backup og meta

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် သင်၏ စိတ်ခံစားချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Thin Myat Sandi Cho မှ ရေးသားသည်။ · 01/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် သင်၏ စိတ်ခံစားချက်

    လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရခြင်းက ဆန္ဒမပါဘဲလိင်ဆက်ဆံဖို့ဖိအားပေးခြင်းခံရတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်ပါတယ်။ စော်ကားခံရသူရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်သွားနိုင်ပါတယ်။

    လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရမယ်ဆိုရင် သင်သိထားရမှာက သင်မမှားပါဘူး။ စော်ကားခံရပြီး နောက်ပိုင်းမှာ သတ်သေလိုတဲ့အတွေးတွေ၊ လောကကြီးကိုမုန်းတီးတဲ့စိတ်တွေ၊လက်စားချေလိုတဲ့စိတ်တွေတောင် ပေါ်လာနိုင်ပါတယ်။ သင်အမျိုးမျိုးခံစားရနိုင်ပါတယ်။ စော်ကားခံရပြီး နောက်ပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ သင့်တုန့်ပြန်မှုတွေကိုနားလည်ထားခြင်းက သင့်ကိုသင်ကိုယ်တိုင်ကုစားနိုင်ပြီး ဒီအဖြစ်အပျက်ကနေ သက်သာရာရစေပါလိမ့်မယ်။

    လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် သင်၏ စိတ်ခံစားချက်

    လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် အခုလိုတွေ ခံစားရနိုင်ပါတယ်။

    • ငြင်းကွယ်ခြင်း
    • မိမိကိုယ်ကို အပြစ်တင်ခြင်း
    • ယုံကြည်မှု ဆုံးရှုံးသွားခြင်း
    • စိတ်ခံစားချက်တွေ ပြောင်းလဲခြင်း

    ငြင်းကွယ်ခြင်း

    အရှက်သိက္ခာကျခြင်းအတွက် အရှက်ရခြင်းနဲ့ကြောက်လန့်မှုတွေကြောင့် တိုင်တန်းတာမျိုးတွေနည်းပါတယ်။ သင့်ကိုယ်သင်ဒါမှမဟုတ် အခြားသူတွေကိုသင်ဖြစ်ပျက်ခဲ့ရတာတွေနဲ့ပတ်သက်ပြီး ငြင်းကွယ်ချင်နေပါလိမ့်မယ်။

    သင့်ဘဝအရင်အတိုင်းတည်ငြိမ်အောင်ကြိုးစားဖို့ ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားဖို့ကြိုးစားပါလိမ့်မယ်။ သင်အစော်ကားမခံခဲ့ရဘူးဆိုပြီးငြင်းကွယ်ခြင်းက သင့်ဘဝကိုဆက်လက်ရှင်သန်နေနိုင်ပြီး ဘာမှပြောင်းလဲခြင်းမရှိဘူးလို့ သင်တွေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။

    မိမိကိုယ်ကိုအပြစ်တင်ခြင်း

    အဖြစ်အများဆုံးစိတ်ခံစားချက်တစ်ခုဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံပြီး နောက်မှာ သင်တွန်းအားပေးခံရခြင်းနဲ့ပတ်သက်ပြီး သိမ်ငယ်တဲ့အတွေးတွေ၊ အရှက်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စော်ကားခံရနိုင်ဖို့ ဦးတည်စေတဲ့ဆုံးဖြတ်ချက်တွေချခဲ့ခြင်းအတွက် သင့်ကိုယ်သင်အပြစ်တင်နိုင်ပါတယ်။ ဒီလမ်းကိုငါမသွားခဲ့ရင်၊ အပြင်မှာအရမ်းနောက်ကျအောင်မနေခဲ့ရင် လုံခြုံတဲ့အဝတ်အစားမျိုးကိုဝတ်ဆင်ခဲ့ရင် ဆိုပြီးဖြစ်နိုင်ပါတယ်။ သင်သိထားရမှာက စော်ကားခံရခြင်းက စော်ကားခံရသူရဲ့အမှားဘယ်တော့မှမဟုတ်ပါဘူး။

    သင်ကစော်ကားခံရသူဖြစ်ပြီး သင့်ဆန္ဒကြောင့်ဖြစ်ပျက်ခဲ့ရတာမဟုတ်ပါဘူး။ သင်ကဂရုစိုက်ခံရခြင်းနဲ့ကိုယ်ချင်းစာခံရဖို့ ထိုက်တန်ပါတယ်။

    ယုံကြည်မှုဆုံးရှုံးသွားခြင်း

    စောက်ကားခံရပြီး နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုပျက်စီးသွားပြီး အခန်းတွင်းအိမ်တွင်အောင်းနေပါလိမ်မ့ယ်။ ဒီလိုပြုလုပ်ခြင်းကသင့်ကသင့်ကိုယ်သင်လုံခြုံအောင်မကာကွယ်နိုင်ဘူးလို့တွေးတာကြောင့် သင်စိတ်ချရတဲ့နေရာမှာ နေခြင်းဖြစ်ပါတယ်။

    ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ အသိဉာဏ်၊ လူမှုရေးဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေကိုပါ သက်ရောက်စေပါတယ်။ သင့်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ပျက်စီးစေပြီး ကမ္ဘာကြီးနဲ့ပတ်သက်ပြီးသင့်နေထိုင်ရာနေရာနဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေကိုပါ ပျက်စီးပစ်စေနိုင်ပါတယ်။

    ဒါ့အပြင် ကိုယ့်ကိုယ်ကို ညစ်ပတ်ရွံ့ရှာဖွယ်ရာအနေနဲ့ မြင်နိုင်ပါတယ်။ အဆိုးမြင်အတွေးတွေဖြစ်လာနိုင်ပြီး သင့်ကိုသင်နောက်ထပ်ဂုဏ်ယူကျေနပ်မှုတွေ မဖြစ်နိုင်ပါဘူး။ လူမှုရေးဆိုင်ရာအရှက်သိက္ခာကျဆင်းရမှုကြောင့် သင်ကအခြားသူတွေကိုချစ်ဖို့မထိုက်တန်တော့သူလို့ သင်ချစ်သူက သင့်ကိုခွှင့်လွှတ်မပေးနိုင်တော့ဘူးလို့ သင်တွေးနိုင်ပါတယ်။

    အများစုမှာ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ချစ်သူဆီကအားပေးမှုတွေရတဲ့အခါမှာ မြန်မြန်ကုစားလွယ်ပြီး အကောင်းမြင်အတွေးတွေရလာနိုင်ပါတယ်။ မြန်မြန်သက်သာလာနိုင်ပြီး သင်ကအစော်ကားခံထားရတာကြောင့် သူတို့တွေကသင့်ကိုဘယ်တော့မှအော်မှာမဟုတ်ပါဘူး။

    စိတ်ခံစားချက်အပြောင်းအလဲများ

    စိတ်ပိုင်းဆိုင်ရာနာကျင်မှု၊ ထုံကျဉ်မှုနဲ့ စိတ်ခံစားချက်အပြောင်းအလဲအပြင်းအထန်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ဓါတ်ကျခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ စိုးရိမ်ခြင်းတွေကနေ မထိန်းချုပ်နိုင်ဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုတွေဆီ တွန့်းပို့ပေးပါလိမ့်မယ်။ ဒီစိတ်အပြောင်းအလဲတွေက ပုံမှန်ပဲဖြစ်ပြီး လက်ခံနားလည်ပေးလို့ရတဲ့တုန့်ပြန်မှုတွေဖြစ်ပါတယ်။ ဒါတွေကိုသတိထားမိပြီး အပြောင်းအလဲတွေကိုထိန်းချုပ်နိုင်ဖို့ကြိုးစားသင့်ပါတယ်။

    လိင်ပိုင်းဆိုင်ရာ အစော်ကားခံရပြီး သင်ဘာတွေပဲခံစားရခံစားရ အရေးကြီးတာက သင့်ကိုယ်သင်ဂရုစိုက်ဖို့ပဲဖြစ်ပါတယ်။ အမှန်အတိုင်းလက်ခံဖို့ခက်ပေမယ့်လည်း အကောင်းဆုံးနဲ့သင်အမြဲထိုက်တန်ပြီး သင့်ကိုယ်သင်စောင့်ရှောက်ရမှာဖြစ်ပါတယ်။ သင့်သူငယ်ချင်းမိတ်ဆွေ၊ သင့်မိသားစု၊ သင်ချစ်ရသူတွေက သင့်အနားမှာအမြဲရှိနေပေးပြီး သင့်ကိုချစ်ပေးနားလည်ပေးဂရုစိုက်ပေးမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Thin Myat Sandi Cho မှ ရေးသားသည်။ · 01/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement