လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ
လိင်ဆက်ဆံတယ်ဆိုတာက ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာ သံယောဇဉ်တွေ တိုးလာဖို့ပါ၊၊ ခန္ဓာကိုယ်ချင်း ထိတွေ့မှု၊ စိတ်ချင်း ရင်းနှီးမှုတွေကြောင့် အတူနေတာက စိတ်ကျေနပ်မှုကို ရစေပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်၊၊ ဒါပေမယ့် တစ်ခါတလေမှာ အချစ်လွန်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတတ်ပါတယ်၊၊ ဒါကြောင့် လိင်ဆက်ဆံရင်း နဲ့ ထိခိုက်ဒဏ်ရာရခဲ့ရင် ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်၊၊ လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု မွေးလမ်းကြောင်းပြဲတာ ထိုးသွင်းဆက်ဆံတဲ့အခါ ကြမ်းသွားတာ ဒါမှမဟုတ် sex toys တွေနဲ့ ထိုးမိတဲ့အခါ ဖြစ်တတ်ပါတယ်၊၊ နည်းလမ်း မွေးလမ်းကြောင်း ဘယ်လောက်ပြဲသွားလဲဆိုတာပေါ် မူတည်ပါတယ်၊၊ သေးသေးလေး၊ အပေါ်ယံလေးပဲဆိုရင် အိမ်မှာတင် သက်သာအောင်ကုလို့ရပါတယ်၊၊ ကြီးလွန်းတယ်၊ သွေးထွက်များတယ်ဆိုရင်တော့ ချုပ်ဖို့လိုနိုင်လို့ ဆေးရုံ၊ ဆေးခန်းသွားသင့်ပါတယ်၊၊ အိမ်မှာသက်သာစေတဲ့ နည်းတွေကတော့ နာတာ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်ပါ၊၊ ရေနွေးဇလုံထဲမှာ တစ်ခါစိမ်ရင် ၁၀-၁၅မိနစ်နဲ့ […]