home

အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသကို ကိုင်တွယ်တာတွေ၊ စိတ်စွဲလမ်းတာတွေ စတာတွေက ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားစိတ်ကျန်းမာရေးပြဿနာများ

နတ်ပွဲတွေမှာ နတ်ပူး ပြီး ထကကြ၊ နဂါးတွေ ဝင်ပူးကြတယ်ဆိုတာ ခုလို သိပ္ပံပညာထွန်းကားတဲ့ ခေတ်မှာတော့ ယုံဖို့ ခက်ပါတယ်။ လောကီနယ်လွန် ကိစ္စရပ်တွေကိုတော့ မပြောလိုပေမယ့် ဒီလိုအဖြစ်အပျက်တွေကို သိပ္ပံနည်းကျ၊ ဆေးပညာအရ ရှင်းပြထားတာတွေတော့ ရှိပါတယ်။ နတ်ပူး သလား ရူးသလား။ နတ်ပွဲတွေမှာ အကောင်းကြီးတွေကနေ အစုလိုက် ထကကြ၊ နဂါးဝင်ပူးတယ်ဆိုပြီး မြေကြီးမှာ တွန့်လိမ်ကြ (ရေပါ ဖြန်းပေးရသေး) ဒီလိုမျိုး ထူးဆန်းတဲ့ ဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာပဲ ရှိတာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါကို လေ့လာကြည့်လိုက်တဲ့အခါ Mass Hysteriaဆိုတာကို တွေ့ရှိခဲ့ပါတယ်။ Mass Hysteriaကို နောက်တစ်မျိုး Collective obsessional behavior လို့လည်း ခေါ်ပါတယ်။ ဆိုလိုတာက လူအစုလိုက် အပြုံလိုက်က ထူးဆန်းတဲ့ အပြုအမူတွေကို လုပ်ကြတာပေါ့။ […]

အခြားစိတ်ကျန်းမာရေးပြဿနာများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုဗစ်ကြောင့် အိပ်မပျော်တာ ညတိုင်းလိုလို ဖြစ်လာပြီ။ ခေါင်းကလည်း မကြည်ဘူး။ အိပ်လို့ကလည်း မပျော်ဘူး ဖြစ်နေပြီလား။ အခုကာလမှာ လူတိုင်းလိုလို စိတ်ဖိစီးလာတယ်။ တစ်နေ့တစ်နေ့ စိုးရိမ်စရာတွေ တွေးရင်း အိပ်မပျော်တာက လူတိုင်းလိုလို ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ ညနေစောင်းလာရင်ကို ဖျားသလိုလို ကိုယ်ပူသလိုလို ဝမ်းနည်းသလိုလို စိတ်ပူသလိုလို ခံစားရရင်း အိပ်ရာထဲသာ အချိန်ကျလို့ ဝင်လိုက်တယ် အိပ်မပျော်ဘဲ လူးလှိမ့်နေရင်း မိုးလင်းနေတဲ့ ရက်တွေက လူတိုင်း ကြုံတွေ့နေရတဲ့ ကိုဗစ်ကာလ စိတ်ဖိစီးမှုပါ။ အိပ်ရေးကပျက်တော့ အစားကမဝင်၊ စိတ်ကတိုနဲ့ စိတ်ရောကိုယ်ပါ တအား ပင်ပန်းလာရောပေါ့။ ဒီလိုက ကြာလာရင် ကိုယ်ခံအား ကျလာပြီး ကာကွယ်ဆေး မပေါ်သေးတဲ့ ကိုဗစ်ကို ကာကွယ်ဖို့ အခက်တွေ့လာနိုင်ပါတယ်။ ဒီတော့ အိပ်ပျော်ဖို့ကို ကိုယ်တိုင် ကြိုးစားကြည့်ရအောင်လား။ ကိုဗစ်ကြောင့် အိပ်မပျော်တဲ့ညများ ကုန်ဆုံးစေဖို့ ကိုဗစ်ကြောင့် စိတ်ဖိစီး […]

အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုဗစ် ပထမလှိုင်းတုန်းက ဒီလောက် မဆိုးခဲ့ပေမယ့် ဒုတိယလှိုင်းကတော့ အတော်လေး ပြင်းထန်ပါတယ်။ ကူးစက်နှုန်း မြန်သလို အသေအပျောက်လည်း များလာပါတယ်။ ဒါပေမယ့် စောစောသိ စောစော ကုသရင်တော့ ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။ ရောဂါအခံ ရှိသူတွေ သက်ကြီးရွယ်အိုတွေကတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပေါ့။ တကယ်လို့ အမှတ်မထင် ပိုးရှိသူနဲ့ ထိတွေ့ခဲ့မိ ဆိုပါတော့။ သေချာတာက ထိတွေ့လူနာဖြစ်ခဲ့ရင် Q ဝင်ရမှာပဲလေ။ ဒီတော့ Q ဝင်တဲ့အခါ ဘာတွေ ယူသွားဖို့ လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။ မတော်တဆ Q ဝင်ရတဲ့အခါ ရောဂါပိုးရှိသူနဲ့ အမှတ်မထင် ထိတွေ့မှုကြောင့် Q ဝင်ရတော့မယ်ဆိုရင် အဝတ်အစား အဝတ်အစားဆိုတဲ့နေရာမှာ လှနေဖို့ သစ်လွင်နေဖို့ မလိုပါဘူး။ ဝတ်ရတာ သက်သောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား ပွပွချောင်ချောင်လေးတွေဆို ပို အဆင်ပြေပါတယ်။ ချည်သားက […]

အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်လှုပ်ရှားတယ်၊ ကြောက်ရွံ့တယ်ဆိုတာ လူတိုင်းမှာ ဖြစ်တတ်တာပါပဲ။ အင်တာဗျူးဖြေရတော့မှာမို့လို့ ကြောက်နေတာတွေ၊ လူအများရှေ့ စင်ပေါ်မှာ စကားပြောရတော့မှာမို့လို့ လန့်နေတာတွေ၊ စာမေးပွဲခန်းရှေ့မှာ ကြောက်ဒူးတုန်နေတာတွေက ဖြစ်တတ်တဲ့ သဘာဝပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကြောက်တာခြင်းတော့ မတူဘူးပေါ့။ ဒါပေမယ့် စိတ်လှုပ်ရှားတာ၊ ကြောက်တာက ပြင်းထန်လာပြီး ထိန်းမရအောင် ဖြစ်လာတဲ့အခါ လူကြားထဲမှာ သိပ်ဒုက္ခရောက်ပါတယ်။ ထိုင်ရမလို ထရမလို၊ အိမ်သာသွားချင်သလိုလို၊ အန်ချင်သလိုလို စသဖြင့်ပေါ့။ ဒီလို လွန်ကဲတဲ့ တုံ့ပြန်မှုတွေဖြစ်လာပြီဆိုရင် ဒါကို panic attackလို့ ခေါ်ပါတယ်။ တစ်ချိန်မဟုတ် တစ်ချိန်မှာ ကြုံလာနိုင်တဲ့ ကိစ္စမို့လို့ အမြန်ဖြေရှင်းနိုင်အောင် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ Panic attack ဖြစ်လာပြီဆိုရင် Panic attackမှာ ကြုံရတဲ့ ကြောက်လန့်မှုတွေက လက်တွေ့မှာတော့ ကိုယ့်ကို အန္တရာယ်မပေးနိုင်ပါဘူး။ ဥပမာ စာမေးပွဲဖြေတာက အသက်အန္တရာယ်မှ […]

အခြားစိတ်ကျန်းမာရေးပြဿနာများ

ခုလို ကိုဗစ်ကာလမှာ လူတော်တော်များများက အလုပ်သွားစရာလည်း မလို၊ အိမ်မှာလည်း အလုပ်မလုပ်ရတဲ့အတွက် အားလပ်ပြီး ဆိုရှယ်မီဒီယာကို ပိုမိုအချိန်ပေး အသုံးပြုလာကြပါတယ်။ တကယ်တော့ ဆိုရှယ်မီဒီယာဆိုတာ စိတ်ဓာတ်ပေါင်းစုံ၊ လူတန်းစားပေါင်းစုံ အသုံးပြုနေကြတဲ့ အရာပါ။ ခေတ်ကာလနဲ့ နည်းပညာတိုးတက်မှုလို့ ဆိုရပေမယ့် ဆိုးကျိုးအရကြည့်မယ်ဆိုရင်လည်း စိတ်ကျန်းမာရေးကို တော်တော်ဒုက္ခဖြစ်စေပါတယ်။ ဆိုရှယ်မီဒီယာ အဆိပ်အတောက် ဆိုရှယ်မီဒီယာဟာ လူ့ဘဝနဲ့ စိတ်ကျန်းမာရေးအတွက် အဆိပ်အတောက်လို့ကို ဆိုနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ လူပေါင်းစုံအသုံးပြုနေတာဖြစ်တဲ့ လူတွေရဲ့ အရေးတယူ အာရုံစိုက်မှုတွေကို လိုချင်တာဖြစ်စေ၊ အမုန်းတရားကို ဖြန့်ချိတာဖြစ်စေ၊ မှားယွင်းတဲ့ သတင်းအတုတွေကို ဖြန့်ချိတဲ့အခါဖြစ်စေ၊ အွန်လိုင်းပေါ်ကနေ အပြန်အလှန် ဆဲဆိုရန်ဖြစ်တာမျိုး အစရှိသဖြင့် နေ့စဉ် စိတ်ညစ်စရာ သတင်းပေါင်းစုံကို မြင်ရ၊ တွေ့နေရတဲ့အခါ စိတ်က ဘယ်လိုမှ ချမ်းသာနေနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓာအပြင် စိတ်ရဲ့ကျန်းမာရေးကပါ […]

အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ပိုင်းဆိုင်ရာ ကျန်းမာ​ကြံ့ခိုင်စွာ ကြီးပြင်းလာစေဖို့ ငယ်စဉ်ကတည်းက ကလေးကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦးဖြစ်အောင် ပျိုးထောင်ပေးဖို့လိုပါမယ်။ ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့အခါမှာ ကလေးတိုင်းက စိတ်ဓာတ်ကျတာ အပါအဝင် အမျိုးမျိုးသော စိတ်အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒီလို အခြေအနေတွေကို ကျော်လွှားနိုင်မှ ကလေးက အောင်မြင်တဲ့ လူငယ်ဖြစ်လာမှာပါ။ ဒီတော့ ကိုယ့်ရဲ့ ဆယ်ကျော်သက်  ကလေးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံခိုင်စေဖို့ ဘယ်လို အလေ့အထလေးတွေများ မွေးမြူပျိုးထောင်ပေးဖို့ လိုမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ခန္ဓာကိုယ် အပြောင်းအလဲ၊ စိတ်အပြောင်းအလဲကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ တစ်နေ့ကို တစ်နာရီလောက် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးဖို့လိုပါမယ်။ လေ့ကျင့်ခန်း […]

အခြားစိတ်ကျန်းမာရေးပြဿနာများ

ဒီကနေ့ခေတ်မှာ ဆိုရှယ်မီဒီယာ အသုံးပြုတယ်ဆိုတဲ့ကိစ္စက နေ့စဉ်လူနေမှုဘဝထဲက အစိတ်အပိုင်းတစ်ခုလိုကိုဖြစ်နေတာပါ။ အသုံးပြုချိန်တွေ မြင့်မားလာသလို အလွန်အကျွံအသုံးပြုတာတွေလည်း ရှိလာပါတယ်။ စွဲလမ်းလာတယ်ပေါ့။ ဆိုရှယ်မီဒီယာတွေဟာ လူအချင်းချင်းဆက်သွယ်ပြောဆိုမှုနဲ့ သတင်းအချက်အလက်မျှဝေဖို့ ရည်ရွယ်ဖန်တီးထားတာဖြစ်ပေမယ့် ဒီကနေ့ခေတ်မှာတော့ ဒီထက်အများကြီး ပိုမိုကျယ်ပြန့်လာနေပါပြီ။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေးစတာတွေရဲ့ ဗဟိုချက်တစ်ခုလိုကိုဖြစ်လာနေပါတယ်။ လူငယ်တွေအတွက်ဆိုရင်လည်း နေ့စဉ်ဘဝအတွက် မရှိမဖြစ် ပျော်စရာ နည်းလမ်းတစ်ခုဖြစ်သလို စိတ်ထွက်ပေါက်လို့လည်းဆိုလို့ရပါတယ်။ ဒီတော့လည်း အချိန်ပြည့်ဆိုရှယ်မီဒီယာတွေကို အသုံးပြုနေတာတွေ၊ ဖုန်းကိုလက်ကမချနိုင် တကိုင်ကိုင်ဖြစ်နေတာတွေက သိပ်တော့ ထူးဆန်းလှတယ်လို့ မဆိုသာပါဘူး။ လက်ရှိအချိန်ဟာလည်း COVID-19 ကာလမို့ လူတစ်ဦးချင်းစီရဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုပမာဏက ပိုလို့တောင်မြင့်တက်လာပါသေးတယ်။ Updated ဖြစ်တဲ့ သတင်းအချက်အလက်တွေကို သိဖို့နဲ့ စိတ်အပန်းပြေဖို့ပေါ့။ ပျော်ရွှင်စေဖို့ဆိုပေမယ့် ဆိုရှယ်မီဒီယာတွေဟာ စိတ်ကျန်းမာရေး၊ အရိုး၊ အကြော၊ မျက်စိကျန်းမာရေးနဲ့ လူမှုရေးပြဿနာတွေကို ယူဆောင်လာနိုင်တာမို့ အလွန်အကျွံအသုံးပြုလာရင် အဆင်မပြေမှုတွေ၊ စိတ်ကသိအအောက်ဖြစ်တာတွေ ခံစားရလာနိုင်ပါတယ်။ အထူးသဖြင့် […]

အခြားစိတ်ကျန်းမာရေးပြဿနာများ

အကြောက်တရားဆိုတာလူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် တချို့သောသူတွေမှာတော့ အထူးအထွေ အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ခုကို အလွန်အမင်းကြောက်နေတတ်ပါတယ်။ ထိုတစ်စုံတစ်ရာကို တွေ့ကြုံလိုက် ရတဲ့အခါမှာအလွန်အမင်းစိုးရိမ်ပူပန်မှုကိုခံစားရပြီးပြောမပြတတ်တဲ့ကြောက်ရွံ့မှုမျိုးနဲ့ ကြောက်ရွံ့ နေတာပါ။ ကြောက်ရွံ့တဲ့အရာဟာ နေရာတစ်နေရာလည်းဖြစ်နိုင်သလို၊  ပစ္စည်း(ဒါမှမဟုတ်) အခြေအနေတစ်ရပ်ရပ်လည်းဖြစ်နေနိုင်ပါသေးတယ်။ တခြားသော   စိုးရိမ်ပူပန်မှုမျိုးနဲ့ မတူတာကတော့ အကြောက်လွန်ရောဂါဆိုတာဟာမိမိဘာကိုကြောက်သလဲ ဆိုတာ တိတိကျကျ ရှိနေပါတယ်။ အကြောက်လွန်ရောဂါကို Phobia လို့သုံးနှုန်းပါတယ်။ Phobia ရှိနေသူ တစ်ယောက်ဟာ  သူတို့ကြောက်ရွံတဲ့အရာတွေနဲ့ ပတ်သက်လာရင် ဘာဆိုဘာမှ မလုပ်ရဲ၊ မကိုင်ရဲကြပါဘူး။ ကြောက်ရွံမှုရဲ့ အကျိုးဆက်ကြောင့် ပြင်းထန်စွာထိခိုက်နာကျင်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ အလုပ်တွေ၊ ကျောင်းတွေမှာ လုပ်ငန်းစွမ်းဆောင်ရည်တွေလျော့ကျစေလာနိုင်သလို လူမှုပတ်ဝန်းကျင်မှာလည်းနည်းအမျိုးမျိုးနဲ့ ထိခိုက်လာနိုင်ပါတယ်။ Phobia ဘာကြောင့်ဖြစ်ရသလဲ။ မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို ပတ်ဝန်းကျင်ကြောင့်လည်း Phobia ရောဂါ ခံစားသွားရနိုင်ပါတယ်။  စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားနေရသူ တစ်ယောက်ယောက် မိမိဆွေမျိုးထဲမှာ ရှိခဲ့မယ်ဆိုရင်လည်း အကြောက်လွန်ရောဂါခံစားရနိုင်ပါတယ်။ မိမိမျက်စိရှေ့မှာ ရေနစ်ခြင်းကဲ့သို့သောကြောက်မက်ဖွယ်ဖြစ်ရပ်တစ်မျိုးမျိုး […]

အခြားစိတ်ကျန်းမာရေးပြဿနာများ

လူဆိုတာ သိပ်ခက်တယ်ဗျ။ ဘယ်နတ်ဘုရား၊ ဘယ်သဘာဝကမှ ဖန်ဆင်းသတ်မှတ်ထားခြင်း မရှိတဲ့ စံနှုန်းတွေကို လူတွေကိုယ်တိုင် ဖန်တီးယူပြီး သတ်မှတ်ကြတယ်။ ဒီသတ်မှတ်ချက်တွေက လူ့ပတ်ဝန်းကျင်ထဲ လျင်မြန်စွာ ပျံ့နှံ့သွားတဲ့အခါ Trend လို့ခေါ်တဲ့ ခေတ်ရေစီးကြောင်းတွေ ဖြစ်လာကြတယ်။ လူတိုင်းဟာ မွေးလာကတည်းက ကိုယ်ပိုင်အလှတရားကိုယ်စီနဲ့ မွေးလာကြတာပါ။ တစ်နေရာတည်းမှာ ကွက်လှတဲ့သူရှိသလို၊ အစိတ်အပိုင်း အားလုံးခြုံကြည့်ပြီး လှတဲ့သူတွေလည်း ရှိတယ်။ အတွင်းစိတ်ထားလှတဲ့သူတွေလည်း ရှိသလို အပြင်ပိုင်း ရုပ်ဆင်းသဏ္ဍာန်လှတဲ့သူတွေ ရှိကြတယ်။ ဒါပေမယ့် ပြစ်မျိုးမှဲ့မထင် အချိန်တိုင်း၊ နေရာတိုင်း လှနေတဲ့သူဆိုတာတော့ မရှိပါဘူး။ ကိုယ့်ရဲ့ အလှအပကို ကိုယ်တိုင်မြင်ပါ။ ကိုယ့်ရဲ့ အတွင်း၊ အပြင်အစိတ်အပိုင်းအားလုံးမှာ ဘယ်နေရာကတော့ လှပလဲ၊ ကြည့်ကောင်းလဲ၊ ပြေပြစ်လဲ စတာတွေက သူများပြောစရာမလိုဘဲ ကိုယ့်ဘာသာ သိနားလည်အောင် အရင်ဆန်းစစ်ကြည့်ဖို့က အရေးကြီးပါတယ်။ ကိုယ့်ရဲ့အလှကို ကိုယ်တိုင်သိမှ ဒီအလှအပကို […]

အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ဓာတ်ကျချိန်မှာ သင့်အနေနဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စရပ်တွေကို မလုပ်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် ဝေလာဝေးပါပဲ။ ဒါပေမယ့် သုတေသီများဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် စိတ်ကျခြင်းကို သက်သာစေနိုင်တယ်လို့ဆိုကြပါတယ်။ စိတ်ကျန်းမာရေး ပညာရှင်များကလည်း စိတ်ကျနေသူများကို တတ်နိုင်သလောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းကြပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပြုပါတယ်။ စိတ်ဓာတ်ကျချိန်မှာ တုံ့ပြန်မှုကောင်းကောင်းမရှိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းအချို့ကို လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေရထိုင်ရတာ သက်သောင့်သက်သာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ဦးနှောက်မှ ထွက်ပေါ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်လတ်တလောရင်ဆိုင်နေရတဲ့ သောကတွေ၊ စိုးရိမ်ပူပန်မှုတွေကနေ အာရုံပြောင်းစေပြီး မိမိကိုယ်ကိုယုံကြည်စိတ် ဖြစ်ပေါ်စေပါတယ်။ လေ့ကျင့်ခန်းနှင့် ဦးနှောက်ကြား ဆက်စပ်မှု မိမိလုပ်နေကြအလုပ်ကို စိတ်မပါလက်မပါဖြစ်ခြင်း၊ ဝမ်းနည်းခြင်း စတာတွေဟာ မကြာခဏ ကြုံရနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ကျနေချိန်မှာတော့ […]

အခြားစိတ်ကျန်းမာရေးပြဿနာများ

လတ်တလောမှာ လူတွေရဲ့ စိတ်က ထိလွယ်ရှလွယ်အနေအထားကို ရောက်နေပါပြီ။ အိမ်ထဲမှာ နေနေရတာလဲကြာပြီ၊ ဒီကပ်ကြီး ဘယ်တော့ပြီးမှာလဲ မသေချာ၊ အလုပ်သွားတဲ့သူတွေကလည်း ဘယ်တော့များ အကူးခံရမလဲဆိုပြီး ထိတ်တလန့်လန့်နဲ့ စိုးရိမ်နေကြရပါတယ်။ ထုတ်သာ မပြောတာ တစ်ယောက်ဆီမှာ တစ်မျိုးစီ စိတ်ဖိစီးမှုတွေနဲ့ရယ်ပါ။ ဒီကြားထဲမှာ ဒီပူပင်သောကတွေကို ပိုဆိုးအောင် လုပ်နေတာက ဆိုရှယ်မီဒီယာပါပဲ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် အဓိက သုံးကြတာတော့ ဖေ့ဘွတ်ပေါ့။ တစ်နေ့ တစ်နေ့ လုပ်စရာ ထူးထူးခြားခြားလည်း မရှိ၊ ပျင်းလည်း ပျင်းလာတဲ့အခါ ဒါကိုပဲ လက်က မချနိုင် သုံးမိလာပါတယ်။ ဒါရဲ့ နောက်ဆက်တွဲကတော့ . . . ဆိုရှယ်မီဒီယာတွေ အသုံးလွန်တဲ့အခါ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တတ်လာတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်များများက အဆင်ပြေတာပဲ တင်ပါတယ်။ လက်တွေ့မှာ အဆင်မပြေတာကို သိပ်မတင်ကြပါဘူး။ ဘယ်လိုဆိုင်ကြီးမှာတော့ ဒီနေ့ […]

အခြားစိတ်ကျန်းမာရေးပြဿနာများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon