ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း နည်းလွန်းတာက ပရိုဂျက်စတုန်းဟော်မုန်း မြင့်တက်စေပြီး စိတ်ဓာတ်ကျတာ၊ မအီမသာဖြစ်တာ၊ မောပန်းလွယ်တာ၊ မှတ်ဉာဏ် အားနည်းတာ၊ စိတ်ပူပန်မှု များတာတွေ ခံစားရနိုင်ပါတယ်။
ပရိုဂျက်စတုန်း ဟော်မုန်း များလွန်းတာက စိုးရိမ်စိတ် များစေပြီး၊ စိတ်ဓာတ်ကျတာ၊ အိပ်မပျော်တာလိုမျိုး၊ စိတ်ခံစားမှု အပြောင်းအလဲ မြန်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။
Androgens DHEA နဲ့ DHEA-S
Dehydroepiandrosterone (DHEA) နဲ့ DHEA-S တို့ကလည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အရေးပါပါတယ်။ တက်စထရိုစတုန်း၊ အီစထရိုဂျင် နဲ့ DHEA တို့က စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အရေးပါပါတယ်။
Androgens DHEA နဲ့ DHEA-S တို့ ကျဆင်းမှုက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် အိပ်မပျော်တာနဲ့ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေ ဖြစ်ပေါ်တာတွေကို ခံစားရစေနိုင်ပါတယ်။
သိုင်းရွိုက်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါပါတယ်။ ခန္ဓာကိုယ်ကို အင်အားဖြစ်စေနိုင်ပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ သိုင်းရွိုက် ဟော်မုန်း ကျဆင်းနေတာက စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းလို့ လူသိများပါတယ်။ အရေးပါတဲ့ ဟော်မုန်း တစ်ရပ်ပါ။ အဖြစ်အပျက်တွေအပေါ် တုံ့ပြန်မှုမှာ အရေးပါပါတယ်။ အက်ဒရီနယ်လင်ဂလင်းတွေက ကော်တီစော ဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။
ကော်တီစော ဟော်မုန်းတွေ အရမ်းများတာက နာတာရှည် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်မှု ကြီးတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သွယ်ဝိုက် သက်ရောက်မှုရှိနေလဲ။
ဟော်မုန်း မညီမျှမှုက ကိုယ်အလေးချိန် တက်စေတာ၊ ဆံပင်ပါးတာ၊ အကြီးထွားလွန်တာ၊ မျက်နှာမှာ ဝက်ခြံတွေ ပေါက်တာ၊ ရာသီမမှန်တာ၊ အခြားသော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီအချက်တွေက ဟော်မုန်း မညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။
- သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု
- သားအိမ်တစ်ရှူးနေရာမှားတဲ့ ရောဂါ
- Premenstrual Dysphoric Disorder (PMDD) လို့ခေါ်တဲ့ ရာသီမလာခင်မှာ ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေ
- Thyroid disorders (သိုင်းရွိုက်ပြဿနာရှိတာ)
- သွေးဆုံးတာ
- သွေးဆုံးမတိုင်မီ ကာလ
- သွေးဆုံးပြီးချိန် စတဲ့အခြေအနေတွေက ဟော်မုန်း မမျှတတာကို ဖြစ်စေနိုင်ပါတယ်။
ဟော်မုန်း မမျှတတဲ့အခါ စိတ်ခံစားမှု ပြောင်းလဲတဲ့ လက္ခဏာတွေအနေနဲ့ ဘာတွေ တွေ့ရနိုင်လဲ။
အရွယ်ရောက်ပြီးသူ ၄ ဦးမှာ ၁ ဦးက စိတ်ကျန်းမာရေး ပြဿနာကို ခံစားရပါတယ်။ ဒီလိုခံစားရတဲ့အခါ လက္ခဏာတွေအနေနဲ့
- စိုးရိမ်စိတ် များတာ
- မအီမသာဖြစ်တာ
- စိတ်ဓာတ်ကျတာ
- အိပ်မပျော်တာ
- အိပ်စက်မှုဆိုင်ရာ ပြဿနာ
- စိတ်အတက်အကျမြန်တာ ( ဒေါသဖြစ်လွယ်တာ)
- အာရုံစိုက်ဖို့ ခက်တာ
- မေ့လွယ်တာ
- ထက်မြက်မှု ကျဆင်းလာတာ
- ကိုယ်အလေးချိန် ပြဿနာ ခံစားရတာ
- အစာ စားချင်စိတ် ပြဿနာ
- စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာ
- မျှော်လင့်ချက်မဲ့သလို ခံစားရတာ
- သတ်သေချင်စိတ် ပေါက်တာ
- စိတ်ရှုပ်ထွေးတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးအပေါ် အခုလိုတွေ သက်ရောက်နေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။