- ဆရာဝန်နဲ့တိုင်ပင် အကြံပြုချက်ခံယူပါ။
ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာ စပြကတည်းက ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ ပြန်လည်နာလန်ထူမယ့်အချိန်ကတော့ ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ်ဝန်လ အနုအရင့်ကို မူတည်ပြီး အနည်းအများ ကွာခြားတတ်ပါတယ်။ ဆရာဝန်ပုံမှန်ပြပြီး ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်ပါ။
ကိုယ်ဝန်ပျက်ကျခြင်းက ခန္ဓာကိုယ်မှာ ဘေးထွက်ဆိုးကျိုးတွေ ကျန်ရစ်ခဲ့နိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အောက်ပါဘေးထွက်ဆိုးကျိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။
- သိပ်မပြင်းထန်တဲ့ သို့မဟုတ် ပြင်းထန်တဲ့ ခါးနာခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ဖြူနှစ်နှစ် အကျိအချွဲတွေဆင်းခြင်း
- အရောင်ရင့်ရင့် သွေးဆင်းခြင်း။
ဘေးထွက်ဆိုးကျိုးက ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ပြပါ။

- လက္ခဏာတွေပြင်းထန်လာရင် အမြန်ဆုံး ဆေးကုသမှုခံယူပါ။
သွေးဆင်းများခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အပြင်းအထန်ဗိုက်အောင့်ခြင်းတို့အပါအဝင် လက္ခဏာတွေဆိုးလာရင် မပေါ့ဆပါနဲ့။ အမြန်ဆုံးကုသမှုခံယူပါ။
- စိတ်ကိုကုစားဖို့ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးပါ။
ဟော်မုန်းတွေကလည်း အရေးပါတဲ့နေရာက ပါဝင်နေတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်ဝန်ရှိခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းအပေါ်ထားရှိတဲ့ ဟော်မုန်းရဲ့တုံ့ပြန်မှုတွေက သင့်ရဲ့စိတ်ခံစားချက်တွေကို ပိုပြင်းထန်စေပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်းမှာ တော်တော်ကြာတဲ့အထိ ငိုနေမိတာမျိုးက အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒါတွေက ယာယီခံစားချက်တွေဖြစ်ပြီးကြာရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။
နောက်ပိုင်းအတွက် အကောင်းဆုံးက ကျန်းမာရေးအတွက်ကောင်းတဲ့ အစာအာဟာရတွေ စားပေးဖို့ပါပဲ။ ဖိစီးမှုတွေရှိနေတဲ့ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အာဟာရဓာတ်စာတွေစားပေးရပါမယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ကြက်ဥ၊ အမဲသား၊ ပဲပိစပ်၊ လိမ္မော်သီး၊ ထောပတ်သီးတို့လို ဖောလစ်အက်စစ်ကြွယ်ဝတဲ့အစားအစာတွေက အကောင်းဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။