home

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးသုံးတယ်ဆိုတာ ရည်ရွယ်ချက် နှစ်ခုနဲ့ပါ။ ကိုယ်ဝန်တားချင်တာရယ်၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေရယ်က ကာကွယ်ဖို့ပါ။ ဒါပေမယ့် ဘယ်အရာကမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ ကွန်ဒုံးက လိင်ကတဆင့်ကူးစက်ရောဂါ တွေကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး။ သူကာကွယ်မပေးနိုင်တဲ့ တချို့ရောဂါလေးတွေ ရှိနေပါသေးတယ်။ ကွန်ဒုံး မကာကွယ်ပေးနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ များ ရေယုန် ရေယုန်က အရေပြားချင်း ထိတွေ့ရာကနေ ကူးစက်တတ်ပါတယ်။ လိင်အင်္ဂါရေယုန်တွေဆိုရင် ပေါင်ခြံတို့၊ ဆီးခုံတို့မှာ ပေါက်လေ့ရှိပါတယ်။ ဒီလိုနေရာတွေကျ ကွန်ဒုံးစွပ်လို့ မရတဲ့အတွက် အတူနေလို့ အရေပြားချင်း ထိတွေ့တဲ့အခါ ကူးနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လတ်တလောမှာ လိင်အင်္ဂါရေယုန် ပေါက်နေရင် အတူနေတာကို ရှောင်သင့်ပါတယ်။ HPV ဗိုင်းရပ်စ် HPV ဗိုင်းရပ်စ်တွေက လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တယ်ဆိုပြီး လူသိများကြပါတယ်။ ဗိုင်းရပ်စ် အမျိုးပေါင်း […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

သုက်ပိုးလို့ ပြောလိုက်ရင် အမျိုးသမီးတော်တော်များများက တွန့်ဆုတ်သွားလိမ့်မယ်ဆိုတာ သေချာပါတယ်။ အိပ်ယာပေါ်မှာတောင် မပြောဖြစ်တဲ့အကြောင်းအရာတစ်ခုပေါ့။ တကယ်တော့ သက်ပိုးဟာ သုက်ရည်အတွင်းမှာပါဝင်နေတဲ့ သက်ရှိတစ်မျိုးပါ။ ဘယ်လိုအခြေအနေမှာမဆို အမျိုးသမီးတွေရော အမျိုးသားတွေပါ သုက်ရည်နဲ့ သုက်ပိုးကောင်တွေအကြောင်းကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ပဋိသန္ဓေတည်ခြင်းရဲ့ နောက်ကွယ်က အဓိကလက်သည်ဖြစ်တာကြောင့်ပါပဲ။ ဒါကြောင့် သုက်ပိုးနဲ့ သုက်ရည်အကြောင်းကို ဂဃနဏနားလည်ထားမယ်ဆိုရင် မျိုးဆက်ပွားကျန်းမာရေး၊ ပဋိသန္ဓေတားခြင်းနဲ့ လိင်မှုကိစ္စတွေမှာ အကျိုးဖြစ်ထွန်းစေနိုင်တာမို့ သိသင့်သိထိုက်တာလေးတွေကို ရှင်းပြပေးသွားမှာပါ။ သုက်ရည်ကို ဘယ်လို ဖွဲ့စည်းထားသလဲ အမျိုးသား လိင်အင်္ဂါကနေထွက်ရှိလာတဲ့ သုက်ရည် (Semen) မှာ သုက်ပိုးကောင် (Sperm) နဲ့ အရည် (Seminal Plasma) တို့ ပါဝင်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကောင်တွေဟာ မျိုးပွားစနစ်အတွက် မရှိမဖြစ်အရေးပါပြီး ပဋိသန္ဓေတည်ခြင်း ဖြစ်စေတဲ့ အဓိကလက်သည်ပါ။ သုက်ရည်ရဲ့ ၈၀ ရာခိုင်နှုန်းကတော့ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လူရယ်လိုဖြစ်လာရင် ဘယ်အသက်အရွယ် အပိုင်းအခြားမှာမဆို လိင်မှုကိစ္စတွေနဲ့ ကင်းကွာဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေပါ။ လိင်ကိစ္စဟာ လူ့သက်တမ်းတစ်လျှောက်လုံးမှာ အချိန်တော်တော်များများ ပါဝင်ပတ်သက်နေတဲ့ ကိစ္စတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ ဒီလိုပါဝင်ပတ်သက်နေရတဲ့အကြောင်းအရင်းတွေထဲမှာ လိင်ဆက်ဆံခြင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ရောဂါကူးစက်ခံရမှုအခြေအနေတစ်ခုခုကြောင့်လည်းဖြစ်နေတတ်ပါတယ်။ ဒါကိုတော့ လိင်မှတဆင့် ရောဂါပိုးကူးစက်ခြင်း (Sexually-transmitted Infections - STIs) ဒါမှမဟုတ် လိင်မှတင်ဆင့်ကူးစက်တတ်သောရောဂါတွေ (Sexually-transmitted Diseases – STDs) လို့ ခေါ်ပါတယ်။ လူတိုင်းဟာ လိင်မှုကိစ္စအကြောင်းကို သိနားလည်ထားဖို့ လိုအပ်သလို ဒီရောဂါတွေအကြောင်းကိုလည်း မဖြစ်မနေ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ STDs ရောဂါတွေဟာ လူတွေနဲ့ အရမ်းနီးစပ်တဲ့ ရောဂါတွေဖြစ်ကြပြီး ကူးစက်နိုင်ခြေလည်း မြင့်မားလွန်းတဲ့ ရောဂါတွေဖြစ်နေတာကြောင့်ပါပဲ။ STDs ဆိုတာက လိင်ဆက်ဆံခြင်းကနေတဆင့် အများဆုံးကူးစက်နိုင်တဲ့ ကူးစက်ရောဂါအမျိုးအစားတွေကို ဆိုလိုတာပါ။ STDs အမျိုးအစား ၂၀ ကျော်ရှိပြီးတော့ အဖြစ်များတာတွေကတော့ […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အမျိုးသားတွေဟာ အများအားဖြင့် လိင်ဆက်ဆံရာမှာကွန်ဒုံးမသုံးချင်ကြပါဘူး။ စိတ်ကျေနပ်မှု အပြည့်အဝမရရှိနိုင်တာကြောင့်လို့ ဆိုတတ်ကြပါတယ်။  မိမိရဲ့အိမ်သူသက်ထား ဇနီးမယားနဲ့ချစ်ကြိုးသွယ်မယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပေမဲ့ ချစ်သူရည်းစား (သို့မဟုတ်) တစ်ညတာပျော်ပါးမှုတွေမှာတော့ ကွန်ဒုံးဟာမသုံးမဖြစ် သုံးရမယ့်အရာပါ။ ကွန်ဒုံးသုံးခြင်းကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးပေးနိုင်သလို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပြီးသား ဖြစ်သွားမှာပါ။ လိင်တူအမျိုးသားတွေမှာလည်း လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကူးစက်နှုန်း မြန်တာကြောင့် ပိုလို့တောင် ဂရုတစိုက် သုံးသင့်ပါသေးတယ်။ ဒါပေမယ့် ပြဿနာကဘာလဲဆိုတော့ ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံတဲ့အခါ သဘာဝအတိုင်း လိင်ဆက်ဆံတာလောက် စိတ်ကျေနပ်မှုမရဘူးလို့ ဆိုလာကြပါတယ်။ မှန်ပါတယ်။ သို့သော် ဒီလိုစိတ်အစွဲကြီးနဲ့ပဲ ကွန်ဒုံးသုံးနေမဲ့အစား ကွန်ဒုံးလည်းသုံးရင်း စိတ်ကျေနပ်မှုကိုလည်း အပြည့်အဝရရှိနိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးပါမယ်။ ဒီနည်းလမ်းတွေကို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးရှုထောင့်အမြင်နဲ့သာ ဖတ်ရှုပေးဖို့ တိုက်တွန်းလိုပါတယ်။ (၁) ချောဆီ (Lubricant) ကိုကွန်ဒုံးရဲ့အတွင်းဘက်ထဲသို့အစက်ချပါ။ ဒီနည်းလမ်းကိုအရင်ကတော့ကြားဖူးမယ်မထင်ပါဘူးနော်။ ဒါပေမယ့်ကွန်ဒုံးကို […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကျား မဆက်ဆံကြတဲ့ လိင်ကွဲဆက်ဆံမှုဖြစ်စေ၊ Gay၊ Lesbian စတဲ့ လိင်တူဆက်ဆံခြင်းမျိုးဖြစ်စေ ဘယ်လိုဆက်ဆံပုံမျိုးမှာမဆို  လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ခံစားရ နိုင်တာပါပဲ။မလိုလားအပ်တဲ့ ကိုယ်ဝန်ပြဿနာတွေဖြစ်လာနိုင်တာကိုလည်း ကြိုတင်စဉ်းစားစရာပါပဲ။  မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးဆေးဝါးပါပဲ။ လိင်ဆက်ဆံမှုတစ်ခုရဲ့နောက်ကွယ်က ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုအောက်ဖော်ပြပါနည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံးလျှော့ချလိုက်ပါ။ (၁) ကာကွယ်ဆေးထိုးပါ။ အထူးသဖြင့် အသည်းရောင်အသားဝါအေ ကာကွယ်ဆေး အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အသည်းရောင်အသားဝါအေဗိုင်းရပ်စ်ပိုးဟာ အစာလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ပါတယ်။ လိင်ကနေလည်း ကူးစက်ပါတယ်။ အသည်းရောင်အသားဝါအေ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာတော့ တွင်တွင် ကျယ်ကျယ်မထိုးကြသေးပါဘူး။ သွေးအပါအဝင် ခန္ဓာကိုယ်ကထွက်လာတဲ့ အရည်တွေကတစ်ဆင့်ကူးစက်နိုင်တာကတော့ အသည်းရောင်အသားဝါဘီရောဂါပါ။ မြန်မာနိုင်ငံရဲ့ တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ်မှာလည်း အသည်းရောင်အသားဝါဘီကာကွယ်ဆေးကို ထည့်သွင်းထိုးနှံပေးပါတယ်။ ကာကွယ်ဆေးဟာ အာနိသင်ကိုပြန်လည်တိုးမြှင့်ပေးရန်လိုတာမို့ Booster Dose အနေနဲ့ထပ်မံထိုးထားဖို့လိုအပ်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ကာထိုးထားသင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကတော့ အမျိုးသမီးတွေအတွက် အဓိကပါ။ လိင်ဆက်ဆံဖို့ အလားအလာရှိနေသရွေ့ ထိုးထားသင့်ပါတယ်။ […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ရုပ်ရှင်ထဲမှာ တစ်ယောက်ယောက်က ရင်ဘတ်အောင့်တယ် အောင့်တယ် ပြောပြီး လဲကျသွားရင် သင်သိလိုက်ပြီ။ ဟာ ဒီလူတော့ နှလုံးသွေးကြောပိတ်နေပြီဆိုပြီး။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ဆိုတော့ ထွေထွေထူးထူး  ရှင်းပြနေစရာ မလိုပါဘူး။ ဒါပေမယ့် သွေးကြောကျဉ်းတိုင်း ရင်ဘတ်အောင့်ရမယ်လို့ မအေးအေးဝင်းက မစီစဉ်ထားလေတော့ တခြား ထင်မထားတဲ့ လက္ခဏာတွေနဲ့ လာနိုင်ပါတယ်။ သင်လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်တဲ့ လက္ခဏာတွေပေါ့။ အမေရိကန်မှာ စက္ကန့်၄၀ကို တစ်ယောက်နှုန်းနဲ့ နှလုံးသွေးကြောပိတ်နေကြပါတယ်။ ဒီထဲကမှ ၅ယောက်မှာ ၁ယောက်က ဘာလက္ခဏာမှ မပြဘဲ အထဲမှာ ကျိတ်ပြီး နှလုံးသွေးကြောပိတ်နေတာတဲ့။ နှလုံးရောဂါနဲ့ မဆီမဆိုင် လက္ခဏာတွေ ပြပြီး နောက်ဆုံးမှာ နှလုံးရောဂါဖြစ်နေတာကို အသက်ကြီးတဲ့ လူတွေမှာ အတွေ့ရများပါတယ်။ နောက်ပြီး ဆီးချိုရှိတဲ့ လူတွေပေါ့။ ဒါကြောင့် အိမ်မှာ လူကြီး တစ်ယောက်ယောက် ဒီလက္ခဏာတွေ ပြောလာခဲ့ရင် […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အိပ်ပျော်မလို ဖြစ်ပြီးမှ ရုတ်တရက် အနားမှာ ကျယ်ကျယ်လောင်လောင် အသံတစ်ခုခု ကြားလိုက်ရတယ်ဆိုရင်။ ဒါကလည်း သင်တစ်ယောက်တည်း ကြားလိုက်ရတယ်ဆိုရင်။ ဒါကို ဆေးပညာအရတော့ exploding head syndromeလို့ ခေါ်ပါတယ်။ တိုက်ရိုက်ဘာသာပြန်ရရင် ဦးခေါင်းပေါက်ကွဲထွက်ခြင်း ရောဂါစုပေါ့။ တကယ်တော့ ဘာသာပြန်ထားသလို ခေါင်းကြီး ပေါက်ထွက်သွားတာ မဟုတ်ပါဘူး။ ထူးထူးဆန်းဆန်း အသံတွေပဲ ကြားရတာပါ။ အသံတွေကလည်း ဗျောက်အိုးဖောက်သံ၊ မိုးကြိုးပစ်တဲ့အသံ၊ ဗုံးပေါက်တဲ့အသံစတဲ့ ကျယ်ကျယ်လောင်လောင် အသံတွေပါပဲတဲ့။ အိပ်ပျော်ခါနီး ဖြစ်တတ်သလို နိုးနေရင်းလည်း ဖြစ်ပါသတဲ့။ ဘာကြောင့် ဒီလိုဖြစ်တာလဲ။ ခုထက်ထိတော့ ဘာကြောင့်ရယ်လို့ တိတိပပ မပြောနိုင်ကြပါဘူး။ ထင်မြင်ချက်တွေကတော့ ဦးနှောက်အစိတ်အပိုင်းတွေမှာ အသေးစား အတက်ရောဂါ ရှိနေတာလား။ နားအလယ်ပိုင်းက အစိတ်အပိုင်းသေးသေးလေးတွေ လှုပ်ခတ်သွားလို့လား။ စိတ်ဖိစီးမှုတွေကြောင့်လားဆိုပြီး အမျိုးမျိုး ပြောကြပါတယ်။ တစ်ခါတလေတော့လည်း ခုနကပြောတဲ့ ရောဂါကြောင့် မဟုတ်ဘဲ အိပ်စက်ခြင်း ရောဂါတစ်ခုခုရှိနေတာ […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အမျိုးသားတွေဟာ အနည်းနဲ့ အများတော့ လိင်တံကြီးဖို့၊ ရှည်ဖို့ကို စိတ်ဝင်စားကြပါတယ်။ အခုအပြင်မှာ ရေပန်းစားနေတဲ့  နည်းလမ်းတွေက အန္တရာယ်ရှိတယ်လို့ ဆရာဝန်တွေ ဝိုင်းတားလို့သာ သိပ်မလုပ်ကြတာပါ။ ဒါတောင် လုပ်လာကြပြီး ဒုက္ခရောက်လို့ ဆေးရုံရောက်လာကြသူတွေလည်း အများသားပါ။ အမျိုးသားတွေ လိင်တံကြီးချင်၊ ရှည်ချင်ရတဲ့အကြောင်းရင်းကတော့ ဆက်ဆံဖော်က အထင်ကြီးတာကို လိုချင်တာကြောင့်ရယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြချင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး အပြာကားထဲက အမျိုးသားတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို မလုံလို့ ကြီးချင်တာလည်း ပါတာပေါ့။ ၂၁ရာစုထဲမှာတော့ ဒီအတွေးအခေါ်တွေကို မေ့ထားလိုက်ပါတော့။ အတူနေတဲ့နေရာမှာ လိင်တံအရွယ်အစားထက် အပေးအယူမျှမျှနဲ့ နားလည်မှုကသာ ပိုအရေးကြောင်း ပညာရှင်တွေက အခေါက်ပေါင်းများစွာ သက်သေပြပြီးပါပြီ။ အပြာကားထဲက ပုံတွေကလည်း ဒီလောက်ကြီး မဟုတ်ဘူးဆိုတာကို သူတို့ကိုယ်တိုင် ဝန်ခံထားကြပါတယ်။ အထူးသဖြင့် မြီးကောင်ပေါက် လူငယ်လေးတွေကတော့ လူကြီးဖြစ်ချင်တာကို ပြချင်တာကြောင့် သူတို့ရဲ့ လိင်တံအရွယ်အစားကို […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဒါပေါ့ အပြင်မှာမတွေ့ရရင်လည်း အိပ်မက် ထဲမှာ တွေ့နိုင်ပါတယ်။ ကဲ ဒီနေ့တော့ ကျန်းမာရေးအကြောင်းမဟုတ်ဘဲ လူ့ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေအကြောင်း ပြောပြပေးပါ့မယ်။ အိပ်မက်ကတော့ လူတိုင်းမက်ကြတာပဲ။ ပညာရှင်တွေက အိပ်စက်ချိန်မှာ လူ့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေ (ဥပမာ သွေးပေါင်ချိန်၊ ဇီဝရုပ်ဖြစ်ပျက်မှုတွေ၊ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေ)ကို လေ့လာခဲ့ပြီး သိသင့်သလောက်သိကြပေမယ့် ဘာကြောင့် အိပ်မက်မက်လဲဆိုတာကိုတော့ တိတိကျကျ ပြောနိုင်ခြင်း မရှိသေးပါဘူး။ အိပ်မက်နဲ့ ပတ်သတ်ပြီး သိပ္ပံပညာအရ မဟုတ်ဘဲ ဘာမက်ရင် ဘာဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေ အများကြီး ရှိနေပါတယ်။ ဥပမာ ကောသလမင်းကြီး အိပ်မက် ၁၆ချက်တို့၊ အသားလှုပ်အိပ်မက်တို့၊ ကိုယ်ဝန်အိပ်မက်တို့၊ မြွေမက်ရင် ငွေဝင်မယ်တို့ စသဖြင့် နိမိတ်ကောက်အိပ်မက်လည်း အမျိုးမျိုးပါပဲ။ ဘာပဲဖြစ်ဖြစ် အိပ်မက်တွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဆက်ကြည့်ရအောင်။ အိပ်မက်ထဲမှာ စာဖတ်လို့မရသလို […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ရာသီလာနေတုန်း လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူးတဲ့။ ကျိန်းသေပြီလား။ ဒီစကားကို ယုံစားမိလို့ ဒုက္ခရောက်ခဲ့ကြသူတွေ ရေတွက်လို့မှ မကုန်နိုင်။ ဘာကြောင့်လဲဆိုတော့ မီးနီဖြတ်ရင် ကိုယ်ဝန်ရနိုင်ခြေ နည်းတယ်ဆိုပေမဲ့ လုံးဝမရနိုင်တာမျိုးတော့ မဟုတ်ဘူးလေ။ ဒါဖြင့် မီးနီဖြတ်လိုက်ရင် ကိုယ်ဝန်ရနိုင်ခြေ ဘယ်လောက်များသတဲ့လဲ။ ယေဘုယျအားဖြင့် အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ဝန်ရနိုင်ခြေဟာ မမျိုးဥကြွေချိန် စက်ဝန်းပေါ်မူတည်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းဟာ ၂၉ရက် ရှိတတ်ပြီး ရက် ၂၀ ကနေ ၄၀ ထိလည်း ရှိတတ်ပါတယ်။ ဒီထက်ကြာတာတောင် ရှိပါသေးတယ်။ ယေဘုယျအားဖြင့်တော့ ရာသီလာပြီး တစ်ပတ်ဆိုရင် မမျိုးဥကြွေတတ်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ၇၂ နာရီ နေနိုင်တာမို့ ဒီသုက်ပိုးဟာ မမျိုးဥကြွေတာနဲ့ တွေ့သွားလိုက်မယ်ဆိုရင် ကိုယ်ဝန်ရဖို့ ရာနှုန်းတစ်ခု ရှိသွားပါပြီ။ ဒါကြောင့် ရာသီပြီးခါနီးလေ ကိုယ်ဝန်ရနိုင်ခြေ ပိုပိုများလာလေပါပဲ။ နောက်တစ်ခါ […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Oral Sex ကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ခံတွင်းအကာ (Dental Dam)နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ ခံတွင်းအကာ (Dental Dam) ဆိုတာဘာလဲ ခံတွင်းအကာ (Dental Dam) ဆိုတာ ပျော့ပျောင်းပြီး ကျုံ့နိုင်ဆန့်နိုင်တဲ့ အလွှာပါးအချပ်လေးတွေဖြစ်ပါတယ်။ ကြက်ပေါင်စေးကနေ လုပ်တာရှိသလို polyurethane ကနေ လုပ်တာလည်းရှိပါတယ်။ အစကတော့ သွားကုသမှုလုပ်တဲ့အချိန်မှာ သွားနဲ့ခံတွင်းကြားကို ခြားပေးထားဖို့အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Oral sex လုပ်တဲ့အချိန်မှာပါ လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ပါအသုံးပြုလာကြ တာပဲဖြစ်ပါတယ်။ ခံတွင်းအကာ (Dental Dam) တွေက ဘာတွေကိုကာကွယ်ပေးသလဲ ကွန်ဒုံးလိုပဲ ခံတွင်းအကာ (Dental Dam)တွေကလည်းရောဂါကူးစက်မှုကို လျှော့ချပေးပေမဲ့ လူအတော်များများက ခံတွင်းအကာ (Dental Dam) ကို သုံးဖို့နေနေသာသာ ကြားဖူးတဲ့သူတောင် ခပ်ရှားရှားပါ။ ဘာ့ကြောင့်လဲဆိုတော့ လိင်ကနေတစ်ဆင့်ရောဂါကူးစက်မှုကိုကာကွယ်ဖို့နည်းလမ်းအတော်များများက penetrative […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy