မီးယပ်သွေးဆုံးခြင်း

မီးယပ်သွေးဆုံးခြင်း ဆိုတာ အမျိုးသမီးတွေရဲ့ သဘာဝပါ။ ၁၂ လဆက်တိုက် ရာသီမလာဘူးဆိုရင် သွေးဆုံးတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒီစာမျက်နှာမှာ မီးယပ်သွေးဆုံးပုံအဆင့်ဆင့်နဲ့ မီးယပ်သွေးဆုံးကိုင် လက္ခဏာတွေကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ မျှဝေပေးပါ့မယ်။

ကျန်းမာရေးဗဟုသုတ

မီးယပ်သွေးဆုံးခြင်း

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေက အသက် ၅၀ ပတ်ချာလည်လောက်ရောက်ရင် သွေးဆုံး သွားကြပါပြီ။ အပျိုဖော်ဝင်စကနေ အလုပ်လုပ်ခဲ့တဲ့ သားဥအိမ်လေးရဲ့ ပင်စင်ယူချိန်ပေါ့။ တစ်သက်လုံး အီစထရိုဂျင်၊ ပရိုဂျက်စတုန်း ဟော်မုန်းနှစ်မျိုးနဲ့ နေခဲ့သမျှ ခုသူတို့မရှိတော့ဘူးဆိုတော့ အစပိုင်းမှာ နေရတာ ခက်မှာပါ။ ဒါကို မီးယပ်သွေးဆုံးကိုင်လို့ ပြောကြပါတယ်။ ထားပါတော့လေ။ ခုပြောချင်တာက သွေးဆုံးချိန်မှာ ဟော်မုန်းမရှိတာကြောင့် တချို့ရောဂါတွေက အရင်ကထက်စာရင် ပိုပြီး အဖြစ်များလာနိုင်ပါတယ်။ ဇရာကြောင့်လည်း ပါတာပေါ့။ ဒါကြောင့် တချို့သော ရောဂါတွေကို စောစောသိနေအောင် စစ်ဆေးစရာရှိတာ စစ်ဆေးဖို့လိုပါတယ်။ ဒါမှ စောစောသိ၊ စောစောကုနိုင်မှာပေါ့။ ဒီတော့ သွေးဆုံးချိန်မှာ ဘာရောဂါတွေ ပိုဖြစ်လာနိုင်လဲ။ ဘာတွေ စစ်ဆေးထားရင်ကောင်းမလဲဆိုတာ ပြောပြပေးပါမယ်။ သွေးပေါင်ချိန် အရင်က သွေးတိုးမရှိခဲ့ဘူးဆိုရင်တောင် ခုတိုင်းဖြစ်အောင် တိုင်းကြည့်ပါ။ အနည်းဆုံးတော့ တစ်နှစ် ၂ကြိမ်လောက်တော့ တိုင်းဖြစ်အောင် တိုင်းပါ။ […]

မီးယပ်သွေးဆုံးခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်မှာ အရင်က ရှိခဲ့တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ နည်းသွားတဲ့အတွက် သွေးဆုံးကိုင် ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ သာမန်အားဖြင့်တော့ သွေးဆုံးကိုင် ဝေဒနာတွေက lifestyle modification လို့ ခေါ်တဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းရုံနဲ့ သက်သာလာတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်က သူများနဲ့မတူဘဲ သွေးဆုံးကိုင် လက္ခဏာတွေကို မခံစားနိုင်တော့ဘူးဆိုရင် ဟော်မုန်း အစားထိုး ကုသမှုကို ခံယူနိုင်ပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက ကိုယ်က ဟော်မုန်းအစားထိုးဖို့ လိုတဲ့သူလား။ ဘာနည်းလမ်းတွေ ရှိလဲ။ ဘေးထွက်ဆိုးကျိုး ဘာတွေ ရှိနိုင်လဲ စတာတွေကို ကြိုတွေးထားဖို့ လိုပါတယ်။ ဘယ်သူတွေ ဟော်မုန်းအစားထိုး ခံယူသင့်သလဲ။  ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိနေပေမယ့်လည်း သွေးဆုံးကိုင်လက္ခဏာတွေကို ကုသတဲ့နေရာမှာ အီစထရိုဂျင်က အကောင်းဆုံးပါပဲ။ ဟော်မုန်းအစားထိုး ကုသမှု ခံယူသင့်တဲ့သူကတော့ လူလည်း […]

မီးယပ်သွေးဆုံးခြင်း

သိုင်းရွိုက်အလုပ်လုပ်အားနည်းရင် သိုင်းရွိုက်ဟော်မုန်းများထွက်ခြင်းလည်း လျော့ကျသွားပါတယ်။ သိုင်းရွိုက် အလုပ်လုပ်အားနည်းခြင်းကို Hypothyroidism လို့ခေါ်ပါတယ်။ သိုင်းရွိုက်အလုပ်လုပ် အားနည်းခြင်းနဲ့ အမျိုးသမီးများ သွေးဆုံးခြင်းဟာ လက္ခဏာတွေ ဆင်တူတတ်ပါတယ်။ သိုင်းရွိုက်အားနည်းခြင်းကို များသောအားဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ အဆိုပါအချိန်ဟာ အမျိုးသမီးများ သွေးဆုံးတဲ့အချိန်လည်း ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြသွားမှာကတော့ သွေးဆုံးခြင်းနဲ့ သိုင်းရွိုက်ဂလင်းအကြား ဆက်နွယ်မှု ဘယ်လိုရှိသလဲဆိုတာနဲ့ သွေးဆုံးခြင်းလက္ခဏာနဲ့ နောက်ဆက်တွဲပြဿနာတွေကို သိုင်းရွိုက်အားနည်းခြင်းက ဘယ်လိုအကျိုးသက်ရောက်စေသလဲ ဆိုတာပါပဲ။ အီစထရိုဂျင်ဟော်မုန်းနှင့် သိုင်းရွိုက်ဂလင်းလုပ်ငန်းတာဝန် သွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်းပမာဏ သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါကြောင့် သွေးဆုံးခြင်းနဲ့ ပတ်သက်တဲ့ လက္ခဏာများ ပေါ်လာတတ်ပါတယ်။ အီစထရိုဂျင်ပမာဏဟာ သိုင်းရွိုက်ဂလင်းနဲ့ လုပ်ငန်းတာဝန်တွေကိုလည်း သက်ရောက်မှုရှိပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အီစထရီုဂျင်ပမာဏကျဆင်းလာခြင်းဟာ သိုင်းရွိုက်ရဲ့ အလုပ်လုပ်နိုင်အားကိုလည်း ကျဆင်းစေပြီး သိုင်းရွိုက်ဟော်မုန်းကျဆင်းမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒီဟော်မုန်းနှစ်ခုကြားက ဆက်နွယ်မှုကို […]

မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတွေအားလုံး အပျိုဖော်ဝင်ချိန်ကစလို့ ရာသီသွေးဆုံးချိန် ဆိုတာ ကြုံတွေ့ကြရမှာပါ။ တစ်နှစ်တိတိ ရာသီသွေးလာခြင်းမရှိတော့ရင် ရာသီကုန်သွေးကုန်ဆုံးသွားပြီလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မှာ ဖြစ်ပွားတဲ့အသက်အရွယ်က တူလေ့မရှိပေမယ့် ၄၀ ကျော်နဲ့ ၅၀ ကျော်အရွယ်တွေမှာတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်တွင်း စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတတ်တဲ့အတွက် အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ သိထားသင့်ပါတယ်။ ရာသီဆုံးချိန်ဝင်လာပြီဆိုရင်တော့ oestrogen နဲ့ progesterone လို့ခေါ်တဲ့ မ ဟော်မုန်းတွေကို သားဥအိမ်က ထုတ်နိုင်စွမ်းကျဆင်းလာပါတယ်။ ဒီဟော်မုန်းတွေ နည်းပါးလာတဲ့အတွက် hot flash လို့ခေါ်တဲ့ ချွေးစေးပြန်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်းနဲ့ မိန်းမကိုယ်ခြောက်သွေ့ယားယံလာခြင်းတို့ ဖြစ်စေပါတယ်။ မအင်္ဂါကိုလည်း ကျုံ့လာစေတဲ့အတွက် ပိုပြီးခြောက်သွေ့စေတဲ့အပြင် မအင်္ဂါတစ်ဝိုက်တစ်ရှူးတွေလည်း ရောင်ရမ်းလာစေတာကြောင့် လိင်ဆက်ဆံတဲ့အခါ မသက်မသာ ဖြစ်စေနိုင်ပါသေးတယ်။ အရိုးပွရောဂါဖြစ်စေနိုင်တဲ့ ရာခိုင်နှုန်းကလည်း သွေးဆုံးချိန်မှာ မြင့်တက်လာပါတယ်၊ ဒီလိုအခက်အခဲတွေရှိတဲ့အတွက် သွေးဆုံးချိန်တွေကို […]

မီးယပ်သွေးဆုံးခြင်း

သွေးဆုံးပြီး တဲ့အမျိုးသမီးတစ်ဦးဟာ သွေးပြန်ဆင်းစရာအကြောင်းကို မရှိပါဘူး။ ဒီနေရာမှာ သွေးဆုံးတယ်ဆိုတာက တစ်နှစ်တိတိရာသီမလာတာကို ဆိုလိုတာပါ။ အသက်ကတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ အသက်၄၀နဲ့ ၅၀ကြားမှာ သွေးဆုံးတာများပါတယ်။ သွေးဆုံးပြီးတဲ့နောက် သွေးပြန်ဆင်းတာက တစ်ခုခုဖြစ်နေတယ်ဆိုတာကို ပြောချင်တာပါ။ ပေါ့လို့မရပါဘူး။ သွေးဆုံးပြီး သွေးပြန်ဆင်းတာ အရေးကြီးလား။ အရေးကြီးပါတယ်။ သဘာဝအတိုင်းဆင်းတာထက်စာရင် ရောဂါတစ်ခုခုကြောင့်ဖြစ်ဖို့များပါတယ်။ ဒါကြောင့် တစ်ခါပဲသွေးဆင်းတာဖြစ်ဖြစ် နည်းနည်းလေးပဲဆင်းတာ၊ စွန်းထင်းတာ၊ အညိုအခဲတွေဆင်းတာပဲဖြစ်ဖြစ် တခြားလက္ခဏာမရှိဘဲ သွေးဆင်းတာသက်သက်ပဲဖြစ်ဖြစ် သွေးဆင်းတယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ တစ်ခါတစ်လေ သွေးဆင်းတာမပြင်းထန်ပေမယ့် ရောဂါကြီးနေတာမျိုး ဖြစ်နေတတ်ပါတယ်။ သွေးဆုံးပြီး မှ ဘာကြောင့် သွေးပြန်ဆင်းရတာလဲ။ အသားပိုထွက်ခြင်း သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်းမှာ အသားပိုတွယ်တာပါ။ ကင်ဆာမဟုတ်ပါဘူး။ သွေးစွန်းရုံကနေ အများကြီးဆင်းတာ၊ အတူနေပြီးသွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သားအိမ်နံရံပါးတာ သားအိမ်နံရံအထူအပါးကို အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းက ထိန်းပေးပါတယ်။ သွေးဆုံးပြီးတဲ့နောက်မှာ ဒီဟော်မုန်းတွေ နည်းသွားတဲ့အတွက် […]

မီးယပ်သွေးဆုံးခြင်း

ရှေ့က ရေးခဲ့တဲ့ estrogen မ ဟော်မုန်းအကြောင်း ကို ဖတ်ထားခဲ့ရင်တော့ သည်ဆောင်းပါးကို ပိုပြီး ထဲထဲဝင်ဝင် နားလည်နိုင်ပါလိမ့်မယ်။ သွေးဆုံးတယ်ဆိုတာ တကယ်တော့ သားဥအိမ်က သားဥမကြွေတော့တာကိုပြောတာပါပဲ။ တချို့က ရာသီသွေးမဆင်းတော့ရင် ဆိုပြီးလည်းပြောကြတယ်။ တစ်နည်းအားဖြင့် မှန်ပါတယ်။ ပေါ်ပေါ်ထင်ထင်ကြည့်ပြီး သိလို့ရတာက သည်အချက်ပဲ ရှိတာကိုး။ ဘယ်အသက်အရွယ်မှာ သွေးဆုံးတယ်ဆိုတာကတော့ မျိုးရိုးနဲ့လည်းဆိုင်ပါတယ်။ အများစုကတော့ ၄၅-၅၀ ပတ်ချာလည်တွေမှာ သွေးဆုံးလေ့ရှိကြပါတယ်။  အချိန်ကိုတော့ အကြမ်းဖျင်းအနေနဲ့ တစ်နှစ်စောင့်ကြည့်ရပါတယ်။ တစ်နှစ်တိတိ ဘာပြင်ပ ပယောဂမှ မပါဘဲကို သားဥ မကြွေတော့လို့ သူနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်မယ့် ဓမ္မတာသွေးမဆင်းတော့တဲ့ အချိန်ဆိုရင်တော့ သွေးဆုံးပြီလို့ ပြောဖို့ အပြည့်စုံဆုံးဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သွေးဆုံးပြီးတာတောင်မှ သွေးပြန်ဆင်းတာမျိုးကြုံတတ်လို့ပါ။ ဒါက ရောဂါပိုင်းဖြစ်သွားပြီမို့ နောက်မှ သတ်သတ်ရှင်းပြပါ့မယ်။ […]

မီးယပ်သွေးဆုံးခြင်း

စိတ်ရဲ့ အလုပ်လုပ်ပုံဟာ ရှုပ်ထွေးတယ်ဆိုတာ  သွေးဆုံးခါနီး အမျိုးသမီးတစ်ယောက်ကို ကြည့်ရင် သိသာနိုင်ပါတယ်။ သွေးဆုံးတဲ့အချိန်မှာ အဲဒီအမျိုးသမီးကိုယ်တိုင်တောင် သူ့စိတ်အတွေး ဘယ်လိုဖြစ်နေလဲ ဆိုတာ သိဖို့ ခက်ပါတယ်။ သွေးဆုံးချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ လူတိုင်းက သူ့ကို ရူးနေပြီလို့ စွပ်စွဲလို့ရလောက်အောင် ခြောက်ခြားစရာ ကာလပေါ့။ အမျိုးသမီးတွေအတွက် သွေးဆုံးချိန်ဟာ ဘဝရဲ့ သိသာထင်ရှားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ပါတယ်။ မ ဟော်မုန်းဓာတ် ကျဆင်းခြင်းကြောင့် ဇီဝဖြစ်စဥ်တွေ  ကမောက်ကမဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေ ဖြစ်လာတာပါပဲ။ သည်လိုအချိန်မှာ စိတ်တွေလည်း ဖရိုဖရဲဖြစ်မယ်ဆိုတာ ပြောစရာတောင်မလိုပါဘူးနော်။ ဒါ့ကြောင့် သည်ဆောင်းပါးမှာ ကနဦးအနေနဲ့  အမျိုးသမီးတစ်ယောက် သွေးဆုံးချိန်မှာ တွေ့ကြုံရမယ့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေက ဘာတွေလဲ ဆိုတာရယ် ...ဒါတွေကို အတတ်နိုင်ဆုံး ဘယ်လိုကျော်လွှားမလဲ ဆိုတာရယ် […]

မီးယပ်သွေးဆုံးခြင်း

သားအိမ်တွင်းအလုံးအကျိတ်ဖြစ်လို့၊ ရာသီသွေးဆင်းနာကျင်မှုတွေခံစားရလို့၊ ကင်ဆာရှိနေလို့ စတဲ့ ဘယ်အကြောင်းရင်းတွေကြောင့်ဖြစ်ဖြစ် သားအိမ်ထုတ်ရပြီဆိုတာဟာ အကြီးစားခွဲစိတ်မှုပါပဲ။ ဒါ့ကြောင့် ခွဲစိတ်မှုနောက်ပိုင်း ကာယကံရှင်ရဲ့ကျန်းမာရေးအခြေအနေ၊ ခွဲစိတ်မှုနည်းလမ်းတို့ကိုမူတည်ပြီးပြန်လည်ကျန်းမာမယ့်ကြာချိန်ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ကုသမှုကိုအောင်အောင်မြင်မြင်နဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်းနောက်ပိုင်းဂရုစိုက်မှုက မကောင်းခဲ့ရင်ပြန်လည်သက်သာဖို့ အချိန်ပိုကြာနိုင်ပါတယ်။ သားအိမ်ထုတ်ပြီးနောက်ပိုင်းမြန်မြန်ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲ (၁) ကိုယ်လက်လှုပ်ရှားမှုနဲ့ အနားယူခြင်းကို ထိန်းညှိနေထိုင်ပါ ခွဲစိတ်မှုနောက်ပိုင်းမှာ နားနားနေနေနေရမယ်ဆိုပေမယ့် လုံးဝမလှုပ်ရဲဘဲငြိမ်နေတာလည်းမကောင်းပါဘူး။ အနီးအနားလမ်းလျှောက်တာလောက် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတွေက ခန္ဓါကိုယ်ကိုပြန်လည်ကုစားပေးနိုင်စွမ်းရှိပါတယ်။ ကိုယ်နိုင်သလောက်အတိုင်းအတာကိုဖြည်းဖြည်းချင်းစမ်းလုပ်ကြည့်ပါ။ မခွဲစိတ်ခင်ကထက်တော့ ပိုပင်ပန်းရ၊ ပိုဂရုစိုက်ရနိုင်ပေမယ့် ခဏလောက်နားနားပြီး လှုပ်ရှားပေးလို့ရပါတယ်။ (၂) အလေးအပင် မ မ ပါနဲ့ ခွဲစိတ်ပြီး အနည်းဆုံး ၆ ပတ်လောက်အတွင်းတော့ အလေးအပင်တွေ မ မ ပါနဲ့။ အနာချုပ်ရိုးပြန်ကွဲသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လှုပ်ရှားမှုလိုတယ်ဆိုပေမယ့် ခွဲစိတ်ပြီးအနည်းဆုံး ၆လအတွင်းမှာ သိပ်ပြီးအားစိုက်ရတဲ့ လှုပ်ရှားမှုတွေ၊ အိမ်အလုပ်တွေကိုမလုပ်ပါနဲ့။ (၃) အာဟာရပြည့်ဝမျှတအောင် စားပါ အားရှိအောင်စားပါဆိုတာကတွေ့သမျှအကုန်အများကြီးစားဖို့မဟုတ်ပါဘူး။ အာဟာရကြွယ်ဝတဲ့ အစားအစာမျိုးစုံကို ညီညွတ်မျတအောင် စားတတ်ဖို့အရေးကြီးပါတယ်။ ဥပမာ […]

မီးယပ်သွေးဆုံးခြင်း

ညဂျူတီ ဆင်းရတဲ့အလုပ်ဟာ အိပ်ရေးပျက်ရုံတင်မကဘဲ အမျိုးသမီးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ သတင်းဆိုးတစ်ခုပါပဲနော်။ သူနာပြု၊ ဆရာဝန် တို့လို ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေဆိုရင် ညဂျူတီနဲ့မကင်းနိုင်သလို ညဘက်အလုပ်လုပ်တတ်တဲ့ အလုပ်များသူ လေဒီတို့အတွက်လည်း မကြာခဏအိပ်ရေးပျက်ရတာပါပဲ။ ဒီလို ညဘက်အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ ပုံမှန်ထက် သွေးဆုံးချိန်စောနိုင်တဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။ ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ် Human Reproduction ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီသုတေသနအရ တစ်ခါတလေမှ ညဆိုင်းအလုပ်လုပ်သူ အမျိုးသမီးတွေမှာတောင် စောစီးစွာသွေးဆုံးနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင်နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အသက် ၄၅ နှစ်မတိုင်ခင်သွေးဆုံးခဲ့တဲ့ အမျိုးသမီးတွေမှာ အလုပ်လုပ်ချိန်က အရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့နိုင်တယ်လို့ ကနေဒါနိုင်ငံ University of Dalhousie မှ ဦးဆောင်သုတေသီ David Stock ကပြောပါတယ်။ ဒီလိုအလုပ်လုပ်ခြင်းကြောင့် ကိုယ်တွင်းဇီဝနာရီကို […]

မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတွေရဲ့ ဘဝမှာ သွေးဆုံးချိန်ဟာလည်း မဖြစ်မနေ ကျော်ဖြတ်ရမယ့် အခက်အခဲကာလတစ်ခုပါပဲ။ ဒီအချိန်ဆိုရင် ဟော်မုန်းအပြောင်းအလဲဖြစ်တာအပြင် ပုံမှန်ဖြစ်နေကျ ရာသီစက်ဝန်းရဲ့ ရပ်တန့်တော့မယ့်အချိန်ဖြစ်တာရော၊ တခြားကျန်းမာရေးပြဿနာတွေအနေနဲ့ ကိုယ်လက်အရိုးအဆစ်ကိုက်ခဲတာ၊ ကိုယ်အလေးချိန် တက်တာ၊ ကျတာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲမြန်တာ စတာတွေအပြင် လိင်ကိစ္စဆက်ဆံတဲ့အခါမှာလည်း အမျိုးသမီးတွေအတွက် ပြဿနာအများအပြား ကြုံလာရနိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ သွေးဆုံးနေစဉ် အမျိုးသမီးတွေ ကြုံတွေ့ရတတ်တဲ့ လိင်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ အမျိုးသားတွေအနေနဲ့ ဘယ်လိုအားပေးကူညီပေးလို့ ရမလဲဆိုတာကို အဓိကပြောပြပေးချင်ပါတယ်။ ၁။ လိင်စိတ်ဆန္ဒနည်းခြင်း လိင်စိတ်ဆန္ဒဆိုတာ အသက်ကြီးလာတာနဲ့အမျှ နည်းလာတတ်တဲ့အရပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် သွေးဆုံးနည်းတဲ့အချိန်ဆိုရင် ကိုက်ခဲနာကျင်နေတဲ့ ဝေဒနာအပြင် ဟော်မုန်းမျှခြေ ကမောက်ကမဖြစ်နေခြင်းကြောင့် လိင်ဆက်ဆံဖို့ကို လုံးဝစိတ်မပါနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမြဲတမ်းလိုလို အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေနဲ့ ပိနေတဲ့ အမျိုးသမီးတွေ၊ စိတ်ဖိစီးမှုနဲ့ တစ်ခုခုဆို စိတ်အားငယ်တတ်တဲ့ အမျိုးသမီးတွေမှာ […]

မီးယပ်သွေးဆုံးခြင်း

ရာသီဥတုအေးအေး၊ ပူပူ အသားကအမြဲပူနွေးနေတတ်သူတွေရှိပါတယ်။ ဘယ်အချိန်မဆို အသားချင်းထိကြည့်လိုက် အမြဲတမ်းပူနွေးနေတာပဲ။ သူဖျားနေတာတော့မဟုတ်ဘူး။ ဒါဆို ဘာဖြစ်လို့များလဲ။ အကြောင်းရင်းတော့ ရှိနေမှာပါ။ ဘယ်လိုအကြောင်းရင်းတွေဖြစ်နိုင်လဲဆိုတာ ဆက်ပြီးကြည့်ကြရအောင်နော်။ ဟော်မုန်းများ လည်ပင်းကြီးရောဂါ သိုင်းရွိုက်ဂလင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ ဂလင်းကဟော်မုန်းထုတ်လုပ်မှုလွန်ကဲနေလို့ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများခြင်းကြောင့် ခန္ဓာကိုယ်မှာလောင်စာတွေကို ခွန်အားအဖြစ်ပြောင်းလဲမှုနှုန်းကိုမြန်စေလို့ ပူနွေးမှုကိုဖြစ်စေတာပါ။ ဒီလိုဖြစ်ရင် ရေဆာတာ၊ ဗိုက်ဆာတာ၊ချွေးထွက်တာ၊ နှလုံးခုန်တာတွေ အကုန်မြန်လာနိုင်ပါတယ်။ အမျိုးသမီးတွေဆို ရာသီလာနည်းတာ၊ ထိန်တာ၊ ကိုယ်ဝန်ရဖို့ခက်တာတွေဖြစ်လာနိုင်ပါတယ်။ သွေးဆုံးခြင်း အမျိုးသမီးတစ်ယောက် ကျန်းမာစွာနဲ့သွေးဆုံးတဲ့အရွယ်က အသက် ၅၀ ဝန်းကျင်ဖြစ်လေ့ရှိပါတယ်။ အဲဒီအချိန်မှာhot flashes လို့ခေါ်တဲ့ အရေပြားနေရာတချို့ ရုတ်တရက်ပူရှိန်းရှိန်းဖြစ်လာတာမျိုးကို ခံစားရတတ်ပါတယ်။သွေးဆုံးချိန်မှာ ချွေးပိုထွက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ နှလုံးခုန်မြန်ခြင်းတို့လည်း ဖြစ်စေနိုင်တယ်။ နောက်ဆုံးရာသီလာချိန်မတိုင်ခင်မှာ လက္ခဏာတွေခံစားရတတ်ပြီး နှစ်နဲ့ချီပြီးကြာရှည်တတ်ပါတယ်။ သားဥအိမ်ပြဿနာ အမျိုးသမီးဆိုရင် သားဥအိမ်က အက်စထရိုဂျင်ဟော်မုန်း ပုံမှန်မထုတ်ပေးနိုင်တာ ဒါမှမဟုတ် ပုံမှန်သားဥမကြွေတာမျိုးကြောင့်ဖြစ်တတ်ပါတယ်။ ဒီလိုအမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ခက်ခဲတတ်ပါတယ်။ သွေးဆုံးချိန်မှာဖြစ်သလိုမျိုး လက္ခဏာဆင်တူတဲ့ […]

မီးယပ်သွေးဆုံးခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy