backup og meta

အိမ်တွင်းအကြမ်းဖက်ခြင်းကိုဘယ်လိုဖြေရှင်းမလဲ


Yu Wadi Lwin မှ ရေးသားသည်။ · 05/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်တွင်းအကြမ်းဖက်ခြင်းကိုဘယ်လိုဖြေရှင်းမလဲ

    အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာခင်ပွန်းသည်၊ လက်တွဲဖော်၊ ကလေး၊ အသက်ကြီးသူ(သို့) အခြားမိသားစုဝင်တို့အတွင်း တွေ့ရသည့် အရာတစ်ခုဖြစ်သည်။ ၎င်းသည်မည်သူ့ထံတွင် မဆိုဖြစ်နိုင်ပြီးထိခိုက်ခံရသူ၏ ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာပါ သက်ရောက်မှုရှိသည်။ အကြမ်းဖက်သူများသည် ကြောက်ရွံခြင်း၊ အပြစ်ရှိခြင်း၊ ရှက်ရွံမှုတို့ကိုအသုံးပြုပြီး သင့်ကိုပင်ပန်းအောင်(သို့) ထိခိုက်အောင် လုပ်သကဲ့သို့ သင်နှင့်သင့်နားရှိလူများကိုလည်း ခြိမ်းခြောက်ပါသည်။ အိမ်တွင်းအကြမ်းဖက်ခြင်း၏ ပြဿနာများနှင့် လက္ခဏာများကိုနားလည်ထားခြင်းသည် သင် အကြမ်းဖက်ခံရသည့်အခါ မည်ကဲ့သို့ စီမံရန်နှင့် ကိုယ့်ကိုကိုယ် ကူညီနိုင်ရန် အထောက်အပံ့ပေးပါသည်။

    အိမ်တွင်းအကြမ်းဖက်ခြင်းဆိုသည်မှာဘာလဲ။

    ရုပ်ပိုင်းဆိုင်ရာ(ကာယပိုင်းဆိုင်ရာ) အကြမ်းဖက်ခြင်းနှင့် အိမ်တွင်းအကြမ်းဖက်ခြင်း

    ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ဆိုသည်မှာ လူတစ်ယောက်ကို ထိခိုက်စေလိုသော(သို့) အန္တရာယ်ရှိစေနိုင်သော ရည်ရွယ်ချက်များဖြင့် အားအသုံးပြုခြင်းဖြစ်သည်။ အကြမ်းဖက်ခံရသူ၏ ခန္ဓါကိုယ်တွင် အနာများ(သို့) ထိခိုက်မှုများ ဖြစ်စေနိုင်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုခြင်းသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတစ်မျိုးပင်ဖြစ်ကြောင်းသိထားရမည်။ အကယ်၍သင်သည် သင်မလိုချင်သော(သို့) အရှက်ရသောလိင်ဆက်ဆံခြင်းတစ်ခုတွင် ပါဝင်ရန် အတင်းတိုက်တွန်းခံရပါက ၎င်းကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းဟု သတ်မှတ်နိုင်သည်။ သင့်ခင်ပွန်း(သို့) လက်တွဲဖောက်ကလုပ်ခိုင်းလျှင်တောင် တွန်းအားပေးသောဆက်ဆံမှုသည် အကြမ်းဖက်သည့် အပြုအမူပင်ဖြစ်သည်။ ထို့အပြင် ရုပ်ပိုင်းဆိုင်ရာ(သို့) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများသည် ပြင်းပြင်းထန်ထန် ထိခိုက်ခြင်း(သို့) အသတ်ခံရခြင်းတို့တောင်ဖြစ်နိုင်သည်။

    စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း

    အိမ်တွင်းအကြမ်းဖက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကို ဖြစ်စေသည်။ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာဘာမှ မဖြစ်သော်လည်း သင်တွေးထားသည်ထက်ပို၍ ကြီးမားသော ပြဿနာပင်ဖြစ်သည်။ အကြမ်းဖက်သူများသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြိမ်းခြောက်ခြင်း(သို့) စူးစူးဝါးဝါးအော်ခြင်း၊ အပြစ်တင်ဖြင်း၊ အရှက်ရစေခြင်းစသည့် ပါးစပ်ဖြင့် အလွဲသုံးစားပြုခြင်းတို့ကို အသုံးပြုနိုင်သည်။ နှုတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းသည် သင့်ကိုတန်ဖိုးမရှိသည့် သူတစ်ယောက်အဖြစ်၊ အသုံးမကျသည့် သူတစ်ယောက်အဖြစ် ခံစားရစေနိုင်သည်။ သင့်တွင် ဤအရည်အချင်းများတစ်ခုမှ မရှိကြောင်းကိုသတိရရမည်။ အကြမ်းဖက်သူများသည် သင့်ကို သိမ်ငယ်ဝမ်းနည်းအောင်ပြုလုပ်ခြင်းဖြင့် သူတို့ကိုယ်ကိုစွမ်အင်ပြည့်အောင်လုပ်ကြပါသည်။ ထို့အပြင် အခြားလက္ခဏာများဖြစ်သည့် သီးသန့်ဖြစ်အောင်လုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထိန်းချုပ်ခြင်းတို့ ရှိသေးသည်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့်သူများသည် ကိုယ့်ကိုကိုယ် တန်ဖိုးမရှိ၊ အကူအညီမဲ့ဟုထင်နေပြီးှ လွတ်လမ်းမရှိဖြစ်နေနိုင်သည်။ ၎င်း၏ အဆိုးဆုံးရလဒ်မှာခံစားရသူများသည် ကိုယ့်ကိုယ်ကိုသတ်သေရန် တွေးကာ ပြုမူတတ်ကြသည်။

    အိမ်တွင်းအကြမ်းဖက်ခြင်း၏ အချက်ပေးလက္ခဏာများကိုသိရှိခြင်း

    တစ်ခါတစ်ရံတွင် သင်သည် အကြမ်းဖက်ခံရသူဖြစ်ပါက အိမ်တွင်းအကြမ်းဖက်ခြင်းပြုသည့် လက္ခဏာများကိုသိရှိမှတ်ပါရန် ခက်ခဲပါသည်။ အကြမ်းဖက်ခံရမှုများ ဖြစ်ပွားထားသည့်တိုင် သင့်အဖော်ကို ဆက်ချစ်နေလိမ့်မည်။ ၎င်းသည် သင့်ကိုဤအရာတွင် ဖက်တွယ်နေစေလိမ့်မည်။ အောက်ပါတို့သည် အိမ်တွင်းအကြမ်းဖက်ခြင်း၏ သတိပေးသည့် လက္ခဏာများဖြစ်သည်။

    • သင့်အဖော်နှင့် ပတ်သက်၍ ကြောက်ရွံခြင်း(သို့) စိုးရိမ်ခြင်း

    • သင့်အဖော်ပြောသမျှကိုအမြဲလိုက်နာခြင်း

    • သူတို့အဖော်၏ စိတ်အခြေအနေနှင့် တစ်ဦးတည်းပိုင်စိုးလိုခြင်းကိုပြောခြင်း

    • မတော်တဆထိခိုက်သည့် ဆင်ခြေဖြင့် မကြာခဏထိခိုက်မှုရှိခြင်း

    • အလုပ်၊ ကျောင်း၊ လူမှုရေးလှုပ်ရှားမှုများတွင် ပျက်ကွက်ခြင်း

    • မိသားစုနှင့် မိတ်ဆွေများကိုတွေ့ခြင်းမှ တားမြစ်ထားခြင်း

    • ငွေ(သို့) ပိုင်ဆိုင်မှုတစ်ခုခုကိုကန့်သတ်ထားခြင်း

    • စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ခြင်း(သို့) ကိုယ့်ကိုယ်ကိုသတ်သေခြင်း

    • ပင်ကိုစရိုက် ပြောင်းလဲခြင်း(သို့) ယုံကြည်မှုမရှိခြင်း

    အိမ်တွင်းအကြမ်းဖက်ခြင်းဟု သံသယဝင်ပါက ဘယ်လိုစီမံမလဲ။

    စကားပြောဖို့ မနှောင့်နှေးပါနှင့်။ သင်သည်ဤနည်းလမ်းဖြင့် ဆက်ဆံခံရဖို့ရန် မထိုက်တန်ပါ။ မည်သည့်အကြမ်းဖက်မှုအတွက်မဆို ဆင်ခြေမရှိပါ။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်သည်။ သင့်အဖော်ကိုတစ်ယောက်တည်း တိုက်ခိုက်ရန်မကြိုးစားပါနှင့် ။ ၎င်းသည် အိမ်တွင်းအကြမ်းဖက်ခြင်းကိုပို၍ ပြင်းထန်စေကာ သူတို့ကိုပို၍ ဆိုးဝါးစေပါသည်။ သင်နှင့် အနီးစပ်ဆုံးသူငယ်ချင်းကို အရင်ဆုံးပြောပြခြင်းသည် အကူအညီဖြစ်လိမ့်မည်။ သူတို့မှ သင်လုပ်သင့်သည်ကို အထောက်အပံ့နှင့် လမ်းညွှန်မှုပေးနိုင်သည်။

    အကြမ်းဖက်သူများသည် သင့်ကိုမည်သ့ိုထိန်းချုပ်မည်နှင့် ကိုင်တွယ်ရမည်ကိုသိရှိသည်။ အခြားသူမထိန်းချုပ်နိုင်သည့် သူတစ်ယောက်ပါလျှင် အကြမ်းဖက်မည့်သူသည် ပို၍ အင်အားနည်းသွားမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဆရာဝန်ရှိခြင်းက ပို၍ကောင်းသည်။ သင့် ဆရာဝန်မှသင့်ကိုအိမ်တွင်းအကြမ်းဖက်ခြင်း အတွေ့အကြုံများစွာရှိသည့် မှန်ကန်သော အထောက်အပံ့ပေးသည့် အဖွဲ့များဆီလွှဲပြောင်းပေးနိုင်သည်။ သင်သည် အခြားအလွဲသုံးစားပြုခံရသူများနှင့် တွေ့ဆုံပြီးသင့်အကြောင်းကို မျှဝေကာ အထောက်အပံ့ ရယူနိုင်ပါသည်။

    သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုသည်ကို သတိရပါ။ သင့်မိတ်ဆွေနှင့် မိသားစုသည် သင့်ကိုကူညီချင်ကာ လုံခြုံစွာထားချင်ပါသည်။ သူတို့ကို အဝေးသို့တွန်းမထုတ်ပါနှင့်။ သင့်စိတ်ထဲတွင် အကြမ်းဖက်ခံနေရသည်ဟု မထင်သော်လည်း သင့်မိသားစုနှင့် သူငယ်ချင်းများကပြောလာသောအခါ ပြန်စဉ်းစားနိုင်သည်။ သင့်လုံခြုံမှုသည် ပထမဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yu Wadi Lwin မှ ရေးသားသည်။ · 05/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement