backup og meta

အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

လေဒီလေး တစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အဆင့်တွေက  မနည်းပါဘူး။ ဒီတိုင်းကြည့်လိုက်ရင်တော့ အချိန်တွေ ကုန်လွန်ရင်း ဒီလိုပဲ အရွယ်ရောက်လာတယ်ပေါ့။ တကယ်ကတော့ အတွေ့အကြုံ မျိုးစုံကို ဖြတ်သန်းခဲ့ရတာပါ။ လျှောက်ပြေးလွှားဆော့နေတဲ့ အချိန် ကလေးဘဝကနေ လေဒီလေးဘဝကိုပြောင်းလဲမှုက ပိုးတုံးလုံး ဘဝကနေ လိပ်ပြာဘဝကို ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်လိုပါပဲ။ အတွေ့အကြုံသစ်တွေကို အချိန်ပေး ကျော်ဖြတ်ရတာပါ။ ဒီလိုရင်ဆိုင်ကျော်ဖြတ်ရတဲ့ အဆင့်တွေထဲမှာ ရာသီလာခြင်းကလည်း တစ်ခုအပါအဝင်ပေါ့။ ဒီတစ်ခေါက်တော့ အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဆယ်ကျော်သက်သမီးငယ်လေး သိထားသင့်တာတွေက ဘာတွေများလဲ……….

ကလေးပေါက်စလေး အဖြစ်ကနေ အပျိုပေါက်လေးအဖြစ် ပြောင်းလဲလာချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ကြုံရနိုင်သလို ရာသီသွေး ဆင်းတဲ့ကိစ္စကိုလည်း စကြုံလာရပါပြီ။ ဒီအချိန်မှာ အတွေ့အကြုံသစ်ကို စိတ်ရှုပ်မှာ မှန်ပေမယ့် ဒါလေးတွေကို သိထားဖို့တော့ လိုပါမယ်။

ရာသီလာတာက ရှောင်လွှဲလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး

ရာသီလာတာက အပျိုဖော်ဝင်တဲ့ မိန်းကလေးတိုင်း တွေ့ကြုံရမယ့် ကိစ္စဖြစ်ပြီး မိန်းကလေးတိုင်းဘဝမှာ ရှောင်လွှဲလို့မရတဲ့ ကိစ္စဆိုတာကို လက်ခံထားဖို့လိုပါမယ်။

ရာသီလာရင် ဘယ်လောက်ကြာမလဲ

ရာသီလာတဲ့အခါ ပုံမှန်အားဖြင့် ၃ ရက်ကနေ ၅ ရက်အတွင်းဖြစ်နိုင်ပါတယ်။ ဒါကတော့ တစ်ယောက် နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ရာသီသွေး ဆင်းတာကလည်း နည်းတဲ့သူက နည်းနိုင်ပြီး များတဲ့သူက များနိုင်ပါတယ်။

ဘယ်အချိန်မှာ ရာသီစလာတတ်လဲ

များသောအားဖြင့်ကတော့ အသက် ၁၂ နှစ် ကနေ ၁၃ နှစ်ဝန်းကျင်မှာ လာတတ်ပါတယ်။ ဒီထက်ပိုစောနိုင်သလို နောက်ကျတာမျိုးလည်း ရှိနိုင်ပါတယ်။

ရာသီလာချိန်မှာ ဘယ်လိုတွေခံစားရနိုင်လဲ….

ရာသီလာတိုင်းမှာ အခုလိုတွေ မဖြစ်မနေ ခံစားရနိုင်တာ မဟုတ်ပေမယ့် ခံစားရနိုင်ခြေတော့ ရှိပါတယ်။

မအီမသာဖြစ်မယ် – ခြေလက်တွေ ကိုက်သလို၊ ခေါင်းမူးသလို၊ ချွေးစေးတွေပြန်ပြီး ခြေဖျားလက်ဖျားတွေ အေးတာ၊ မူးဝေတာ၊ ကိုက်ခဲနာကျင်တာတွေ ခံစားရနိုင်ပါတယ်။

သွေးဆုံးရှုံးမယ် – ရာသီသွေး ဆင်းတာကြောင့် ခန္ဓာကိုယ်မှာ သွေးဆုံရှုံးတာမျိုး၊ သွေးအားနည်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

သွေးခဲတွေဆင်းမယ် – ရာသီသွေးဆင်းတဲ့အခါ သွေးအရည်တွေပဲ ဆင်းနိုင်သလို တစ်ခါတရံမှာ သွေးခဲလေးတွေ ဆင်းတာမျိုးလည်း ရှိနိုင်ပါတယ်။ အရမ်းမများဘူးဆိုရင်တော့ မစိုးရိမ်ဖို့ ပြောပါရစေနော်။

ဗိုက်အောင့်မယ် – ဒါကတော့ လေဒီလေးတိုင်း မဖြစ်ပါဘူး။ အချို့လေဒီလေးတွေမှာတော့ ရာသီလာချိန်မှာ ဗိုက်အောင့်တာမျိုး ဖြစ်နိုင်ပါတယ်။

စိတ်ခံစားမှု မကောင်းဖြစ်မယ် – ရာသီသွေး ဆင်းနေချိန်မှာ ဝမ်းနည်းသလို၊ စိတ်အားငယ်သလို ခံစားရတာ၊ စိတ်တိုလွယ်တာ၊ ဒေါသဖြစ်လွယ်တာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲမှု ဝေဒနာ ခံစားရမယ် – ဗိုက်တွေ အောင့်သလို ဆီးစပ်တွေ ကိုက်သလိုမျိုးကိုလည်း ရာသီလာစဉ် နဲ့ ရာသီမလာခင်တွေမှာ ခံစားရနိုင်ပါသေးတယ်။ ဒါတင်မကပါဘူး။ ခါးတွေ၊ ခြေထောက်တွေ ကိုက်တာကိုလည်း ခံစားရနိုင်ပါတယ်။

ရာသီလာချိန်ကို အကောင်းဆုံးကျော်ဖြတ်နိုင်စေဖို့

ရာသီလာချိန်မှာ ပေါ့ပါးလန်းဆန်းစွာ ဖြတ်ကျော်နိုင်စေဖို့အတွက်

ရာသီလာချိန်ကို လေဒီလေးအနေနဲ့ အကောင်းဆုံးကျော်ဖြတ်သွားလို့ရအောင် ဒီအချက်လေးတွေကို သိထားဖို့လိုပါမယ်။ ရာသီလာနေချိန်မှာ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Your First Period (Especially for Teens) https://www.acog.org/Patients/FAQs/Your-First-Period-Especially-for-Teens?IsMobileSet=false Accessed Date 14 November 2019

All About Periods https://kidshealth.org/en/teens/menstruation.html Accessed Date 14 November 2019

Your Daughter’s First Period: Help Her Be Ready https://www.webmd.com/parenting/features/daughters-first-period-how-to-prepare#1 Accessed Date 14 November 2019

ယခုပုံစံ

16/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မေမေ့ရဲ့ ဆယ်ကျော်သက်လေးတွေ ပင်ပန်းနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်သမီးကို အင်အားပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement