home

ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီအကြို ကာလမှာ ခံစားရတဲ့ အပြောင်းအလဲတွေက တစ်ခုမကပါဘူး။ လေဒီလေးတွေအနေနဲ့ ရာသီလာတာက လတိုင်း ကြုံနေရတဲ့ ကိစ္စဆိုပေမယ့် ရာသီလာတဲ့အခါ ခံစားရတဲ့ နာကျင်မှု၊ ရာသီအကြို လက္ခဏာတွေကတော့ တစ်လနဲ့ တစ်လ မတူပါဘူး။ ဒီတစ်ခေါက်တော့ ရာသီမလာခင်မှာ ခံစားရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာလေး တစ်ခုဖြစ်တဲ့ ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ရာသီ မလာခင်မှာ ဝမ်းချုပ်တာက ပုံမှန်ပဲလား ..... ရာသီအကြို ကာလမှာ အစာခြေစနစ်ပြဿနာကို ခံစားရတာက ပုံမှန်ပါပဲ။ ဝမ်းချုပ်တာကို ခံစားရနိုင်သလို ဝမ်းပျက်တာ၊ လေပွတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေရဲ့ အရင်းခံကတော့ ရာသီလာခါနီး ခန္ဓာကိုယ်တွင်းမှာ ဖြစ်တဲ့ ဟော်မုန်း အတက်အကျ ဖြစ်စဉ် ကြောင့်ပါ။ ကိုယ်တွင်း ဟော်မုန်း ပမာဏ ပြောင်းလဲမှုက […]

ရာသီလာခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ရာသီလာခြင်း

ဓမ္မတာလာတဲ့အခါ သုံးကြတဲ့ ပစ္စည်းအမျိုးမျိုးထဲကမှ ကိုယ်တို့လို ဟိုဟာလည်း လုပ်ရမှာပျင်း၊ ဒီဟာလည်း ချိန်ရမှာ ပျင်းနဲ့ အပျင်းတစ်တတ်တဲ့ လေဒီတို့အတွက် တအားအဆင်ပြေစေမယ့် ပစ္စည်းကတော့ Menstrual Pants လို့ခေါ်တဲ့ ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးပါပဲ။ (Period Panties မဟုတ်ဘူးနော်။) လေဒီတို့ မျက်စိထဲ မြင်အောင် ပြောရမယ်ဆိုရင် ဒါက ကလေးတွေကို ဝတ်ပေးတဲ့ ဒိုင်ပါလေးလိုပါပဲ။ လိုတဲ့အချိန်ဝတ်တယ်။ အချိန်ပြည့်သွားရင် ဖတ်ဆို ချွတ်ရင်ချွတ်၊ မချွတ်ရင် ဘေးက ဖြဲပြီး အွန့်ဆို လွှင့်ပစ်လိုက်ရုံပဲမို့ အချိန်ကုန်၊ စိတ်ပင်ပန်း အင်မတန် သက်သာသောပါပဲ။ ဒါဆို သူ ဘယ်လို အလုပ်လုပ်လဲ။ ကောင်းကျိုးတွေက ဘာတွေလဲ။ လေ့လာကြည့်ကြရအောင်။  ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးရဲ့ ကောင်းကျိုး ပုံမှန် Tampon နဲ့ M-cup […]

ရာသီလာခြင်း

လစဉ်ရာသီလာရင်းနဲ့ ရုတ်တရက် ကိုယ့် padမှာ သွေးတုံးသွေးခဲတွေ တွေ့လိုက်ရတဲ့အခါ သိပ်လည်း လန့်မသွားပါနဲ့။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ထဲက တစ်ခုပါ။ များသောအားဖြင့်တော့ ရာသီစလာလာချင်း ၁ရက် ၂ရက်မှာ သွေးဆင်းလည်း များတတ်သလို သွေးတုံးသွေးခဲလည်း ပါတတ်ပါတယ်။ အများစုအတွက်တော့ ဒါဟာ ပုံမှန် အခြေအနေပါ။ ဒါပေမယ့် တချို့သော ရောဂါကြီးကြီးမားမားတွေမှာလည်း ရာသီသွေးထဲမှာ သွေးတုံးသွေးခဲတွေ ပါလာတတ်ပါသေးတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးဆိုရင် စိတ်ပူစရာ မလိုဘူးလဲ။ ဘယ်လိုမျိုးဆိုရင် ဆရာဝန်နဲ့ ပြသင့်သလဲဆိုတာ ပြောပြပေးသွားပါမယ်။ သွေးတုံးသွေးခဲတွေ ဘယ်က ဖြစ်လာတာလဲ။ ရာသီလာတဲ့အချိန်မှာ သားအိမ်နံရံက ဆဲလ်တွေ သေ၊ သွေးကြောတွေ ပုပ်ပြီး အချွဲတွေနဲ့ အတူ ကွာကျလာပါတယ်။ အလွယ်မြင်အောင် ပြောရရင် သားအိမ်နံရံက သွေးတွေ ထွက်လာတယ်ပေါ့။ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရ တစ်နေရာရာက […]

ရာသီလာခြင်း

ခေတ်မီတိုးတက်လာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ လစဉ်ဓမ္မတာအတွက် Sanitary Pad (လစဉ်သုံး ဂွမ်းထုပ်) တွေက တစ်ခုတည်းရှိတဲ့ ရွေးချယ်စရာ မဟုတ်တော့ပါဘူး။ ရွေးချယ်စရာတွေ များလာကြပါပြီ။ ဒီထဲမှာမှ ခု ကျွန်မတို့ နိုင်ငံက အမျိုးသမီးအများစု တော်တော်များများ သုံးလာကြတဲ့ အရာကတော့ Tampon ပါ။ ပြောရမယ်ဆိုရင် နိုင်ငံတကာမှာလည်း Tampon ဟာ ပေါ်ပြူလာ အဖြစ်ဆုံး ရွေးချယ်စရာတစ်ခုပါပဲ။ ဘာကြောင့် Tampon ကို ပိုပြီး ရွေးချယ်လာကြတာလဲ။ Tampon ဟာ လစဉ်သုံးဂွမ်းထုပ်တွေလို လှောင်ပိတ်နေမှာ၊ အနံ့ဆိုးမှာ၊ ပေါင်တွေပွန်းမှာ ပူပင်စရာ မလိုရလောက်အောင် အင်မတန် သက်သောင့်သက်သာရှိပါတယ်။ အရာမထင်တာ၊ ဖောင်းမနေတာနဲ့ အနောက်မှာ ပေသွားလား၊ မပေသွားလား စဉ်းစားနေစရာ မလိုတာတွေက ဘောနပ်စ်ပေါ့။ အရင်ဆုံး လက်ကို သေချာဆေး၊ Tampon […]

ရာသီလာခြင်း

ရာသီမလာခင် အကြို ကာလမှာ ဝမ်းချုပ်တာကြောင့် စိတ်ညစ်နေတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။ ရာသီမလာခင်ကာလမှာ ဝမ်းချုပ်တတ်လား။ ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်း အများကြီး ရှိပါတယ်။ ဒီထဲမှာမှ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပါ။ ရာသီမလာခင်မှာ ဝမ်းချုပ်တာမျိုး ခံစားရနိုင်ပါတယ်။ လေဒီတိုင်းလား ဆိုတော့ မဟုတ်ပါဘူး။ ရာသီမလာခင်မှာ ဝမ်းချုပ်ရတာက ကိုယ်တွင်းမှာ estrogen နဲ့ progesterone ဟော်မုန်း ပမာဏကို ညီမျှအောင် လုပ်ဆောင်နေရတာကြောင့်ပါ။ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာက သားဥကြွေတာကိုတင် မဟုတ်ဘဲ အစာခြေစနစ် အပေါ်မှာပါ သက်ရောက်မှု ရှိစေတာပါ။ ကိုယ်တွင်းမှာ progesterone ဟော်မုန်း များရခြင်းက လေဒီတွေကို ရာသီ အကြို ကာလမှာ ဝမ်းချုပ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ပါ။ ဒီ […]

ရာသီလာခြင်း

လစဉ်တိုင်း ကြုံရတဲ့ ပြဿနာ မတိုင်ခင် ကြိုတင်ပြင်ဆင်နိုင်စေဖို့အတွက် ရာသီအကြို လက္ခဏာတွေက ဘာတွေလဲ။ ကိုယ်တိုင်မှာရော ဒီ လက္ခဏာတွေ ရှိနေပြီလား ဆိုတာကို ဒီ ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်ကြည့်ရအောင် လေဒီတို့ရေ ....... ရာသီအကြို လက္ခဏာဆိုတာ ဘာလဲ။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၂ ပတ်လောက် အလိုကတည်းက လေပွတာ၊ ခေါင်းကိုက်တာ၊ စိတ်ခံစားမှု မကောင်းတာ၊ စိတ်ထိခိုက်လွယ်တာ လိုမျိုး လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။ လစဉ် ခံစားရတဲ့ ဒီ လက္ခဏာတွေကို ရာသီ အကြို လက္ခဏာတွေလို့ ခေါ်တာပါ။ ဒီ ရာသီ အကြို လက္ခဏာတွေကို အမျိုးသမီး ၈၅ ရာခိုင်နှုန်းလောက် ခံစားကြရပါတယ်။အချို့က သိပ်မပြင်းထန်ပေမယ့် အချို့မှာကျ ရာသီအကြီု လက္ခဏာက တော်တော်လေး […]

ရာသီလာခြင်း

ရာသီသွေး နဲ့ ပတ်သတ်ပြီး တော်တော်များများ ယူဆထားကြတာက သွေးက မသန့်ဘူး။ သွေးပုပ်တွေ။ ရာသီလာတယ်ဆိုတာ ယုတ်ညံ့တယ်ကိစ္စ ဒီလို သတ်မှတ်ထားကြတာပါ။ အထူးသဖြင့် လူကြီးတွေကပေါ့။ ဒါပေမယ့် ခုခေတ်က တိုးတက်လာတော့ ရာသီလာတယ်ဆိုတာကို ကျန်းမာရေး ကိစ္စတစ်ခုအနေနဲ့ သတ်မှတ်လာကြပါပြီ။ ပိုပြီးလည်း ပွင့်ပွင့်လင်းလင်း ဖြစ်လာကြပါပြီ။ ဒါပေမယ့် လူငယ်တွေ စိတ်ထဲမှာ ရာသီသွေးဆိုတာ အိမ်က အဘွားပြောသလို တကယ်ပဲ မသန့်ဘူးလား။ ရာသီသွေးတွေ ကျန်ရင် အပုပ်ဆန်တတ်တယ်ဆိုတာ တကယ်လားဆိုပြီး တွေးနေကြမှာပါ။ ဒီဆောင်းပါးမှာ ဒီပြဿနာကို ဖြေရှင်းပေးပါမယ်။ ရာသီသွေး ဘယ်ကဖြစ်လာတာ။ ရာသီသွေးဆိုတာ ပုံမှန်တွေ့နေကြ သွေးကြောထဲက သွေးနဲ့ နည်းနည်းကွဲပါတယ်။ ရာသီသွေးမှာ သွေးအပြင် သားအိမ်နံရံအမြှေးပါး၊ အချွဲနည်းနည်းနဲ့ ဘက်တီးရီးယားပါပါတယ်။ အချွဲဆိုတာက မိန်းမကိုယ်က အဖြူဆင်းသလို ထွက်တဲ့ အချွဲပါ။ […]

ရာသီလာခြင်း

သူ့ဟာသူ လာနေတဲ့ ရာသီရက် ကို ဘာကြောင့် ရွှေ့ချင်တာတုန်းလို့ မေးစရာ ရှိပါတယ်။ ဒါပေမယ့် ရာသီတစ်ခါလာရင် ဘယ်လောက်ပင်ပန်းလဲဆိုတာ အမျိုးသမီးတွေ အသိဆုံးပါ။ မလာခင်လည်း စိတ်တွေတိုရ၊ လာနေတော့လည်း ကိုယ်လက်တွေကိုက်၊ ဗိုက်တွေအောင့်၊ ဒီpadတွေလဲရတာလည်း အလုပ်တစ်လုပ်ဆိုတော့ စိတ်ရှုပ်စရာပါ။ သာမန်အချိန်ဆို ပြဿနာ မရှိပေမယ့် တစ်ခုခု အရေးကြီးတာ လုပ်စရာရှိတယ်ဆို သွားပြီပဲ။ ဥပမာ ပြောပြမယ်နော်။ နောက်အပတ်မှာ စာမေးပွဲရှိတယ်။ ၃ရက်လောက် ဖြေရမယ်။ တိုက်တိုက်ဆိုင်ဆိုင် ရာသီလာမယ့်ရက်နဲ့ တည့်တည့်တိုးနေတယ်။ ကလေးတွေခမျာ စာကျက်လို့ စိတ်ညစ်တာ တစ်မျိုး၊ ဒီရာသီကတစ်မျိုးနဲ့ ဝက်ခြံလေးတွေတောင် ထွက်လို့။ နောက်တစ်ခု ခရီးသွားမယ့်အချိန်မှာ ရာသီလာရင်လည်း တော်တော် စိတ်ညစ်ရပါတယ်။ လည်လို့ ပတ်လို့ မကောင်းတော့ဘူးလေ။ Beachသွားမယ်လို့ စီစဉ်ထားတဲ့သူဆို ပိုဆိုး။ ရေထဲတောင် […]

ရာသီလာခြင်း

အမျိုးသမီးတွေ ဘဝမှာ ရာသီကိစ္စက နေရာတကာ ပါနေတာပါ။ အပျိုအရွယ်မှာ ရာသီမလာသေးလို့၊ ရာသီလာတာစောလို့၊ နောက်ကျတာကစလို့ ရာသီမမှန်တာ၊ သွေးဆင်းများတာ၊ နည်းတာ၊ ရာသီလာခါနီးရင် စိတ်တိုတာ၊ လာနေတဲ့အချိန် ကယိကထများတာ၊ ထိန်သွားတာ၊ နောက်ဆုံး သွေးဆုံးသွားတာ စသဖြင့် စုံလို့ပါပဲ။ ဘဝမှာ ရာသီစလာကတည်းက တစ်လ တစ်ခါ သူနဲ့ အလုပ်များရပေါင်းလည်း မနည်းပါဘူး။ ခုလည်း သမီးက အပျိုအရွယ်ရောက်နေပြီ။ ရာသီမလာသေး တဲ့ ပြဿနာပါ။ မေမေတွေကတော့ သမီးလေးက ကလေးစိတ်မှ မကုန်သေးတာ။ သူ့ဟာသူနေပါစေ ဆိုပေမယ့် အရွယ်တစ်ခုရောက်တဲ့အထိ ရာသီမလာဘူးဆိုရင် ဒါပြဿနာပါ။ သဘာဝဟာ သဘာဝပါပဲ။ ကလေးစိတ်မကုန်သေးတာ ပြဿနာ မဟုတ်ပေမယ့် လာရမယ့် အချိန်မှာ မလာတာ ပြဿနာပါ။ ဆေးပညာအရ အပျိုလေးတစ်ယောက် ရာသီမလာသေး တာကို primary […]

ရာသီလာခြင်း

အမျိုးသမီးတွေ အားလုံးမှာ အပျိုဖော်ဝင်တဲ့ အချိန်ကစပြီး သွေးမဆုံးခင်အချိန်ထိ ဓမ္မတာ (သို့) ရာသီ သွေး ဆင်းကြပါတယ်။ အချို့သော အမျိုးသမီးတွေက ပုံမှန် တစ်လတစ်ခါ သွေးဆင်းကြပေမယ့် တချို့ကတော့ တချို့လတွေ ရာသီမလာတာ၊ လာတဲ့ ပမာဏက ပုံမှန်ထက် နည်းလွန်း၊ များလွန်းတာ ၊ လာတဲ့ ရက်က တိုလွန်း ရှည်လွန်းတာ စတဲ့ အခြေအနေတွေကို ကြုံတွေ့နေကြရပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာတော့ ရာသီပုံမှန်အတိုင်းမလာဘဲ တစ်လ၊ နှစ်လ စသည်ဖြင့် ရာသီပျောက်သွားရခြင်းဟာ ဘယ်လိုအခြေအနေတွေကြောင့် ဖြစ်နိုင်လဲ ဆိုတာလေးကို ပြောပြပေးသွားပါမယ်။ ပုံမမှန်တဲ့ အကြောင်းမပြောခင်မှာ ဘယ်ဟာက ပုံမှန်အခြေအနေလဲ ဆိုတာလေးကို အရင် ရှင်းပြပေးပါမယ်။ ပုံမှန်ကျန်းမာတဲ့ သူတစ်ယောက်မှာ ရာသီ သွေးဟာ အလွယ်ပြောရရင်တော့ တစ်လတစ်ခါ ပေါ်ကြပါတယ်။ လူတစ်ယောက်နဲ့ […]

ရာသီလာခြင်း

Hello ဆရာဝန်ကို လာမေးကြတဲ့ မေးခွန်းတွေထဲမှာ အတွေ့ရများတာက ရာသီထိန် နေတယ်။ ဆီးစစ်တော့လည်း နှစ်ကြောင်း မပေါ်ဘူး။ ဘာဖြစ်နေတာလဲပေါ့။ ဒါမျိုးတွေ ခဏ ခဏ လာမေးကြပါတယ်။ တကယ်တော့ ရာသီထိန်ရင် အရင်ဆုံး စဉ်းစားရမှာ ကိုယ်ဝန်ပါပဲ။ ကိုယ်ဝန်မဟုတ်ဘူး သေချာရင် တခြား အကြောင်းတွေကို စဉ်းစားမှာပါ။ ဒါတွေက ဘာဖြစ်နိုင်လဲ။ ကြည့်ကြည့်ရအောင်။ ရာသီထိန် ခဲ့ရင် . . . . .  ကိုယ်အလေးချိန် အပြောင်းအလဲ ရုတ်တရက် ကိုယ်အလေးချိန် အများကြီး တက်လာတယ် ဒါမှမဟုတ် အများကြီး ကျသွားတယ်။ ဒီလိုဆိုရင် ကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းတွေက ကမောက်ကမ ဖြစ်ပြီး ရာသီထိန်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ရာသီပြန်ပေါ်လာပါတယ်။ စိတ်ဖိစီးမှု အချိန်တော်တော်ကြာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် […]

ရာသီလာခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon