အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

အားလုံးပဲ မင်္ဂလာပါ။ Helloဆရာဝန် အဖွဲ့သားတွေကိုယ်စား နှုတ်ခွန်းဆက်သပါတယ်။ Hello Sayarwon (Helloဆရာဝန်)ကို ၂၀၁၇ခုနှစ်မှာ စတင်တည်ထောင်ကတည်းကစပြီး ဝက်ဘ်ဆိုဒ်ရဲ့ အခန်းကဏ္ဍတွေကို ဖွဲ့စည်းရာမှာ အမျိုးသမီးကျန်းမာရေးကဏ္ဍဟာ မပါမဖြစ်အနေနဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။ စတင်တည်ထောင်တဲ့အချိန်ကနေ ဒီနေ့အထိ အမျိုးသမီးများကဏ္ဍဟာ လူဖတ်အများဆုံးအဖြစ် အမြဲမှတ်တမ်းဝင်ပါတယ်။ [quotation title="ဒေါက်တာသူရိန်လှိုင်ဝင်း"] အမျိုးသမီးတွေဟာ မိသားစုတစ်ခုရဲ့ အစောင့်အရှောက် နတ်သမီးတွေပါ။ ကျန်းမာရေးဗဟုသုတနဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြုစုဂရုစိုက်ဖို့တွေမှာ အမျိုးသမီးတွေရဲ့ပင်ကိုယ်ဗီဇဟာ နှိုင်းမယှဉ်သာဘူးဆိုတာ မြင်သာထင်သာရှိပါတယ်။ [/quotation] Hello Sayarwon (Helloဆရာဝန်)ဟာ အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုသလို အမြဲတမ်းတိုးတက်ကောင်းမွန်လာဖို့ကိုလည်း အမြဲရှေးရှုပါတယ်။ ရှေးရိုးစွဲဝါဒီတွေများတဲ့ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုနဲ့ အခွင့်အရေးတွေကို မြှင့်တင်ဖို့ကြိုးစားရတာဟာ ထင်သလောက်မလွယ်ဘူးဆိုတာ သိကြမှာပါ။ အမျိုးသမီးတွေကိုယ်တိုင်ကတောင်မှ ကိုယ့်အခွင့်အရေးကို နားမလည်နိုင်၊ အဆုံးရှုံးခံနေကြတာမျိုးတွေရှိနေကြတယ်မလား။ ဒီလိုနဲ့ပဲ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ကဏ္ဍပေါင်းများစွာမှာ အမျိုးသမီးတွေဟာ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသားတွေက လိင်တံကြီးချင်ကြသလို အမျိုးသမီးတွေကလည်း မိမိရင်သားအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ တကယ်တော့ ရင်သားကြီး ခြင်း၊ သေးခြင်းဆိုတာက ကျန်းမာရေးအရတော့ ဘာမှမထူးခြားလှပါဘူး။ တချို့လေ့လာချက်တွေမှာ ရင်သားကြီးလွန်းရင် ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်တောင် ဆိုကြပါတယ်။ ဒါပေမယ့် လူဆိုတာမျိုးကတော့ လှချင်ကြတာချည်းပါပဲ။ ဒီတော့ ရင်သားအပါအဝင် မိမိရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သေးအောင်၊ ကြီးအောင် အမျိုးမျိုး ပြုပြင်ကြပါတယ်။ ခုပြောပြမှာကတော့ ရှုပ်ထွေးတဲ့ နည်းလမ်းတွေ မသုံးဘဲ မိမိရင်သားကို ကြီးထွားအောင် လုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ ရင်သားအရွယ်အစားကို ဘာတွေက ထိန်းချုပ်ထားတာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား မတူရတာက မျိုးရိုးဗီဇ အသက်အရွယ် ကိုယ်အလေးချိန် ဟော်မုန်း ကိုယ်ဝန်ရှိမရှိ စတာတွေနဲ့ ဆိုင်ပါတယ်။ ရင်သားက အဆီတစ်ရှူးဖြစ်တဲ့အတွက် ဝလာရင် ရင်သားလည်း အလိုလို ကြီးလာပါတယ်။ တချို့ လူကောင်သေးပြီး ရင်သားကြီးတဲ့သူတွေလည်း […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ် ကျန်းမာရေးက လေဒီလေးတွေအတွက် အတော်လေး အရေးပါပါတယ်။ ဒီအင်္ဂါ အစိတ်အပိုင်းလေးက ရာသီသွေးဆင်းတာ၊ အိမ်ထောင်ရေးသုခ ခံစားတာနဲ့ ရင်သွေးလေး မွေးဖွားတာလိုမျိုး တာဝန် များစွာကို ထမ်းဆောင်ပေးတာပါ။ အများစုက မိန်းမကိုယ်လို့ ပြောလိုက်ရင် ရွံ့စရာကောင်းတဲ့အရာ ဒါမှမဟုတ် ရှက်စရာ တစ်ခုလို့ ယူဆကြသလို သေချာလေး ဂရုစိုက် သန့်စင်ဖို့ကိုလည်း မေ့နေတတ်ကြပါတယ်။ မိန်းမကိုယ်က သူ့အလိုလို သန့်စင်မှု လုပ်ဆောင်နိုင်တယ်ဆိုပေမယ့် အရေပြား ယားယံတာကစလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကင်းစေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဘယ်လိုတွေ ဂရုစိုက်ပေးရမလဲ သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မိန်းမကိုယ် ကျန်းမာစေဖို့ ဒါလေးတွေ သတိထားဖို့ လိုပါမယ် ကျန်းမာပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်စေဖို့အတွက် ဒီအချက်လေးတွေကို နေ့စဉ် လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလိုပြောရတာက ခန္ဓာကိုယ်မှာရှိတဲ့ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်သူကမှ ပွင့်ပွင့်လင်းလင်း ပြောလေ့မရှိကြတဲ့အတွက် ပုံမှန်ဖြစ်နေတာကိုလည်း ပုံမှန်မဟုတ်ဘူးလို့ အထင်မှားတတ်ကြပါတယ်။ ခုလို တစ်ခုခု သိချင်ရင် ရှာဖွေဖတ်ရှုလို့ရတဲ့ ခေတ်မှာတော့ ဒီလို ယုံတမ်းစကားတွေက အမှန်မဟုတ်ဘူးဆိုတာ သိဖို့ ပိုလွယ်လာပါပြီ။ မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက် မိန်းမကိုယ်က အနံ့မရှိရဘူး။ မိန်းမကိုယ်က အရေပြားက တခြားအရေပြားတွေနဲ့ တူတူပါပဲ။ တခြားနေရာတွေမှာ ချွေးထွက်ရင် ချွေးနံ့ကျန်နိုင်သလို မိန်းမကိုယ်မှာလည်း ချွေးနံ့ရှိနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ အနံ့မရှိအောင် အမွှေးအကြိုင်တွေ လျှောက်သုံးမှ ပြဿနာတက်ပါလိမ့်မယ်။ မိန်းမကိုယ်က ပန်းခင်းကြီးလို မွှေးနေစရာ မလိုတာ အမှန်ပါ။ မိန်းမကိုယ်ကို အတွင်းထဲထိ  ဆေးမှ သန့်မှာပေါ့။ မိန်းမကိုယ်က ကိုယ့်ကိုယ်ကို သန့်ရှင်းရေး လုပ်နိုင်တဲ့ အင်္ဂါပါ။ သူ့မှာ ရောဂါဖြစ်စေတဲ့ ပိုးတွေကို […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

ညအိပ်ချိန်ဆိုတာ တစ်နေကုန် ပင်ပန်းခဲ့သမျှကို ဖြေဖျောက်ပြီး အင်အားတွေပြည့်စေဖို့ အနားယူချိန်ပါ။ ညအိပ်ချိန်မှာ အရေပြားဆဲလ်လေးတွေက အသက်ဝဝ ရှူရင်း အသစ်တွေ ဖြစ်ပေါ်နေသလို ခန္ဓာကိုယ်ကြီးကလည်း အနားယူနေတာပါ။ ဒီလို အချိန်မှာ သက်သောင့်သက်သာဖြစ်ဖို့က အတော်လေး အရေးကြီးပါတယ်။ ညအိပ်ချိန်မှာ သက်သောင့်သက်သာ မဖြစ်တာက အိပ်စက်မှုကို ထိခိုက်စေနိုင်သလို အိပ်ရေးမဝတာတွေက စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လေဒီလေးတို့ ညအိပ်တဲ့အခါ သက်သောင့်သက်သာဖြစ်စေဖို့အတွက် ဘရာ ဝတ်အိပ်ရမလား။ ချွတ်အိပ်ရမလားဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ဝတ်အိပ်မလား...... ချွတ်အိပ်မလား....... ဘရာ ညအိပ်တဲ့အခါ ဘရာ ဝတ်အိပ်တာက ရင်သားဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်။ ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ကြားဖူးနိုင်သလို ဘရာဝတ်အိပ်တာက ရင်သားတွဲမကျအောင် ထောက်ကူပေးတယ်ဆိုတဲ့ စကားတွေကိုလည်း ကြားဖူးမယ် ထင်ပါတယ်။ ညဘက် အိပ်တဲ့အခါ ဘရာဝတ်အိပ်တာကြောင့် ကောင်းကျိုးတွေရှိသလို ဘရာချွတ် […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ်မှာ အတွင်းသားရယ်၊ အလယ်က ကြွက်သားရယ်၊ အပြင်ဆုံးက အမြှေးပါးရယ်ဆိုပြီး ရှိပါတယ်။ ခုပြောမယ့် သားအိမ်ရောင် ခြင်းက Endometriumလို့ခေါ်တဲ့ အတွင်းသား ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ရောင် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက သားအိမ်ကို ပိုးဝင်စေတဲ့ ကိစ္စမှန်သမျှက သားအိမ်ရောင်ခြင်းကို ဖြစ်စေတယ်လို့ အကြမ်းဖျင်း မှတ်ထားလို့ ရပါတယ်။ ပုံမှန်ဆိုရင် သားအိမ်ခေါင်းက သားအိမ်ထဲကို ပိုးတွေ မဝင်အောင် အပြင်ကနေ ပိတ်ပေးထားပါတယ်။ သားအိမ်ခေါင်း ပွင့်သွားတဲ့အခါ ဥပမာ ကလေးမွေးတာ၊ မိန်းမကိုယ်ကို ခွဲစိတ်မှုတွေ လုပ်တဲ့အခါ အခန့်မသင့်ရင် သားအိမ်ထဲကို ပိုးတွေ ဝင်သွားတတ်ပါတယ်။ မိန်းမကိုယ်မှာ ပုံမှန်အတိုင်း ရှိနေတဲ့ ဘက်တီးရီးယားကရော အပြင်က ဝင်လာတဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားကရော သားအိမ်ရောင်တာကို ဖြစ်စေပါတယ်။ သားအိမ်ရောင်ခြင်းကို ဖြစ်နိုင်ခြေများတဲ့ ကိစ္စတွေကတော့ ကလေးမွေးတာ ဒါမှမဟုတ် […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ အတွင်းခံအဝတ်အထည်တွေရဲ့ အရေးပါမှုက ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုပါ။ တကယ်တော့ အတွင်းခံအဝတ်အထည်ဆိုတာ ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတွေပါ။ ဒီလိုနဲ့တစ်ခါတစ်လေမှာ ဘရာ Size မှားနေပြီလား လို့ တွေးမိလာချိန်တွေ ရှိလာပါလိမ့်မယ်။ ဘာလို့ ဘရာ Size