အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

ဟော်မုန်းတွေ များနေတာ ဒါမှမဟုတ် မလုံလောက်တာဖြစ်လာရင် ဟော်မုန်းမညီမျှတဲ့ ပြဿနာကြုံရနိုင်ပါတယ်။ လက္ခဏာတချို့ကို ပြောရမယ်ဆိုရင် ရာသီသွေးများတာ၊ ပုံမှန်မလာတာ၊ ဝက်ခြံတွေ ပေါက်တာ၊ အမွေးအမျှင်တွေ ထူလာတာမျိုးပါ။ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းမညီမျှမှုတွေကို ဒီမှာ လေ့လာကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

စိတ်ကျန်းမာရေးက နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှ စိတ်ခံစားမှု ကောင်းမှာ ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာလည်း ကျန်းမာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ သက်ရောက်နေတဲ့ လူတွေ သိပ်မသိတဲ့ အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဟော်မုန်းတွေပါ။ ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စေနိုင်ပါတယ်။ ဒီတော့ ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးအပေါ် တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်တဲ့ အားဖြင့်ရော ဘယ်လို သက်ရောက်နေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ [summary title="ဒီဆောင်းပါးလေးထဲမှာ အဓိက ပြောပြပေးသွားမယ့် အကြောင်းအရာလေးတွေကတော့"] ဒီဆောင်းပါးလေးထဲမှာ အဓိက ပြောပြပေးသွားမယ့် အကြောင်းအရာလေးတွေကတော့ ဟော်မုန်းတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေလဲ။ ဘာတွေက ဟော်မုန်း မညီမျှမှုကို ဖြစ်စေတာလဲ။ […]

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အရွယ်စုံ အမျိုးသမီးတွေရဲ့ နေ့စဉ် ဘဝမှာရော မသဘာဝ ကိုဖော်ဆောင်ရာမှာပါ အတော်လေးအရေးပါတဲ့ မ ဟော်မုန်းဓာတ် ( estrogen ) အကြောင်းကို လက်လှမ်းမီသလောက် ပြောပြပေးချင်စိတ်ဖြစ်လာတာမို့ သည်ဆောင်းပါးလေးကို ရေးပါတယ်။ ဆေးပညာရှုထောင့်ချည်း သတ်သတ်မဟုတ်ဘဲ မိမိကိုယ်ထဲမှာရှိနေတဲ့ ဓာတ်တစ်ခုရဲ့ အလုပ်လုပ်ပုံနဲ့ ကောင်းကျိုးလေးတွေကို သိထားစေချင်တာပါ။ ရာသီမမှန်ဘူး၊ နေမထိထိုင်မသာဖြစ်တယ်၊ အသားအရေ မွဲပြီး ခြောက်တယ်၊ အိမ်ထောင်ရေးသုခ မပြည့်ဝဘူး၊ သွေးဆုံးကိုင်ချင်တယ် စတဲ့ အမျိုးသမီး အများစုအတွက် မရိုးနိုင်တဲ့ ပြဿနာတွေရဲ့ အစက သည်ဟော်မုန်းဖြစ်နေတာကြောင့်ပါ။ သူ့အကြောင်းကို သေချာသိပြီးသွားပြီဆိုရင်တော့ သူမရှိတော့တဲ့ သွေးဆုံးချိန်မှာ ကြုံရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ လေးတွေ အကြောင်းကို လည်း သီးသန့်ဆောင်းပါး လေးတွေနဲ့ ပြောပြပေးသွားပါမယ်။ မ ဟော်မုန်းဓာတ် လို့သာပြောပေမယ့် […]

လည်ချောင်းပြဿနာများ

ကိုယ်ခန္ဓာမှာရှိတဲ့ ဟော်မုန်းအားလုံးရဲ့ ဂိုဏ်းချုပ်က သိုင်းရွိုက်ဟော်မုန်းတဲ့။ ဒီတော့ သိုင်းရွိုက်ဟော်မုန်းနည်းသွားဖြစ်ဖြစ် များနေရင်ဖြစ်ဖြစ် ကိုယ်ခန္ဓာအပေါ် သက်ရောက်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အများကြီးပါ။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ။ သိုင်းရွိုက်ဟော်မုန်း နည်းတယ်ဆိုတာ သိုင်းရွိုက်ဂလင်းကနေ ရှိသင့်တဲ့ သိုင်းရွိုက်ဟော်မုန်းတွေ အလုံအလောက်မထုတ်တဲ့ပြဿနာပါ။ သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းအရှေ့အောက်ဘက်နားလောက်မှာရှိတဲ့ endocrine ဂလင်းတစ်မျိုးဖြစ်ပြီး larynx. အောက်မှာ ရှိနေတဲ့ လိပ်ပြာပုံစံ ဂလင်းတစ်ခုပါ။ သူကနေ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးအခြေအနေကိုထိန်းချုပ်နေတာပါ။ ဒီနေ့ဆောင်းပါးထဲမှာတော့ သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ ဆိုတာဘာလဲ ဘယ်လို ကျန်းမာရေးပြဿနာတွေရှိလဲဆိုတာနဲ့ ဝေဒနာခံစားနေရတဲ့သူတွေ ရှောင်ရမယ့် ဆေးတွေ စားစရာတွေ အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ ။ ။ • ခုခံအားဆိုင်ရာပြဿနာရှိနေတဲ့သူတွေ • ဓာတ်ရောင်ခြည်ထိတွေ့မှုခံထားရတဲ့သူတွေ • သိုင်းရွိုက်ဟော်မုန်း အရမ်းများတဲ့အတွက် radioactive iodine ကုသမှု […]

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

ဟော်မုန်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေအနေတွေအားလုံးကို အုပ်စိုးထားတဲ့အရာတစ်ခုလေ။ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ ဟော်မုန်းမမျှတ တာဖြစ်တတ်တဲ့ သွေးဆုံးခါနီးသူတွေကို ကြည့်ပါလား။ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တာကြောင့် တော်ကြာနေရင်း အေးလိုက် တော်ကြာနေပူလိုက် ဓမ္မတာလည်း လာလိုက်မလာလိုက်နဲ့ မီးယပ်ပြဿနာတွေဖြစ်ရတာပေါ့။ ကိုယ်က သွေးဆုံးခါနီးအရွယ်ကို မရောက်သေးပေမယ့် ကိုယ့်ဆီမှာ ဟော်မုန်းမမျှတတဲ့ ပြဿနာရှိနေရင် ဘယ်လိုလက္ခဏာတွေပြလဲ ဆိုတာကြိုသိထားတော့ မမှားဘူးပေါ့။ ဟော်မုန်းဓာတ်တွေ ညီညွတ်မျှတမှ ဓမ္မတာစက်ဝန်းမှန်မယ်။ စိတ်တိုစိတ်ရှုပ် စိတ်ဖိစီးတာတွေကင်းမှာလေ။ ဒီတော့ ဟော်မုန်းမမျှတ အပြောင်းအလဲ ဖြစ်နေပြီဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲ  ( ၁ ) ရုတ်တရက် ကိုယ်အလေးချိန် အများကြီးတက်လာမယ်။ ဟော်မုန်းမမျှတ ခြင်း ရဲ့ လက္ခဏာ တစ်ခုက ကိုယ်အလေးချိန်တွေ ရုတ်တရက်အများကြီးတက်လာပြီး ပြန်ချဖို့ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် အီစတိုဂျင်၊ cortisol နဲ့ အင်ဆူလင်ဟော်မုန်းတွေ […]

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

လူတိုင်းမှာ ကျားဟော်မုန်း (Testosterone သို့မဟုတ် Androgen) နဲ့ မ ဟော်မုန်း (Estrogen) ဆိုပြီး ရှိပါတယ်။ အမျိုးသားတွေမှာတော့ ကျားဟော်မုန်းပိုများပြီး အမျိုးသမီးတွေမှာ မ ဟော်မုန်း ပိုများတာက ကိုယ်ခန္ဓာရဲ့ သဘာဝပါ။ ဒီလိုမဟုတ်ဘဲ ဟော်မုန်းမျှခြေ ပျက်ယွင်းတာ ဥပမာ - အမျိုးသမီးတွေမှာ ကျားဟော်မုန်းတွေ များလာတယ်ဆိုရင် ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကို ထိခိုက်လာတော့မှာပေါ့။ ဒီနေ့ဆောင်းပါးလေးမှာ မ ဟော်မုန်းထက် ကျားဟော်မုန်း ပိုများနေတဲ့ အမျိုးသမီးတွေမှာ ဘယ်လိုပြဿနာတွေ ဖြစ်နိုင်လဲ၊ ဘယ်လိုကုသဖြေရှင်းမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကျားဟော်မုန်းရဲ့ လုပ်ဆောင်ချက်က ဘာလဲ။ ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေတယ်။ ကြွက်သားတွေကို သန်စွမ်းစေတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေတယ်။ အမျိုးသမီးတွေမှာဆိုရင် မျိုးပွားတစ်ရှူးတွေကို ပြုပြင်ပေးတယ်။ အရိုးအဆစ်တွေကို သန်မာစေပြီး အရိုးပါးရောဂါ နဲ့ […]

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အမျိုးသမီးတော်တော်များများဟာသူတို့ရဲ့ဘဝသက်တမ်းမှာတစ်ကြိမ်ဒါမှမဟုတ်၂ကြိမ်လောက်တော့ဟော်မုန်းမညီမျှမှုကြောင့်ခေါင်းကိုက်တာကိုခံစားရဖူးပါတယ်။ ဖြစ်ရပ်တော်တော်များများမှာခေါင်းကိုက်တာနဲ့ရာသီသွေးဆင်းတာတို့ကြားမှာသိသာတဲ့ဆက်စပ်မှုရှိနေတယ်ဆိုတာကိုသတိထားမိခဲ့ပါတယ်။   ရာသီသွေးပေါ်ချိန်မှာခေါင်းကိုက်တာဟာရာသီသွေးပေါ်နေချိန်အတွင်းရက်အတော်ကြာကြာခံစားရလေ့ရှိသလိုရာသီသွေးပေါ်ချိန်ရဲ့ပထမ၃ရက်အတွင်းမှာလည်းခံစားရနိုင်ပါတယ်။ ဟော်မုန်းမညီမျှမှုကြောင့်ခေါင်းတစ်ခြမ်းကိုက်ရတဲ့အကြောင်းအရင်းကတော့အီစထရိုဂျင်ဟော်မုန်းပမာဏရုတ်တရက်ကျဆင်းသွားတာကြောင့်ဖြစ်ပါတယ်။ ရာသီသွေးပေါ်ချိန်မှာခံစားရလေ့ရှိတဲ့ခေါင်းကိုက်ဝေဒနာဟာတစ်ခါတလေမှာ ပြင်းထန်လေ့ရှိပြီးတစ်ခါတလေအမျိုးသမီးတွေအနေနဲ့သူတို့ရဲ့နေ့စဉ်လုပ်ဆောင်နေကျလုပ်ဆောင်မှုတွေကိုတောင်မလုပ်ဆောင်နိုင်တာမျိုးအထိဖြစ်တတ်ပါတယ်။   ရာသီသွေးပေါ်တာကပဲဟော်မုန်းမညီမျှမှုကြောင့်ခေါင်းကိုက်ရတဲ့တစ်ခုတည်းသောအကြောင်းအရင်းမဟုတ်ပါဘူး။ သားဆက်ခြားဆေးတွေကလည်းခေါင်းကိုက်တာကိုခံစားရစေနိုင်ပါတယ်။ အချို့အမျိုးသမီးတွေမှာတော့သားဆက်ခြားဆေးသောက်သုံးမှသူတို့အနေနဲ့ပိုမိုနေထိုင်ကောင်းသွားတာမျိုးလည်းရှိပါတယ်။ သားဆက်ခြားဆေးသောက်သုံးနေတာကိုရပ်တန့်လိုက်တဲ့အခါခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကမကြာခဏဆိုသလိုခံစားရတာကိုတွေ့ရပါတယ်။ သွေးဆုံးတာနဲ့ကိုယ်ဝန်ဆောင်တာကလည်းဟော်မုန်းမညီမျှမှုကြောင့်ခေါင်းကိုက်တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေါင်းကိုက်ဝေဒနာကကိုယ်ဝန်ဆောင်မီးဖွားကာနီး၆လအတွင်းမှာသက်သာပျောက်ကင်းသွားပြီးမွေးဖွားလာမယ့်ကလေးငယ်အပေါ်မှာအန္တရာယ်ဖြစ်စေတာမျိုးမရှိပါဘူး။   တကယ်လို့ဟော်မုန်းကြောင့်ဖြစ်တဲ့ခေါင်းကိုက်ဝေဒနာခံစားနေရတယ်လို့သံသယရှိပါက ဖြစ်နိုင်ခြေရှိတဲ့ဆက်စပ်အကြောင်းအရာကိုစစ်ဆေးဖို့အတွက်ရာသီသွေးပေါ်ချိန်၃ကြိမ်ထက်မနည်းကိုရေးမှတ်ထားပါ။ အဆိုပါရေးမှတ်ထားတာကကုသမှုမှာများစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။   သွေးတွင်းသကြားဓါတ်ပမာဏကျဆင်းတာကိုထိန်းသိမ်းဖို့အတွက်နေ့ဘက်မှာပေါ့ပေါ့ပါးပါးစားလို့ရတဲ့သရေစာလေးတွေစားပေးတာကလည်းခေါင်းကိုက်တာကိုသက်သာလျော့ပါးစေပါတယ်။ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံချမှတ်ရေးဆွဲတာနဲ့လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းအားဖြင့်စိတ်ဖိစီးမှုမရှိအောင်လုပ်ဆောင်တာနဲ့အိပ်ရေးဝဝအိပ်စက်တာတွေလုပ်ဆောင်ပေးဖို့လည်းအကြံပြုလိုပါတယ်။ အရမ်းကိုအလုပ်များလွန်းတဲ့ဘဝနေထိုင်မှုပုံစံကကျန်းမာရေးအပေါ်မှာဆိုးဆိုးဝါးဝါးထိခိုက်လွှမ်းမိုးနေပါတယ်။ ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲလိုက်တာကခေါင်းကိုက်ဝေဒနာကိုသက်သာစေဖို့အတွက်လိုအပ်နေတဲ့တစ်ခုတည်းသောအရာဖြစ်နိုင်ပါတယ်။   အမျိုးသမီးတွေအားလုံမှာမတူကွဲပြားတဲ့အနေအထားတွေရှိပါတယ်။ တစ်ယောက်အတွက်အလုပ်ဖြစ်ပေမယ့်အခြားတစ်ယောက်အတွက်အလုပ်မဖြစ်တာမျိုးလည်းရှိနေနိုင်ပါတယ်။ အထက်မှာဖော်ပြထးတဲ့နည်းတွေအတိုင်းလုပ်ဆောင်ကြည့်ပေမယ့်တိုးတက်ကောင်းမွန်လာတာမရှိဘူးဆိုရင်အီစထရိုဂျင်ဟော်မုန်းအားဖြည့်ဆေးတွေ၊ ခေါင်းကိုက်ပျောက်ဆေးတွေသောက်သုံးဖို့လို၊မလိုကိုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ရာသီသွေးပေါ်ခါနီးကာလမှာဟော်မုန်းမညီမျှမှုကြောင့်ခေါင်းကိုက်တာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့အနေအထားတစ်ရပ်ပါ။ ဟော်မုန်းအစားထိုးတဲ့ကုထုံးကဟော်မုန်းပမာဏညီမျှအောင်ထိန်းညှိပေးခြင်းဖြင့်ခေါင်းကိုက်ဝေဒနာသက်သာအောင်အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကဘာလဲ။ Fibroadenoma ဆိုသည်မှာ ရင်သားတွင်ဖြစ်တတ်သော ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်ဖြစ်တယ်။ ရင်သားတွင်ဖြစ်တတ်တဲ့ အကျိတ်အားလုံးဟာ fibroadenoma တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ လူတွေဟာ fibroadenoma ကို ရင်သားကင်ဆာအကျိတ်နှင့် မှားတတ်ကြတယ်။ ကင်ဆာအကျိတ်နှင့် ခွဲခြားနိုင်တဲ့အချက်မှာ fibroadenoma ဟာအချိန်ကြာလာတာနှင့် အမျှကြီးလာတယ်ဆိုတာ မရှိပါဘူး။ သူဟာ ရင်သားတစ်ရှူးထဲမှာပဲ ရှိနေတတ်ကြပါတယ်။ သင်ဟာရင်သားကို စမ်းသပ်ချိန်တွင် အကျိတ်ကို ခံစားမိနိုင်တယ်။ သင်ဟာ ရင်သားမှာ ရာဘာကဲ့သို့ မာသော အလုံးနှင့်တိကျသော အနားသားတို့ကို စမ်းမိပါက ရင်သားတွင်ဖြစ်သော ကင်ဆာမဟုတ်သည့် fibroadenoma အကျိတ် ဖြစ်နိုင်ပါတယ်။ တိကျတဲ့ စစ်ဆေးစမ်းသပ်အတည်ပြုချက်တွေတော့ လိုအပ်ပါတယ်။ Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) က ဘယ်လောက်အဖြစ်များသလဲ ဒီအကျိတ်ဟာ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များတယ်။ […]