မဖြစ်မနေကျော်လွှားရမယ့် မေမေတို့ရဲ့ စိတ်ဓာတ်ကျ ချိန်
ကလေးမွေးဖွားပြီးခါစအချိန်မှာ အိပ်လို့မရတဲ့ညတွေ၊ ကလေးကိုစောင့်ရှောက်ဖို့စိတ်ပူပန်မှုတွေ၊ အနီးကပ်တာဝန်အားလုံး ကိုယ့်ပခုံးပေါ်ရောက်လာတာ စတဲ့ စိန်ခေါ်မှုတွေရှိလာမှာကတော့ သဘာဝပါပဲ။ ကလေးမွေးကာစမေမေတွေ ၈၀ ရာခိုင်နှုန်းလောက်က စိတ်ဓာတ်ကျ တဲ့ပြဿနာကို ကြုံတွေ့ဖူးပါတယ်။ ဒီလိုကြုံလာရင် မိခင်ဘဝရဲ့ရှောင်လွှဲမရတဲ့စိန်ခေါ်မှုတွေကို မိခင်မေတ္တာပြည့်ဝစွာနဲ့ ဉာဏ်ရှိရှိရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ မွေးဖွားပြီးစ စိတ်ဓာတ်ကျ လက္ခဏာတွေက အကြောင်းရင်းမည်မည်ရရမရှိဘဲ ငိုကြွေးခြင်း စိတ်မရှည်ခြင်း စိတ်တို စိတ်ဆတ်ခြင်း ဂနာမငြိမ်ဖြစ်ခြင်း စိုးရိမ်သောကဖြစ်နေခြင်း ဘာတွေကြောင့်ဖြစ်ရတာလဲ မောပန်းနွမ်းနယ်ခြင်း အိပ်မပျော်ခြင်း (ကလေးအိပ်ပျော်နေချိန်တောင်မှ) ဝမ်းနည်းနေခြင်း စိတ်အပြောင်းအလဲမြန်ခြင်း အာရုံစူးစိုက်မရခြင်း မွေးပြီး လေးရက်မြောက်နေ့လောက်မှာ ကလေးမွေးပြီးဖြစ်တတ်တဲ့ စိတ်ဓာတ်ကျ ဝေဒနာ အရှိန်တက်လာလေ့ရှိပြီး ၂ ပတ်မပြည့်ခင်အတွင်း ပြန်သက်သာသွားလေ့ရှိပါတယ်။ ဒီလိုဖြစ်စေနိုင်တဲ့ဟော်မုန်းပြောင်းလဲမှုတွေကို မတားဆီးနိုင်ပေမယ့် ဆင်ခြင်နေထိုင်မှုမရှိဘဲကြာလာရင် နောက်ပိုင်းဖြစ်လာနိုင်တဲ့ မီးဖွားပြီးစိတ်ကျဝေဒနာ (postpartum depression -PPD) ကိုတော့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားထားတဲ့ မိခင်တွေကိုပြုစုစောင့်ရှောက်ရမယ့်အကောင်းဆုံးနည်းလမ်းက […]