှန်ပေမယ့် ဒါလေးတွေကို သိထားဖို့တော့ […]

ရာသီလာခြင်း

ရာသီသွေး အရောင် အနုအရင့်က ဖော်ပြနေတဲ့ လက္ခဏာ

မိန်းကလေးတစ်ယောက်ရဲ့ ကျန်းမာရေးကို ရာသီသွေး အရောင် ကနေ သိနိုင်တယ်ဆိုရင် အံ့ဩသွားမလား။ ဥပမာ ဝါညိုရောင်သွေးဆင်းတာဟာ မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖော်ပြနေတတ်ပါတယ်။ ရာသီသွေး ဆင်းချိန်မှာ သားအိမ်အတွင်းက သွေးနဲ့တစ်ရှူးတွေကို မိန်းမကိုယ်ကတဆင့် ခန္ဓာကိုယ်က စွန့်ထုတ်ပါတယ်။ သွေးဆင်းတဲ့အခါ သူရဲ့သက်တမ်းကိုမူတည်ပြီး အနီရဲရဲကနေ အညိုရင့် သို့မဟုတ် အမည်းရောင်အထိ အရောင်အနုအရင့်အမျိုးမျိုးနဲ့ ကွဲပြားနိုင်ပါတယ်။ ရာသီသွေး အရောင် အနုအရင့်က ဖော်ပြနေတဲ့ လက္ခဏာ ဟော်မုန်းအပြောင်းအလဲနဲ့ ကျန်းမာရေးပြဿနာတွေကလည်း ရာသီသွေးရဲ့အရောင်နဲ့ အသွင်ပုံစံကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရာသီသွေးအရောင်က ဘယ်လိုအခြေအနေမျိုးတွေ မှာ ကွဲပြားကြတာလဲ၊ ဘာအကြောင်းရင်းတွေရှိနေတာလဲ၊ ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုတာလဲ ဆိုတာတွေ ဖတ်ရှုရမှာပါ။ အမည်းရောင် အမည်းရောင်ရှိတဲ့ ရာသီသွေးဟာ ရာသီစလာခါစ သို့မဟုတ် ပြီးခါနီးရက်မှာ လာတတ်ပါတယ်။ သွေးက သားအိမ်ထဲမှာ ကျန်နေတာကြာနေပြီး အောက်စီဂျင်နဲ့ဓာတ်ပြုဖို့ အချိန်ရခဲ့တဲ့လက္ခဏာဖြစ်ပါတယ်။ ဒါမှမဟုတ် မိန်းမကိုယ်အတွင်းထဲမှာ […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ

တကယ်လို့သင်က လက်ရှိမှာ ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင် သင့်ရဲ့ မျိုးဥတွေ အသုံးပြုဖို့ အရည်အသွေးကောင်းနေသေးတဲ့အချိန်မှာ အေးခဲထားဖို့ စိတ်ကူးကြည့်သင့်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေမလုပ်ခင်မှာ သင်သိဖို့လိုတာတွေကို အောက်မှာဖော်ပြထားပါတယ်။ မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သိထားဖို့လိုတဲ့အချက်များ အပ်မကြောက်ဖို့ လိုပါမယ်။ ဘေဘီလေး သေချာပေါက်ရမယ်လို့ အာမခံချက် မရှိပါဘူး။ ကုန်ကျစရိတ် မနည်းပါဘူး။ မလုပ်ဆောင်ခင်မှာ အရင်ဆုံး စစ်ဆေးမှု ခံယူရပါမယ် လက်တွဲဖော်နဲ့ သေချာ တိုင်ပင်ဖို့ လိုပါမယ်။ မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ က ဘာတွေများ ဖြစ်မလဲ..... သင့်အနေနဲ့ အပ်တွေကို မကြောက်အောင် ကြိုးစားရပါမယ်။ သင့်ရဲ့ သားဥအိမ်ကို လှုံ့ဆော်မှုတွေပေးဖို့ ဆေးတွေကို ထိုးဆေးအနေနဲ့ နေ့စဉ်ထိုးနေဖို့လိုပါလိမ့်မယ်။ ကံကောင်းတာကတော့ အပ်က (ကလေးတွေ အင်ဆူလင်ထိုးသလိုအပ်) သေးငယ်ပြီး အရေပြားပေါ်မှာ အပေါက်သေးသေးသာဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် သူနာပြုကလည်း ဆေးထိုးစဉ် သင်သက်တောင့်သက်သာရှိဖို့ ကူညီပေးပါလိမ့်မယ်။ အာမခံချက်မရှိပါဘူး သင်သိဖို့လိုတာက […]

အခြား ကျန်းမာရေး ကိရိယာများ

ကျန်းမာပျော်ရွှင် အသက်ရှည်စေဖို့ နည်းလမ်းကောင်းလေးများ

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အမျိုးသမီးတွေမှာတွေ့ရတဲ့ ဟော်မုန်းမမျှတ ခြင်းရဲ့ လက္ခဏာများ

ဟော်မုန်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေအနေတွေအားလုံးကို အုပ်စိုးထားတဲ့အရာတစ်ခုလေ။ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ ဟော်မုန်းမမျှတ တာဖြစ်တတ်တဲ့ သွေးဆုံးခါနီးသူတွေကို ကြည့်ပါလား။ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တာကြောင့် တော်ကြာနေရင်း အေးလိုက် တော်ကြာနေပူလိုက် ဓမ္မတာလည်း လာလိုက်မလာလိုက်နဲ့ မီးယပ်ပြဿနာတွေဖြစ်ရတာပေါ့။ ကိုယ်က သွေးဆုံးခါနီးအရွယ်ကို မရောက်သေးပေမယ့် ကိုယ့်ဆီမှာ ဟော်မုန်းမမျှတတဲ့ ပြဿနာရှိနေရင် ဘယ်လိုလက္ခဏာတွေပြလဲ ဆိုတာကြိုသိထားတော့ မမှားဘူးပေါ့။ ဟော်မုန်းဓာတ်တွေ ညီညွတ်မျှတမှ ဓမ္မတာစက်ဝန်းမှန်မယ်။ စိတ်တိုစိတ်ရှုပ် စိတ်ဖိစီးတာတွေကင်းမှာလေ။ ဒီတော့ ဟော်မုန်းမမျှတ အပြောင်းအလဲ ဖြစ်နေပြီဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲ  ( ၁ ) ရုတ်တရက် ကိုယ်အလေးချိန် အများကြီးတက်လာမယ်။ ဟော်မုန်းမမျှတ ခြင်း ရဲ့ လက္ခဏာ တစ်ခုက ကိုယ်အလေးချိန်တွေ ရုတ်တရက်အများကြီးတက်လာပြီး ပြန်ချဖို့ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် အီစတိုဂျင်၊ cortisol နဲ့ အင်ဆူလင်ဟော်မုန်းတွေ […]

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

ဟော်မုန်း မညီမျှမှုက အမျိုးသမီး စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ။

စိတ်ကျန်းမာရေးက နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှ စိတ်ခံစားမှု ကောင်းမှာ ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာလည်း ကျန်းမာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ သက်ရောက်နေတဲ့ လူတွေ သိပ်မသိတဲ့ အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဟော်မုန်းတွေပါ။ ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စေနိုင်ပါတယ်။ ဒီတော့ ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးအပေါ် တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်တဲ့ အားဖြင့်ရော ဘယ်လို သက်ရောက်နေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ အဓိက ပြောပြပေးသွားမယ့် အကြောင်းအရာလေးတွေကတော့ ဒီဆောင်းပါးလေးထဲမှာ အဓိက ပြောပြပေးသွားမယ့် အကြောင်းအရာလေးတွေကတော့ ဟော်မုန်းတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေလဲ။ ဘာတွေက ဟော်မုန်း မညီမျှမှုကို ဖြစ်စေတာလဲ။ ဟော်မုန်း […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများနဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုအကြောင်း

အမျိုးသားနဲ့ အမျိုးသမီး အတူနေတဲ့အခါမှာ အမျိုးသားတွေရဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုက သိသာထင်ရှားပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကျတော့ လိင်စိတ်အထွတ်အထိပ် ရောက်မှုက အမျိုးသားတွေလောက် သိသာထင်ရှားတာမျိုးမရှိပါဘူး။ တချို့အမျိုးသမီးတွေက သူတို့လိင်စိတ်အထွတ်အထိပ်ရောက်လားဆိုတာကို သူတို့ကိုယ်တိုင်လည်းမသိဘူး။ အိမ်ထောင်ကျ ကလေးတွေရပြီး အသက်ကြီးသွားတဲ့အထိ လိင်စိတ်အထွတ်အထိပ်ရောက်မှုအကြောင်း သေချာမသိသွားရတဲ့သူတွေလည်းရှိတယ်။ အမျိုးသမီးတွေက အတူနေတဲ့အခါတိုင်းမှာလည်း အထွတ်အထိပ်ရောက်တယ်ဆိုတာကို မသိရဘူး။ အတူနေတဲ့အခါ အမျိုးသမီးတွေ လိင်စိတ်အထွတ်အထိပ်မရောက်တာက အမျိုးသမီးတွေအတွက်တင် ပြဿနာမဟုတ်ဘူး။ အမျိုးသားတွေမှာလည်း ပြဿနာဖြစ်နေတယ်။ အမျိုးသားတွေရဲ့ အတ္တတစ်ခုက သူတို့နဲ့ဆက်ဆံရင် အထွတ်အထိပ်ရောက်သွားတယ်ဆိုတာကို လိုချင်ကြတယ်။ ဒီတော့ သူတို့ရဲ့ဆက်ဆံဖော်အဆင်မပြေဖြစ်တာက သူတို့နဲ့လည်း သက်ဆိုင်တယ်လို့ ခံစားကြရလေ့ရှိတယ်။ အခုချိန်ထိလည်း အမျိုးသမီးတွေရဲ့ လိင်စိတ်အထွတ်အထိပ်ရောက်မှုကိစ္စက ဝေခွဲရခက်တဲ့မေးခွန်းတွေအများကြီးရှိနေတုန်းပါပဲ။ လိင်စိတ်အထွတ်အထိပ် ဆိုတာ ယောက်ျားလေးတွေအတွက်တော့ သိပ်ပြီးရှင်းပြစရာမလိုပါဘူး။ အမျိုးသမီးတွေအတွက်ကျ ဒီကိစ္စက နည်းနည်းဖြေရခက်တယ်။ အစားအစာတစ်ခုကို အရသာမခံဘဲ သူ့ရဲ့အရသာကို ရှင်းပြရသလိုဖြစ်နေတယ်။ ရှင်းပြရခက်တယ်။ မြည်းစမ်းကြည့်လိုက်မှ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

အိမ်ထောင်ကျပြီးရင် မဖြစ်မနေ ကလေးယူ ရမှာလား။

အိမ်ထောင်ကျပြီးပြီဆိုရင် မကြာခင်မှာ ကြားရမယ့် စကားက ကလေးမယူသေးဘူးလားဆိုတာပါပဲ။ အိမ်ထောင်ပြုပြီးသွားရင် ကလေးယူ ရမယ်ဆိုတာက ပုံသေနည်းတစ်ခုလို ဖြစ်နေခဲ့တာ ကြာပါပြီ။ ကလေးမယူရင် ဒီအိမ်ထောင်ရေးက တည်မြဲဖို့ ခက်တယ်ဆိုတဲ့ ယဉ်ကျေးမှုကလည်း ရှိနေသေးသကိုး။ ဒါပေမယ့် ခုနောက်ပိုင်းမှာ Childless by choice ဆိုတဲ့ ကလေးမယူတဲ့ အလေ့အထကလည်း ခေတ်စားလာပါပြီ။ မျိုးဆက်ကို တန်ဖိုးထားပြီး အစွဲကြီးပါတယ်ဆိုတဲ့ အာရှနိုင်ငံတွေမှာတောင် ဒီအလေ့အထကို စပြီး တွေ့လာရပါပြီ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ အိမ်ထောင်ပြုပြီးရင် ကလေးယူရမယ်ဆိုတာက အလေ့အထတစ်ခုလို ဖြစ်နေတော့ ဒါနဲ့ ပတ်သက်ပြီး ဝေဖန်မှု၊ အပြစ်တင်မှုတွေ ကြုံရတာကို တွေ့ရပါတယ်။ ခေတ်စားလာတဲ့ Childless by choice Childless by choice ကို စပြီး ဦးဆောင်လာကြတာက အမျိုးသမီးတွေပါ။ Childless by […]

အမျိုးသမီးတစ်ယောက်ရဲ့ အမြင်

မီးဖွားပြီး ကာစ ဇနီးသည်နဲ့အတူပြန်နေဖို့ အရမ်းမလောပါနဲ့

လင်မယားရယ်လို့ ဖြစ်လာရင် လိင်မှုကိစ္စက အမြဲလိုလို ပါနေတတ်ပါတယ်။ အထူးသဖြင့် ကြင်စဦး ဇနီးမောင်နှံတွေဆိုရင် ပိုလို့တောင် လိင်ဆက်ဆံဖို့ တက်ကြွနေတတ်တာပေါ့။ ဒီလိုအချိန်မှာ ဇနီးက ကိုယ်ဝန်ရှိသွားတဲ့အခါ မိခင်နဲ့ ကလေးဘေးအန္တရာယ်ကင်းဖို့ကို အချိန်ကာလတစ်ခုအထိ ထိုးသွင်းဆက်ဆံမှုပါတဲ့ လိင်မှုကိစ္စကို ရပ်တန့်ထားလိုက်ရပါတယ်။ ယောက်ျားဆိုတာကလည်း ယောက်ျားသဘာဝက ကြီးစိုးနေတော့ ဘယ်လောက်ပဲ နားလည်ပေးနိုင်တယ်ပြောပြော ကာမကိစ္စနဲ့ပတ်သက်လာတဲ့အခါ လိင်စိတ်ဆန္ဒကိုပဲ ရှေ့တန်းတင်ဦးစားပေးတတ်သလို ဖြစ်သွားပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးသည်က မီးဖွားပြီး တာနဲ့ပဲ ချက်ချင်းစိတ်မထိန်းနိုင်ဘဲ လိင်ဆက်ဆံလိုက်တာ၊ ဆရာဝန်မှာကြားခဲ့တဲ့ စကားကို သေချာနားမထောင်တာမျိုးတွေ လုပ်မိတတ်ကြတာပေါ့။ မီးဖွားပြီး ဘယ်လောက်အကြာမှ လိင်ဆက်ဆံသင့်လဲ။ ပုံမှန်အားဖြင့်တော့ ရိုးရိုးမွေးထားတဲ့သူတွေကို ၄၅ ရက်အနည်းဆုံးစောင့်ပေးရမယ်လို့ ဆိုထားပေမယ့် မိခင်အဆင်ပြေတဲ့အထိ စောင့်သင့်ပါတယ်။ ဒီလိုကာလအတွင်းမှာ မေမေအနေနဲ့လည်း မီးဖွားဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေမယ်၊ ကလေးကို နို့တိုက်နေရမယ်၊ အစစအရာရာအတွက်ကို […]

လုပ်ငန်းခွင်မှ အမျိုးသမီးများ ကျန်းမာစေဖို့

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ Work-Life balance မျှစေဖို့

ခုခေတ်မှာ အမျိုးသမီးတွေက အိမ်မှုကိစ္စအပြင် ပြင်ပအလုပ်တွေကို တွဲဖက်လုပ်လာရပါပြီ။ ကိုယ်ပိုင်လုပ်ငန်း၊ ကုမ္ပဏီဝန်ထမ်း စတဲ့ ပုံစံအမျိုးမျိုးနဲ့ နယ်ပယ်အသီးသီးမှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်လာကြပါပြီ။ ဒါပေမယ့် သူတို့ရဲ့ မူရင်းအလုပ်ဖြစ်တဲ့ အိမ်မှုကိစ္စ၊ ကလေးတွေ ကိစ္စစတာတွေကိုလည်း လက်လွှတ်လို့မရသေးပါဘူး။ ဘယ်လောက်ပဲ အမျိုးသားက ကူတယ်ပြောပြော အမျိုးသမီးတွေကပဲ ဦးဆောင်လုပ်ရတာပါ။ တစ်ကိုယ်တော် အမေတွေဆို ပိုပြီးအလုပ်များပါသေးတယ်။ ဒီလိုအမျိုးသမီးတွေအတွက် Work-Life balance ဆိုတာ လိုကို လိုအပ်လာပါပြီ။ ဒါကြောင့် အမျိုးသမီးများ Work-Life balance မျှစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ Work-Life balanceဆိုတာ အလုပ်ရယ် ကိုယ်ပိုင်ဘဝရယ်လို့ အလွယ်တကူ ပြောလို့ရပေမယ့် တကယ်က ဒီထက် နက်ရှိုင်းပါတယ်။ Balance ဖြစ်ဖို့ဆို ပိုတောင် ခက်ပါသေးတယ်။ အလုပ်မှာဆိုရင် ဝန်ထမ်းဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေ၊ […]

မီးယပ်သွေးဆုံးခြင်း

ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ်

ညဂျူတီ ဆင်းရတဲ့အလုပ်ဟာ အိပ်ရေးပျက်ရုံတင်မကဘဲ အမျိုးသမီးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ သတင်းဆိုးတစ်ခုပါပဲနော်။ သူနာပြု၊ ဆရာဝန် တို့လို ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေဆိုရင် ညဂျူတီနဲ့မကင်းနိုင်သလို ညဘက်အလုပ်လုပ်တတ်တဲ့ အလုပ်များသူ လေဒီတို့အတွက်လည်း မကြာခဏအိပ်ရေးပျက်ရတာပါပဲ။ ဒီလို ညဘက်အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ ပုံမှန်ထက် သွေးဆုံးချိန်စောနိုင်တဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။ ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ် Human Reproduction ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီသုတေသနအရ တစ်ခါတလေမှ ညဆိုင်းအလုပ်လုပ်သူ အမျိုးသမီးတွေမှာတောင် စောစီးစွာသွေးဆုံးနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင်နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အသက် ၄၅ နှစ်မတိုင်ခင်သွေးဆုံးခဲ့တဲ့ အမျိုးသမီးတွေမှာ အလုပ်လုပ်ချိန်က အရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့နိုင်တယ်လို့ ကနေဒါနိုင်ငံ University of Dalhousie မှ ဦးဆောင်သုတေသီ David Stock ကပြောပါတယ်။ ဒီလိုအလုပ်လုပ်ခြင်းကြောင့် ကိုယ်တွင်းဇီဝနာရီကို […]

ကျန်းမာရေး သတင်းများ

တစ်ပတ်ကို ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေ စိတ်ဓာတ်ကျ နိုင်

စိတ်တွေ ဖိစီးလိုက်တာ၊ အလုပ်တွေကလည်း ဒီလောက်လုပ်နေတာတောင် မပြီးဘူးဆိုတဲ့ လေဒီလေးတွေ များရှိလား။ ဒါဆိုရင်တော့ ပြောစရာတစ်ခုရှိလာပါပြီနော်။ ဒါကတော့ အလုပ်တွေကို တအားဖိလုပ်နေလို့ စိတ်ဖိစီးနေတာ ဖြစ်နိုင်တယ်ဆိုတဲ့အချက်တစ်ခုပါ။ စိတ်ဖိစီးမှုများလာတဲ့အခါ အလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အာရုံစူးစိုက်မှုကလည်း ကျလာပါတယ်နော်။ နောက်ဆို စိတ်ဓာတ်ကျ တဲ့အထိ  ဖြစ်လာမှာပါ။ အလုပ်ချိန်များများလုပ်လေ စိတ်ဓာတ်ကျလေလေပါ အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်နေရတာက ခက်ခဲပင်ပန်းပါတယ်။ တစ်နေ့တာမှာ ၈ နာရီထက်ကျော်ပြီး အလုပ်စားပွဲမှာ ထိုင်နေရတာက အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုက ပိုလာနိုင်ပါတယ်။ ဒီခံစားချက်က စိတ်ခံစားမှုသက်သက်ပဲတော့ မဟုတ်ပါဘူး။ လေ့လာချက်တွေအရလည်း အမျိုးသမီးတွေဟာ အလုပ်ချိန်များများ အလုပ်လုပ်လေလေ စိတ်ဖိစီးမှုပိုများလာလေလေလို့ တွေ့ရှိထားရပါတယ်။ သုတေသီတွေက လေ့လာမှုအတွင်း အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ တစ်ပတ်မှာ အလုပ်ချိန် နာရီ ၄၀ ထက် အလုပ်လုပ်တဲ့ အမျိုးသမီးတွေထက် တစ်ပတ်မှာ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

အိမ်အလုပ် ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား

ဒီအကြောင်းအရာကို ရေးတော့မယ်ကြံတော့ အမျိုးသားထု တော်တော်များများ မကျေနပ်လောက်ဘူးလို့တော့ တွေးထားမိတယ်ဗျ။ ဒါပေမယ့် ဒီတလောမှ ရေးဖို့အတွက် ပေါ်လာတဲ့အတွေးလေးမို့ သေချာတော့ ဖတ်ကြည့်စေချင်ပါတယ်။ အိမ်အလုပ် ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား အိမ်အလုပ် ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား။ ဒီနေရာမှာ အိမ်အလုပ် လို့ သုံးနှုန်းထားတဲ့အတွက် ဒီအိမ်တစ်ခုလုံးမှာ နေနေတဲ့သူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီတော့ အမျိုးသမီးတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ဒီအလုပ်တွေဟာ ခင်ပွန်းနဲ့လည်း သက်ဆိုင်သလို အိမ်မှာနေနေတဲ့ ကလေး၊ လူကြီး၊ ဆွေမျိုး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ရှေးယခင်တုန်းကလို အိမ်အလုပ် မိန်းမအကုန်လုပ်၊ ယောက်ျားအလုပ်က ပိုက်ဆံရှာကျွေးရင် ပြီးပြီ၊ အိမ်အလုပ်ဆိုတာ အိမ်ထောင်ရှင်လေဒီ တို့နဲ့ပဲ ဆိုင်တာဆိုတဲ့ အတွေးအခေါ်တွေက ဒီဘက်ခေတ်မှာ အလုပ်မဖြစ်တော့ဘူးဆိုတာ သိထားဖို့တော့ လိုမယ်နော်။ ဒါဆို အိမ်အလုပ် တာဝန်တွေကို ဘယ်လိုခွဲကြမလဲ။ လူတိုင်းမှာ […]