မှားနေပြီလား လို့ တွေးလာရလဲဆိုရင် ဝတ်ဆင်ရတာ သက်သောင့်သက်သာ မဖြစ်တော့ပဲ အဆင်မပြေဘူးဆိုတဲ့ ခံစားချက်မျိုး တနေ့တခြား ပိုပိုရလာတာကြောင့်ပါ။ အသက်ရှူမဝတာတွေ၊ ရင်ဘတ်အောင့်တာတွေပါဖြစ်လာနိုင်တာပါ။ လျော့တိလျော့ရဲ ဘရာစီယာတွေကို ဝတ်ဆင်တာက သယ်ပိုးထိမ်းသိမ်းပေးနိုင်စွမ်းနည်းပါးတာမို့ ပြဿနာရှိတယ်ဆိုပေမယ့် တင်းကျပ်လွန်းတဲ့ ဘရာစီယာမျိုးကို ဝတ်ဆင်ထားမိမယ်ဆိုရင်တော့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေပါ ကြုံရနိုင်တာမို့ ပိုဆိုးရွားတယ်လို့ ဆိုရမှာပါ။ အရမ်းကျပ်ထုပ်နေပြီလား၊ ဘရာ Size မှားနေပြီလား အများစုသော အမျိုးသမီးတွေဟာ အတွင်းခံအဝတ်အထည်တွေကို ကျန်းမာရေးအတွက် ရည်ရွယ်ပြီး ဝတ်ဆင်ကြတာမျိုးနည်းပါးပါတယ်။ ကယ်တမ်းအားဖြင့် ဘရာစီယာလို အဝတ်အထည်တွေက ကျန်းမာရေးအတွက် […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူဘဲ ခံစားရနိုင်တဲ့ ရောဂါလေးတွေရှိပါတယ်။ အချို့သောရောဂါတွေ ဥပမာ ဆီးချို၊ သွေးတိုးစတဲ့ရောဂါတွေက အမျိုးသားရော အမျိုးသမီးမှာ ခံစားရနိုင်တယ်ဆိုပေမယ့် အချို့သောရောဂါတွေကတော့ အမျိုးသားတွေမှာ ဖြစ်လေ့မရှိပေမယ့် အမျိုးသမီးတွေမှာပဲ ခံစားရတာမျိုး ရှိပါတယ်။ အချို့ရောဂါတွေကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များတာမျိုးပါ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူသလို အာဟာရလိုအပ်ချက်လည်း မတူတာကြောင့် အမျိုးသမီးတွေမှာမှ ခံစားရနိုင်တဲ့ အဖြစ်များတဲ့ ရောဂါတွေက အတော်လေး များပါတယ်။ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲ။ အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။ ဒါတွေအပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ရုတ်တရက်နှလုံးရပ်တာကြောင့် သေဆုံးနိုင်ခြေ ပိုများနေသလို စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ကိုလည်း မကြာခဏခံစားရလေ့ရှိပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက အမျိုးသားရော အမျိုးသမီးမှာပါ ခံစားရနိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

အဖြူဆင်းတယ်ဆိုတာ အမျိုးသမီးတိုင်းလိုလို မကြာခဏ ဖြစ်တတ်ကြတဲ့ အရာပါ။ အဖြူ ဘာကြောင့်ဆင်းရတာလဲ၊ အဖြူဆင်းတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးလား။ ရောဂါတစ်ခုခုများ ဖြစ်နေလို့လား။ အရင်ကတော့ မသိသာဘူး၊ ဒီရက်ပိုင်းမှ အဖြူတွေ တအားဆင်းနေတယ်၊ ပြဿနာ တစ်ခုခုများရှိနေလား မသိဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဆရာဝန် သွားပြသင့်၊ မပြသင့်ကို ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်ရအောင်။ အဖြူဆင်းတဲ့အခါ ဆင်းလာတဲ့ အရည်ရဲ့ အပျစ်၊ အကျဲ နဲ့ အရောင်တွေပေါ် မူတည်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို အကြမ်းဖျင်း ခွဲခြားလို့ ရပါတယ်။ အဖြူရောင် အဖြူရောင်ပါတဲ့ အဖြူဆင်းခြင်းဟာ ရာသီစက်ဝန်း အစ နဲ့ ရာသီစက်ဝန်းပြီးဆုံးချိန် တစ်နည်းအားဖြင့် ရာသီ မလာခင် နဲ့ လာပြီးစ အချိန်တွေမှာ ဖြစ်တတ်ပြီး ဒါဟာ လုံးဝ ရာနှုန်းပြည့် ပုံမှန်ပါပဲ။ ကြည်လင်ပြီး ရေလို ကျဲကျဲ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘာအကြောင်းမှ မပြောခင် အရင်ဆုံး မေးချင်တာလေး ရှိပါတယ်။ မိန်းမကိုယ်က ပန်းတစ်ပွင့်လို မွှေးကြိုင်နေစရာ လိုလို့လား။ မိန်းမကိုယ်မှာ သဘာဝ အနံ့ရှိပါတယ်။ ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့အတွက် တကယ်တမ်းမှာ ဘာ Product မှ မလိုအပ်ပါဘူး။ ဒီလိုပြောဖို့အတွက် မိန်းမကိုယ်ရဲ့ သဘာဝကို အရင်ရှင်းပြဖို့ လိုအပ်လာပါပြီ။ ပြင်ပက ဝင်လာတဲ့ ပိုးမွှားတွေ၊ မှိုတွေရဲ့ ရန်ကို တိုက်ထုတ်ဖို့ မိန်းမကိုယ်ထဲမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေ နဲ့ မှိုတွေ ရှိပါတယ်။ မိန်းမကိုယ်တွင်းက ထွက်တဲ့ အချွဲတွေ၊ အရပ်စကားပြောရရင် အဖြူတွေက မိန်းမကိုယ်ကို pH ပမဏ မျှတအောင်နဲ့ မိန်းမကိုယ် သန့်ရှင်းအောင် အလိုအလျောက် သန့်စင်ပေးပြီးသားပါ။ ဒီအရာတွေကြောင့် မိန်းမကိုယ်တိုင်းမှာ ပင်ကိုယ်သဘာဝ ရနံ့ရှိပါတယ်။ ကြော်ငြာတွေကတော့ မိန်းမကိုယ်တွေဟာ ကြာညိုနံ့ပဲ သင်းရမလိုလို […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

ဒါပေါ့။ အတွင်းခံ ကို လူတိုင်း ဝတ်ကြတာပေါ့။ ဒါပေမဲ့ လျှော်ဖွပ်ပြီး လှန်းတဲ့အခါမှာတော့ ယောက်ျားလေး အတွင်းခံတွေဆို ဘယ်နေရာ ဘယ်လို လှန်းလှန်း ပြဿနာ မရှိပေမဲ့ မိန်းကလေး အတွင်းခံတွေကိုတော့ ထဘီနဲ့ အုပ်လှန်းတာက လှန်း၊ နေမရ၊ လေမရတဲ့ အိမ်တွင်း အရိပ်ထဲ ထည့် လှန်းလိုလှန်းနဲ့ ပြဿနာတွေ တန်းစီတက်ကြတော့တာပါပဲ။ ဘာကြောင့် ယောက်ျားလေး အတွင်းခံတွေက ပွင့်လင်းမြင်သာခွင့် ရှိပြီး မိန်းကလေး အတွင်းခံတွေကိုက ကွယ်ဝှက်နေကြတာလဲ။ တခြားအဝတ်တွေလည်း အဝတ်၊ အတွင်းခံလည်း အဝတ်ပါပဲ။ မရှက်ပါနဲ့။ ရဲရဲသာ အပြင်ထုတ်လှန်းပါ။ တကယ်က ယောက်ျားလေး အတွင်းခံ ဖြစ်စေ၊ မိန်းကလေး အတွင်းခံဖြစ်စေ၊ လေဝဝရှူရဖို့ လိုပါတယ်။ မိန်းကလေးတွေရဲ့ အတွင်းခံတွေဟာ မိန်းကလေးတွေရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း၊ အနူးညံ့ဆုံး အစိတ်အပိုင်းနဲ့ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy