home

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကလေးရရှိစေဖို့အတွက် ကြိုးပမ်းနေပေမယ့် မအောင်မြင်သေးလို့ ဆေးဘက်ဆိုင်ရာ အကူအညီ ရယူဖို့ စဉ်းစားနေတဲ့ စုံတွဲလေးတွေရှိနေနိုင်ပါတယ်။ ဒီလို ကလေးရရှိစေမယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဖန်ပြွန်သန္ဓေသား ရယူတာကစလို့ ဘေဘီလေးရရှိစေမယ့် နည်းလမ်းလေးတွေကို ဝင်ရောက်လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အိမ်ထောင်ရက်သားကျပြီးတဲ့ စုံတွဲတွေတိုင်းရဲ့ အိပ်မက်တွေထဲမှာ ချစ်စဖွယ်ရင်နှစ်သည်းချာ သားသားမီးမီးလေးတွေ မွေးဖွားပြီး ပြုစုပျိုးထောင်ပေးဖို့ဆိုတဲ့ အချက်က အမြဲတမ်းဦးစားပေးလို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် ကြိုးပမ်းသမျှ အဖတ်မတင်ဖြစ်ပြီး ကိုယ်ဝန်မရ သေးတာမျိုးလည်း ကြုံရတတ်ပါတယ်။ ကိုယ်က သားသားမီးမီးလေးတွေ လိုချင်ပါတယ်ဆိုမှ မရရင် ပိုပြီးလိုချင်။ လိုချင်လျက်နဲ့ မရဆိုရင် သို့လောသို့သောတွေနဲ့ စိတ်ညစ်ညူးစရာ၊ စိတ်ပျက်စရာအခြေအနေတွေကို ပိုင်ဆိုင်လာရတတ်တဲ့အထိပါပဲ။ ကျန်းမာသန်စွမ်းတဲ့ အမျိုးသား အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ရဖို့ မခက်ခဲနိုင်ဘူးလို့ ယျေဘုယျအားဖြင့် သတ်မှတ်ထားကြပေမယ့် တကယ်တမ်းမှာတော့ ခြွင်းချက်အခြေအနေတွေရှိနေပါသေးတယ်။ ကျန်းမာသန်စွမ်းပေမယ့် ကိုယ်ဝန်ရနိုင်ခြေကို နှောင့်ယှက်နေတဲ့ အချက်တွေက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ရှိတတ်ပါတယ်။ ကိုယ်ဝန်မရတိုင်း ကိုယ်မစွမ်းလို့ သူမစွမ်းလို့ဆိုတာမျိုး တစ်ထစ်ချတွေးထင်လို့တော့ မရပါဘူး။ တစ်ခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အရွယ်ကောင်းဖြစ်ပြီး ကိုယ်ဝန်ရဖို့ ကြိုးပမ်းတာလည်း ၆ လ ထက်မနည်းကြာမြင့်လာချိန်မျိုးမှာ ကိုယ်ဝန်မရသေးဘူးဆိုရင် တစ်ချို့များက […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကိုယ်ဝန်ဆောင်တဲ့ အခါ ကလေးတစ်ယောက်တည်းထက် အမြွာလေးတွေ လိုချင်တဲ့သူပိုများကြပါတယ်။ ဗိုက်လည်းတစ်ခါပဲ အနာခံရတယ်၊ ကလေးက ၂ ယောက်တောင်ရမှာ။ ပြီးတော့ အမြွာလေးတွေဆိုတော့ ကလေးအချင်းချင်းလည်း ကစားဖော်ကစားဖက်ရှိတော့ သူတို့လည်း မပျင်းရတော့ဘူးလေ။ နောက်ပိုင်းမှာ ကလေးတစ်ယောက်တည်းထက် အမြွာလေးတွေမွေးတာကလည်း ပိုခေတ်စားလာတာဆိုတော့ အမြွာလိုချင်တဲ့စုံတွဲတိုင်း ဒါလေးတွေသိထားသင့်တယ်နော်။ ။ အမြွာလေးမွေးမလား မမွေးဘူးလားဆိုတဲ့ အပေါ် ဘယ်လိုအချက်တွေက သက်ရောက်တာလဲ ။ ။ မျိုးရိုး။ မျိုးရိုးထဲမှာ အမြွာလေးမွေးထားတဲ့သူရှိတဲ့အခါ ကိုယ့်မှာလည်း အမြွာလေးမွေးနိုင်ချေများပါတယ်။ အထူးသ့ဖြင့် အမေဘက်က အဒေါ်တွေ အဖွားတွေက အမြွှာလေးမွေးဖူးထားရင် ကိုယ်လည်း အမြွာလေးတွေ မွေးနိုင်ချေရှိပါတယ်။ လူမျိုး ။ အနောက်တိုင်းသားတွေက အာရှသားတွေထက် အမြွာလေးတွေ မွေးနိုင်ချေ ပိုများပါတယ်။ အနောက်နိုင်ငံသားတွေထဲကမှ လူမည်းတွေလူဖြူတွေထက် အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ် ကလေးအများကြီးမွေးထားတဲ့အခါ ရှေ့မှာ ကလေးတွေ အများကြီးမွေးထားတဲ့သူတွေကပိုပြီး အမြွာလေးတွေ မွေးနိုင်ချေပိုများပါတယ်။ ကလေး ၈ […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

သားဦးလေးကို မီးမီးလေးအရင်လိုချင်တယ်၊ သားသားလေးက ရှိနေပြီဆိုတော့ နောက်တစ်ယောက်ကို မီးမီးလေးလိုချင်တယ်ဆိုတဲ့ စုံတွဲတွေရှိလား။ သားလေးလိုချင်ရင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတာတွေက များနေတော့ ဒီတစ်ခေါက် မီးမီးလေးလိုချင်ရင် လုပ်သင့်တဲ့ အချက်တွေ အကြောင်းပြောပြပေးချင်ပါတယ်။ သားသမီးရတနာဆိုတာ ကံကပေးတယ်ဆိုပေမယ့် ခုလို ကြိုးစားကြည့်ထားတော့ မမှားဘူးပေါ့။ မီးမီးလေး လိုချင်ရင် ဒါတွေလုပ်ကြည့်လို့ရပါတယ်။ ဒီလို စားပါ။ မေမေဆို အက်ဆစ်ပြောင်းစေမယ့် အစားအစာတွေစားပါ။ အက်ဆစ်ဓါတ်များတဲံ အစားအစာတွေစားသင့်တယ်ဆိုပေမယ့် များကြီးစားဖို့တော့ မလိုအပ်ပါဘူး။ အက်ဆစ်ဓါတ်များတဲ့ အစားအစာဆိုတိုင်း ချဉ်တဲ့အစားအစာတွေ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ထဲကို ရောက်သွားတာနဲ့ အက်ဆစ်ဓါတ်ဘက်ကို ရောက်သွားမယ့် အစးအစာတွေကို ပြောတာဖြစ်ပါတယ်။ ကိုယ်တွင်း အက်ဆစ်ဓါတ်အပြောင်းအလဲကိုဖြစ်စေမယ့် အစားအစာတွေကတော့ နေ့စဉ်စားနေတဲ့ အသားငါး ၊နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ထမင်း၊ ဂျုံ၊ ပြောင်းဖူး၊ ကြက်ဥ အကာ၊ ချော့ကလက်နဲ့ အခြား ချဉ်တဲ့အသီးတွေဖြစ်တဲ့ […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

မိသားစု ဘဝ ထူထောင်ထားတဲ့ စုံတွဲတိုင်း သူ့တို့ဆီ ရောက်လာမယ့် ရင်သွေးလေးတွေ အတွက် ကြိုပြီးရင်ခုန်ကြတဲ့သူချည်းပါပဲ။ ဦးဆုံးလေးကို သားလေး လိုချင်တဲ့သူရှိသလို သမီးလေးလိုချင်တဲ့သူရှိပါတယ်။ တချို့ကျတော့လည်း သမီးလေးတွေချည်းမွေးထားတော့ သားလေးလိုချင်လို့ ကြိုးစားနေကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သားဦးလေးလိုချင်တဲ့သူတွေအတွက်ရော၊ သမီးလေးတွေရှိနေလို့ သားလေးလိုချင်တဲ့သူတွေ အတွက်ရော သိထားသင့်တဲ့ ကြိုးစားနည်းလေးတွေပဲ ဖြစ်ပါတယ် ။ သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် နည်းလမ်းကောင်းများ ၁ ။ The Shettles Method Dr. Landrum Shettles ပြောကြားချက်အရ သားလေး မွေးစေမယ့် အမျိုးသား သုက်ကောင်လေးတွေဟာ အမျိုးသမီး သုက်ကောင်လေးတွေထက် အပြေးပိုသန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မမျိုးဥကြွေချိန်မှာ အမျိုးသားနဲ့ အတူနေလိုက်ရင် သားလေးပိုရနိုင်လို့လည်း ဆိုပါတယ်။ ၂ ။ သားလေးရနိုင်ဖို့ ဆက်ဆံသင့်တဲ့ ပုံစံအနေအထားတွေ […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကလေးရနိုင်ခြေအကြောင်းကို အရင်မပြောခင် ကလေးရနိုင်ဖို့ လုံးဝကို အဓိက ကျတဲ့ မမျိုးဥ အကြောင်းကို အရင်ပြောပြချင်ပါတယ်။ မိန်းကလေးတစ်ယောက် စပြီးမွေးဖွားလာတည်းက သူတို့ရဲ့ မျိုးဥအိမ်မှာ မျိုးဥပေါင်း ၁သန်း ကနေ ၂ သန်းလောက်ရှိပါတယ်။ ဒါပေမယ့် အပျိုဖော်ဝင်စအချိန်ဖြစ်တဲ့ အသက် ၁၂ နှစ် ရာသီသွေးစပေါ်တဲ့အချိန်မှာတော့ မျိုးဥ ၄ သိန်းလောက်သာကျန်ပါတော့တယ်။ ရာသီစက်ဝန်း တစ်လတစ်လမှာတော့ မမျိုးဥပေါင်း ရာနဲ့ချီ ဆုံးရှုံးပြီး သူတို့ထဲကမှ အသန်စွမ်းဆုံးနဲ့ ကျန်းမာဆုံး မျိုးဥကပဲ မျိုးအောင်နိုင်စွမ်းရှိတာပါ။ အသက်ကြီးလာတဲ့ မျိုးဥအရေအတွက်တွေ တဖြည်းဖြည်းလျော့လာပြီး သန်စွမ်းမှုလည်း လျော့ကျလာတာကြောင့် အသက်ကြီးလာတဲ့အခါ မျိုးအောင်နိုင်စွမ်းလျော့ကျ လာရတာဖြစ်ပါတယ်။ ကဲဒီတော့ ကိုယ်ပိုင်မိသားစု အသိုက်အမြုံလေးတစ်ခု တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ မမတို့၊ ညီမလေးတို့ အသက်အရွယ်အလိုက် ကလေးရနိုင်ချေနှုန်းကို မသိချင်ကြဘူးလား။ ဒီဆောင်းပါးလေးကို […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကလေးမရသေးတာက သားသမီးမျှော်လင့်နေတဲ့အိမ်ထောင်ရှင်တွေအတွက်တော့ အားနည်းချက်တစ်ခုလိုဖြစ်နေရတဲ့ကိစ္စပါ။ ကလေးယူဖို့ ဆရာဝန်ပြပြီး အကြံပြုချက်ယူတယ်၊ ကြိုးစားတယ်ဆိုပေမယ့် အချိန်ကြာလာပြီး မအောင်မြင်တဲ့အခါ ဖန်ပြွန်သန္ဓေသား(IVF)နည်းလမ်းက အဆင်ပြေနိုင်ပါတယ်။ ဖန်ပြွန်သန္ဓေသားနည်းလမ်းကို မခံယူခင် ဒီအချက်လေးတွေတော့ အရင်စဉ်းစားထားသင့်ပါတယ်။ IVF အကြောင်း အချက်အလက်တွေကို လေ့လာသိရှိအောင်တတ်နိုင်သလောက်ကြိုးစားဖို့က မိဘလောင်းတွေအတွက် အရေးကြီးပါတယ်။ အကောင်းဆုံးရလဒ်ရနိုင်ဖို့ ကိုယ့်မှာဒီအချက်တွေပြည့်စုံနေပြီလား ဆန်းစစ်ပါ။ (၁) လုပ်ငန်းစဉ်ကို လေ့လာပါ IVF ကိုရွေးချယ်ဖို့မဆုံးဖြတ်ခင်ဆေးပညာလုပ်ငန်းစဉ်တွေနဲ့ ဘာပြီးရင်ဘာဆက်လုပ်မှာလဲဆိုတာတွေ အဆင့်ဆင့်ကိုသိအောင် လုပိထားပါ။ သိလိုတာရှိရင် ဆရာဝန်ကိုသေချာမေးမြန်းပါ။ ဒါမှ စိတ်ကိုရော၊ လူကျန်းမာရေးအတွက်ရော အကောင်းဆုံး ကြိုတင်ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နိုင်မှာပါ။အောင်မြင်နိုင်တဲ့နှုန်းကတော့ဆေးခန်း၊ဆေးရုံတစ်ခုနဲ့တစ်ခုမတူနိုင်လို့အောင်မြင်နိုင်ဖို့အခွင့်အလမ်းရာခိုင်နှုန်းတွေကိုမေးမြန်းဖို့ကို တွန့်နှေးမနေပါနဲ့။ (၂) တတ်နိုင်သလောက် ကျန်းမာရေးကောင်းအောင်နေပါ လူကျန်းမာအောင်ဂရုစိုက်တာက ကလေးယူတာ အောင်မြင်ဖို့ အကောင်းဆုံးကြိုတင်ပြင်ဆင်မှုပါ။ စိတ်ရောကိုယ်ပါကျန်းမာတဲ့ အမျိုးသမီးတွေဟာ IVF သန္ဓေယူဖို့အောင်မြင်နိုင်ခြေအမြင့်ဆုံးဖြစ်တယ်လို့လေ့လာမှုတွေက ဆိုပါတယ်။ အဝလွန်နေတဲ့အမျိုးသမီးတွေမှာတော့ ရလဒ်ပိုကောင်းစေဖို့ ကိုယ်အလေးချိန်ကိုအရင် ညှိသင့်ပါတယ်။ (၃) အချိန်က အရေးကြီးတယ် ဖန်ပြွန်သန္ဓေယူတာက ခန္ဓာကိုယ်မှာရော၊ […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အရက်ဆိုတာ ဘယ်လောက်ပဲ ကျန်းမာရေးအတွက် မကောင်းဘူးပြောပြော အပေါင်းအသင်းတွေနဲ့ ဆုံလာပြီဆိုရင် အနည်းဆုံးတော့ တစ်ခွက်တစ်ဖလားလောက် မော့တတ်ကြတာပဲမလား။ တစ်ခွက်ထဲပါလို့ ပြောရင်းနဲ့ အာလေးရွှင်ပြီး စိတ်ကမြူးကြွလာတာနဲ့ မမူးမချင်း တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်တွေ သောက်ကြတော့ပါပဲ။ ဒီလို ဘော်ဒါတွေနဲ့ ဆုံခိုက် သောက်တာ၊ စားတာ ပျော်ဖို့ကောင်းပေမယ့် နောက်နေ့မနက်ရောက်ပြီဆိုရင်တော့ အရက်နာကျတဲ့ ဝေဒနာကို ခံစားနေရရင်တော့ အဆင်မပြေဘူးပေါ့။ အထူးသဖြင့် ရုံးကိုလာတဲ့နေ့မှာ ညက အရှိန်နဲ့ မျက်နှာက မအီမသာဖြစ်၊ ခေါင်းကမူးပြီး အော့အန်ချင်သလို၊ အလုပ်ထဲလည်း အာရုံမရောက်ဖြစ်နေရင်တော့ အလုပ်ခွင်မှာ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီတော့ ကဲချင်သလို ကဲပြီး နောက်နေ့ ရုံးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေအောင် အရက်နာကျ ဝေဒနာကို ထိန်းဖို့နည်းလမ်းတွေကို ကိုယ့်ဘော်ဒါတွေအတွက် ဝေမျှပေးလိုက်ပါတယ်။ ၁။ ရေများများသောက်ပါ။ အရက်နာကျခြင်းရဲ့ နောက်ဆက်တွဲ […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

လူတော်တော်များများ ဘယ်လိုပဲ ကြိုးစား ကြိုးစားကလေးမရသေးရင် အမျိုးသမီးတွေကို အရင်ဆုံး အပြစ်ပြေးမြင်တတ်ကြပါတယ်။ ဒီမိန်းကလေးက မြုံနေလို့ ခုထိကလေးမရနိုင်တာဆိုပြီးပေါ့။ တကယ်တော့ ကလေးမရနိုင်တဲ့ စုံတွဲတစ်တွဲမှာ မိန်းကလေးကပဲ အပြစ်အနာအဆာရှိနေတာမဟုတ်ပါဘူး။ အမျိုးသားမှာလည်း ချို့ယွင်းချက်ရှိလို့ ကလေးမရတာဖြစ်နိုင်သလို အခြား အကြောင်းအရာတွေလည်းရှိပါသေးတယ်။ ဘယ်လိုအကြောင်းအရာတွေကြောင့် ကလေးမရနိုင်တာမျိုး ဖြစ်သလဲဆိုတာ ကြည့်ရအောင်။ ။ ကလေးမရနိုင်သေးတဲ့ စုံတွဲတွေ ဒါလေးတွေ သိထားသင့်ပါတယ်။ ။ ၁ - ကိုယ်ဝန်ရဖို့ ကြိုးစားနေတာ ဘယ်လောက်ကြာပြီလဲ ။ ။ တချို့မလိုချင်တဲ့သူတွေကျ တစ်ခါဆိုတစ်ခါတည်းနဲ့ ကလေးတန်းရသွားတတ်ပေမယ့် လိုချင်တဲ့သူတွေမှာကျ တန်းပြီး ကလေးရသွားတာရှားပါတယ်။ ဒီတော့ ကိုယ်ဝန်ရဖို့ ကိုယ်ကြိုးစားနေတာ ဘယ်လောက်ကြာပြီလဲဆိုတာက အရေးကြီးလာပါပြီ။ စုံတွဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့ ၆လ အတွင်းမှာ ကလေးရသွားတတ်ပြီး တချို့ ဆို […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

သားဥကြွေတယ်ဆိုတာဘာလဲ ။ ။ ကိုယ်ဝန်လိုချင်ရင် သားဥနဲ့ သုက်ကောင်နဲ့တွေ့ရမယ်။ သားဥအိမ်ဆိုတာ အမျိုးသမီးတွေမှာရှိတယ်။ သူကနေ သားဥတွေထုတ်ပေးတယ်။ ဒီလို သားဥတွေထုတ်ပေးတဲ့ဖြစ်စဉ်ကို သားဥကြွေတယ်လို့ခေါ်တယ်။ ဒါတွေ အပြင် သားဥကြွေတာနဲ့ ပက်သက်ပြီး သင်မသိသေးတဲ့ အချက်တွေရှိပါသေးတယ် ။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ သားဥကြွေတဲ့ ဖြစ်စဉ်နောက်က လုပ်ငန်းစဉ်များ ။ ။ သားဥအိမ်ကနေ သားဥထုတ်တဲ့ ဖြစ်စဉ်ကို သားဥကြွေတယ်လို့ ခေါ်လို့ရပေမယ့် နောက်ကွယ်မှာ သူ့ထက် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေ ရှိပါသေးတယ်။ သင့်ရာသီ စက်ဝန်းရဲ့ ပထမ ၁၄ရက်မှာ သားဥအိမ်ထဲ multiple follicles လို့ခေါ်တဲ့ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ သားဥတွေ စတင် ကြီးလာပါတယ်။ တဖြည်းဖြည်းနဲ့ Dominant egg လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ခန္ဓါကိုယ်ပြင်ပသန္ဓေတည်ခြင်း၊ တနည်း ယခင်ဖန်ပြွန်သန္ဓေသားနည်း လို့ သိခဲ့ကြတဲ့ In vitro fertilization (IVF) ဟာ မျိုးဆက်မပွားနိုင်ခြင်းအတွက် နာမည်ကြီးကုသနည်းဖြစ်တယ်။ လိုအပ်တဲ့လုပ်ဆောင်ချက်ကတော့ သားဥများကို သုတ်ပိုးနဲ့ ဓါတ်ခွဲခန်းထဲမှာ သားအောင်စေပြီး သန္ဓေသားလောင်း သို့ သန္ဓေ သားလောင်းများဖန်တီးခြင်းဖြစ်တယ်။ မိဘဖြစ်လိုသူတွေရဲ့ သားဥနဲ့သုက်ပိုးကိုသုံးနိုင်သလို၊ အမည်မဖော်သူအလှူရှင်တွေဆီကလည်း အသုံးပြုနိုင်ပါတယ်။ အောက်ပါတို့ကတော့ ဖန်ပြွန်သန္ဓေ္ဓသားမယူခင် သိထားသင့်တဲ့အချက်တွေဖြစ်တယ်။ ဖန်ပြွန်သန္ဓေ္ဓသားနည်းနဲ့ဖြေရှင်းလို့ရနိုင်တဲ့မျိုးမပွားနိုင်ခြင်းများ သားအိမ်နံရံတစ်သျူးများပုံမှန်မဟုတ်ခြင်း၊ သားဥအိမ်ရောဂါများ၊ သားအိမ် သို့ သားဥပြွန်အနေအထားမကောင်းခြင်း၊ သုက်ပိုးနည်းခြင်း၊ သုက်ပိုးမှသားဥအားသားမဖောက်နိုင်ခြင်း၊ နှင့် အခြားသောမျိုးမပွားနိုင်သည့်အခြေအနေများရှိပါက ခန္ဓါကိုယ်ပြင်သန္ဓေ္ဓအောင်ခြင်းနည်းကို အသုံးပြုနိုင်ပါတယ်။ လုပ်ဆောင်ပုံ အစပိုင်းမှာ အမျိုးသမီးသွေးပြန်ကြောထဲသို့ ဟော်မုန်းကုထုံးထည့်ကာ သားဥအိတ်ထဲတွင် သားဥပေါင်းများစွာဖြစ်လာအောင် လှုံ့ဆော်ပါလိမ့်မယ်။ ထို့နောက် ထိုသားဥများကိုစုပြီး ဖန်ပြွန်တစ်ခုထဲမှာ သန္ဓေ္ဓအောင်စေပါမယ်(ဒါကြောင့် ဖန်ပြွန်သန္ဓေ္ဓသား လို့ခေါ်ပါတယ်)။ သန္ဓေ္ဓသားလောင်းများပေါ်လာပါက သန္ဓေ္ဓသားလောင်းတစ်ယောက် သို့ သန္ဓေသားလောင်းများကို အမျိုးသမီးရဲ့ မွေးလမ်းကြောင်း […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အကယ်၍ စုံတွဲများသည် ကိုယ်ဝန်ရရှိနိုင်ရန် ကြိုးစားနေကြလျှင် အနှေး နှင့် အမြန် ကိုယ်ဝန်ရရန် မျှော်မှန်းကြပေသည်။ ကိုယ်ဝန်ရရှိစေရန် ကြိုတင်ပြင်ဆင်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လိင်ဆက်ဆံသည့် အချိန်၊ ကျန်းမာသည့် သန္ဓေသားဖွံ့ဖြိုးစေမည့် ကျန်းမာသည့် အစာအာဟာရ စသည့် များစွာသော အရာများကို သတိထားမိသည်။   ဖော်လစ်အက်စစ် (Folic Acid) ဖော်လစ်အက်စစ်ကို အစားအစာများတွင် ဖော်လိတ် (Folate )ဟုလည်း သိကြပြီး ဗိုက်တာမင် ဘီ အုပ်စုထဲတွင် ပါဝင်သည်။ Neural Tube Defect ဟုခေါ်သော ဦးနှောက် နှင့် အာရုံကြောမကြီးတွင် ဖြစ်ပွားသော မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်ပေးနိုင်သည်။ Neural Tube Defect သည် သန္ဓေအောင်ပြီး ၂၈ ရက်အတွင်း ဖြစ်တတ်ပြီး ထိုအချိန်သည် အမျိုးသမီးများ […]

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Phio Thiha

သားဖွားပညာ

Phyo Clinic (Pazundaung)

expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy