ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများကို သိထားခြင်းဖြင့် ကျန်းမာသော ကလေးလေးကို မွေးဖွားနိုင်ရန် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဖေဖေ ဖြစ်ဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ။

ကလေးယူမယ်လို့ ပြောလိုက်ရင်  မိခင်လောင်းတွေကိုပဲ ဘယ်လိုနေ ဘယ်လိုစား ဆိုပြီး မှာလေ့ရှိပါတယ်။ ဖေဖေတွေကိုရော မမှာတော့ဘူးလား။ တကယ်ဆို သန္ဓေသားဆိုတာ မေမေ့ဆီက မျိုးဥနဲ့ ဖေဖေ့ဆီက သုက်ကောင်ပေါင်းပြီးမှ ဖြစ်လာတာပါ။ ဒါကြောင့် ဖေဖေ့ဆီက ကျန်းမာတဲ့ သုက်ကောင်ရဖို့လည်း အရေးကြီးတာပေါ့။ အားလုံးက ကလေးယူမယ်ဆို မေမေကိုပဲ ဂရုစိုက်ဖို့ မှာနေတာဆိုတော့ ဒီတစ်ခါတော့ ဖေဖေ တွေအတွက် ပြောပေးပါမယ်။ ဖေဖေ ဖြစ်ဖို့ အကောင်းဆုံး ပြင်ကြမယ်ဆိုရင် ကြိုတင်ပြီး ပြင်ထားပါ။ ကလေးယူမယ်ဆို ဖေဖေနဲ့ မေမေ ကြိုတိုင်ပင်ပါ။ ဘယ်လိုစီစဉ်ကြမယ်။ ဘယ်လိုပြင်ဆင်ကြမယ်။ နှစ်ယောက်တူတူပြင်ဆင်တာက ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ လိင်က တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပါ။ လိင်က တစ်ဆင့် ကူးတတ်တဲ့ ရောဂါတွေ ရှိမရှိ စစ်ဆေးပြီး […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးလေးမှာ မွေးရာပါချို့ယွင်းချက် တွေ မပါစေဖို့

တချို့ကလေးတွေ မွေးလာရင် နှုတ်ခမ်းကွဲ အာခေါင်ကွဲတို့၊ ကျောရိုးမှာ အပေါက်ကြီးနဲ့လို့ တွေ့ဖူးကြမလားမသိ။ ဒါတွေဟာ မွေးရာပါချို့ယွင်းချက်တွေပေါ့။ ကလေးမွေးပြီးလို့ ထွက်လာရင် ပြောတတ်ကြတာက ယောကျာ်းလေးပါ ဒါမှမဟုတ် မိန်းကလေးပါ။ ကိုယ်လက်အင်္ဂါစုံပါတယ်လို့ ပြောမှ ဟင်း ချနိုင်ကြတာပါ။ မိဘတွေ အနေနဲ့လည်း ကလေးက ချို့ယွင်းချက်လေးတွေ ပါလာရင် စိတ်မကောင်းဖြစ်ကြသလို သက်တမ်းစေ့မှ နေရပါ့မလားလို့လည်း စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေမှာ မွေးရာပါချို့ယွင်းချက် မပါအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးပါမယ်။ မွေးရာပါချို့ယွင်းချက် ဆိုတာ မွေးရာပါ ချို့ယွင်းချက်တွေမှာ တချို့က teratogenလို့ ခေါ်တဲ့ ပစ္စည်းတွေကြောင့် ဖြစ်တာပါ။ Teratogenထဲမှာ ဓာတုပစ္စည်းတွေ၊ ဆေးတွေ၊ ရောဂါပိုးမွှားတွေ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မွေးရာပါ ချို့ယွင်းချက်တွေက အကုန်လုံးကို ကာကွယ်လို့ ရချင်မှ ရမှာပါ။ ဒီချို့ယွင်းချက်တွေထဲက ၄-၅ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား.......

ချစ်ခင်ရသူ တစ်ဦးဦး ကျောက်ကပ် ကျန်းမာရေး ချို့ယွင်းနေတာကြောင့်  ကျောက်ကပ် အစားထိုး ကုသမှု ခံယူဖို့ လိုအပ်နေတယ်။ ဒါကို ကိုယ်ကလည်း လှူပေးချင်တယ်။ ဒါပေမယ့် အနာဂတ်မှာ ကိုယ်ပိုင် မိသားစုလေး တစ်စု ထူထောင်ဖို့လည်း စိတ်ကူးက ရှိနေပြန်တယ်။ ဒီအချိန်မှာ ကျောက်ကပ် လှူလိုက်ရင် အနာဂတ်မှာ ကိုယ်ပိုင် ရင်သွေး ရှိလာနိုင်ပါ့မလား။ ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား....... ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲတွေများ ရှိနိုင်မလား ဆိုပြီး စိတ်ပူနေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ဖြေထုတ်ပေးနိုင်မှာပါ။ ကျောက်ကပ် လှူမယ့် လေဒီလေးတိုင်း သိချင်နေလောက်မယ့် မေးခွန်းများ ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား....... ကျောက်ကပ်လှူတော့မယ်ဆိုရင် သိချင်နေလောက်မယ့် မေးခွန်းတွေက တော်တော်လေး များနေလောက်ပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကတော့ ကျောက်ကပ်လှူတာက ကလေးရနိုင်ခြေကို ထိခိုက်နိုင်မလား။ မထိခိုက်နိုင်ပါဘူး။ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိ၊ မရှိကို ဆီးစစ်ပြီးပဲဖြစ်ဖြစ်၊ သွေးစစ်ပြီးပဲဖြစ်ဖြစ် စမ်းသပ်အတည်ပြုနိုင်ပါတယ်။ အရေးပေါ်ဆီးစစ်တံ သုံးပြီး ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတာက စနစ်တကျစစ်ဆေးမယ်ဆို ရာနှုန်းပြည့်နီးပါးတိကျပြီး ကိုယ့်ဖာသာလည်း အိမ်မှာအလွယ်တကူ စမ်းသပ်သိရှိနိုင်ပါတယ်။ ဒါ့ကြောင့် အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တချို့ကို ပြောပြပေးချင်ပါတယ်။ ဘယ်လိုအချိန်မှာ အရေးပေါ်ဆီးစစ်တံ နဲ့ ကိုယ်ဝန်ရှိ၊ မရှိ စစ်လို့ရသလဲ အရေးပေါ်ဆီးစစ်တံက အမျိုးသမီးရဲ့ဆီးထဲမှာပါတဲ့ HCG ဟော်မုန်းကို စစ်ဆေးတာ ဖြစ်ပါတယ်။ ပုံမှန်ရာသီလာနေကျရက်မှာ ရာသီမလာတော့ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ ပေါ်လာပြီထင်ရင် ကိုယ်ဝန်ရှိ၊ မရှိ အရေးပေါ်ဆီးစစ်တံနဲ့ စစ်လို့ရပါပြီ။ အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များကို လေ့လာကြည့်ရအောင်နော်။ ကိုယ်ဝန်ရှိတာ စောစောသိရင်ဘာပိုကောင်းလဲ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဝန်ရှိနေတာကို စောစောသိလေ ကောင်းလေပါပဲ။ အဲ့ဒါမှ မိခင်ရော […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ် ခြင်း ( Urine hCG test) နဲ့ အဖြေမှားတွေ မထွက်အောင် ဘာတွေ ဂရုစိုက်သင့်လဲ။

Urine hCG test ဆိုတာ ကိုယ်ဝန်ဟော်မုန်း (သို့) hCG (Human Chorionic gonadotropin) လို့ခေါ်တဲ့ ဟော်မုန်းလေးတွေကို ဆီးထဲမှာ စစ်ဆေးတဲ့ စစ်ဆေးနည်း တစ်မျိုးဖြစ်ပါတယ်။ ပထမဆုံး ဓမ္မတာမလာတော့လပြီး နောက်တစ်ရက်လောက်က စပြီး hCG ကို ဆီးထဲမှာ တွေ့ရပါတယ်။ ကျားသုက်ပိုးနဲ့ မမျိုးဥတွေ ပေါင်းစပ်ပြီး ရက်အနည်းငယ်လောက်မှာ ခန္ဓာကိုယ်ထဲမှာ hCG ဟော်မုန်းလေးတွေ တဖြည်းဖြည်းများလာပါတယ်။ အဲဒီဟော်မုန်းတွေဟာ ကိုယ်ဝန် ၁၀ပတ်လောက်မှာ အများဆုံးအခြေအနေကို ရောက်ရှိပြီး တဖြည်းဖြည်းပြန်လျော့သွားပါတယ်။ ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ် ခြင်းကို ဘယ်လိုနေရာတွေမှာ လုပ်နိုင်သလဲ။ အဲလို ဆီးစစ် နိုင်တဲ့ ပစ္စည်းလေးတွေဟာ ဆေးဆိုင်၊ ဆေးရုံ၊ ဆေးခန်းတွေ အတော်များများမှာ အလွယ်တူ ရနိုင်ပါတယ်။ အဲလို ဆီးစစ်ခြင်းကို ဆေးခန်းတွေမှာလည်း […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

ကလေး ယူတော့မယ် လို့ စဉ်းစားတဲ့အချိန်မှာ ဘာကို အရေးကြီးဆုံးလို့ ထင်ပါသလဲ။ ကလေးရဖို့ သားဆက်ခြားနည်းကို ရပ်တန့်ထားဖို့လား၊ ဆရာဝန် သွားပြဖို့လား၊ အားဆေးတွေ သောက်ဖို့လား။ ဒါတွေ အကုန်လုံးဟာ အလေးထား လုပ်ဆောင်ရမယ့် အထဲတော့ ပါဝင်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံး အချက်က မိခင်လောင်း ရဲ့ ကျန်းမာရေး နဲ့ အာဟာရ ပါပဲ။ ကိုယ်ဝန် ကို ဆောင်မယ့် မိခင်လောင်းရဲ့ ခန္ဓာကိုယ်က ရောဂါကင်းပြီး အားပြည့်နေရမှာပါနော်။ အားရှိအောင်၊ အာဟာရဓာတ်တွေ ပြည့်ဝအောင်၊ ကိုယ်ခံအား ကောင်းအောင် အစားကို အစုံစားရမယ် ဆိုပေမယ့် သတိထားရမယ့်၊ ကြိုရှောင်သင့်တဲ့ အစားအသောက် တွေ ရှိနေပါတယ်။ ကန့်သတ်သင့်၊ ရှောင်သင့်တဲ့ အစားအသောက် (၇) မျိုး (၁) အသွင်ပြောင်းဆီ ပါဝင်တဲ့ အစားအစာ ရှောင်ပါ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အသက်ကြီးမှ ကလေးယူမယ်ဆိုရင်

အသက်အရွယ်က ကိုယ်ဝန်ဆောင်ဖို့ ကိစ္စအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်စေသလဲဆိုတာ ပြောပြပေးသွား ချင်ပါတယ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အသက်ကြီးလာလေ မျိုးဆက်ပွားစွမ်းရည် ကျဆင်းလာလေပါပဲ။ အသက် ၃၀ ကျော်ရင် ကလေးရဖို့ခက်ခဲလာသလို ကိုယ်ဝန်ပြဿနာတွေနဲ့ ကလေးမှာ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ပိုများလာတတ်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ အမျိုးသမီးတွေရဲ့ အသက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်ခြင်း ဆက်စပ်မှုအကြောင်းပြောပြချင်ပါတယ်။ ပုံမှန်ဆို မိန်းကလေးတွေက အသက် ၂၀ လောက်မှာ ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံးဖြစ်ပြီး အသက် ၃၀ ကျော်လာရင်တော့ ကလေးရနိုင်ချေ ကျဆင်းလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိန်းကလေးတစ်ယောက် အသက်ကြီးလာလေ သားဥအိမ်ထဲက ထုတ်ပေးနိုင်တဲ့ သားဥအရေအတွက်ရော အရည်အသွေးပါ ကျဆင်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲတွေပါ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရသွားရင်တောင် ကျန်းမာတဲ့ကိုယ်ဝန်ဖြစ်ဖို့ ခက်ခဲပါတယ်။ သားအိမ်အလုံးအကျိတ်နဲ့ endometriosis လို မီးယပ်ရောဂါ ဖြစ်ပွားမှုတွေ ကလည်း အသက်ကြီးတာနဲ့ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးယူဖို့ သေချာပြင်ဆင် ပြီးပြီလားဆိုတာ ပြန်တွေးကြည့်ပါ

ကလေးယူဖို့ ဘယ်အချိန်မှာ စမလဲ။ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ပြီးပြီ။ သားသမီးလေးတွေ မွေးမယ်။ ပျော်စရာ မိသားစုအသိုက်အမြုံလေးတစ်ခု ဖန်တီးမယ်။ ကိုယ့်အတွေးနဲ့ ကိုယ်တော့ တော်တော်လေး သာယာစရာကောင်းတယ်ဆိုပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ ကလေးယူတယ်ဆိုတဲ့ကိစ္စရဲ့ နောက်မှာ လိုက်လာနိုင်တဲ့ ပြဿနာတွေ၊ ဖြေရှင်းစရာတွေ အများကြီးရှိပါတယ်။ ကလေးယူဖို့ သေချာပြင်ဆင် ထားသင့်တာတွေ အများကြီးပါပဲ။ အဲ့တော့ အိမ်ထောင်ကျပြီးပြီဆိုတာနဲ့ ခင်ပွန်းရော ဇနီးပါ အတူတိုင်ပင်ပြီး ဘယ်အချိန်မှာ ကလေးယူသင့်လဲ၊ ကလေးယူချင်တာရော သေချာရဲ့လားဆိုတာ သေချာဆွေးနွေးကြည့်သင့်ပါတယ်။ ကလေးမွေးတဲ့အချိန်နဲ့ ပတ်သက်လို့တော့ အတိအကျပြောလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေက မိဘလောင်းဖြစ်မယ့်သူရဲ့ အခြေအနေနဲ့လည်း အများကြီးသက်ဆိုင်နေတယ်လေ။ အဲ့တော့ အိမ်ထောင်ပြုပြီး ကလေးယူဖို့ ပြင်ဆင်နေတဲ့ မိဘလောင်းတွေ ခုပြောပြပေးမယ့် အချက်တွေကို သေချာစဉ်းစားပြီးပြီလားဆိုတာ တစ်ချက်ကြည့်လိုက်ကြရအောင်။ ကလေးယူဖို့ သေချာပြင်ဆင် ပြီးပြီလားဆိုတာ ပြန်တွေးကြည့်ပါ ၁။ ကလေးယူချင်တာ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။

ကိုယ်ဝန်မရအောင် တားတဲ့ သန္ဓေတားနည်း တွေထဲမှာ သန္ဓေတား သောက်ဆေးက လူသုံး အများဆုံး ၊ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးလို့ ဆိုလို့ ရပါတယ်။ လူတိုင်းနီးပါး သုံးကြတဲ့ အလျောက် သန္ဓေတားဆေး သောက်ဆေးနဲ့ ပတ်သက်ပြီး လူတိုင်းမေးနေကျ မေးခွန်း တစ်ခု ရှိပါတယ်။ ဒါက တားဆေးကို ရပ်ပြီးပြီးချင်း ကိုယ်ဝန် ရနိုင်သလား ဆိုတဲ့ မေးခွန်းပါ။ တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။ တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေက တားဆေးကို ဘယ်အချိန်မှာရပ်လိုက်တာလဲ။ တားဆေး သောက်တာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့ ဟော်မုန်း ဘယ်နှစ်မျိုးပါတဲ့ တားဆေးကို သောက်နေတာလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်။ တားဆေးကို ဘယ်အချိန်မှာရပ်လိုက်ရင် ကိုယ်ဝန်တန်းရနိုင်သလဲ။ သောက်နေတဲ့ တားဆေးကဒ် အလယ်လောက် ရောက်တဲ့ အချိန်မှာ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆယ်ကျော်သက် ကိုယ်ဝန်ကြောင့် ထိခိုက်သွားမယ့် ဘဝလေးများ

ဆယ်ကျော်သက် အရွယ်ဆိုတာ ပျော်လို့ကောင်းတုန်း ၊ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားလို့ကောင်းတုန်း အရွယ်ပဲရှိရမှာပါ။ ဒါပေမယ့်လည်း ထိန်းရအခက်ဆုံး၊ စူးစမ်းလေ့လာချင်စိတ်အများဆုံး၊ အပျိုဖော် လူပျိုဖော် ဝင်ခါစလေးဆိုတော့ ဆန့်ကျင်ဘက်လိင်အပေါ် စိတ်တွေ တိမ်းညွတ်တာဟာလည်း ဒီအရွယ်မှာပဲ စတာဖြစ်တဲ့အတွက်ကြောင့် သေချာမှ မထိန်းသိမ်းရင် ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမိဘအဖြစ်ခံယူရတာမျိုးတွေရှိတတ်ပါတယ်။ ငယ်တုန်းအချိန် အိမ်ထောင်ပြုတာ ကျန်းမာတဲ့ကလေးတွေ မွေးဖွားနိုင်တယ်ဆိုပေမယ့် ဆယ်ကျော်သက်စွန်းစွန်း ၁၅ နှစ် ၁၆ နှစ်လောက်နဲ့ အိမ်ထောင်ပြု ကလေးယူတဲ့အခါ မွေးလာမယ့်ကလေးအတွက်ရော ငယ်ငယ်လေးနဲ့ဖြစ်မယ့်မိဘတွေ အပေါ်မှာရော ဆိုးကျိုးတွေ အများကြီးသက်ရောက်စေပါတယ်။ ဘယ်လိုတွေ သက်ရောက်စေတတ်လဲ ကြည့်ရအောင် ။ ။ ဆယ်ကျော်သက် မိဘတွေကြောင့် ကလေးအပေါ်သက်ရောက်မှု ။ ။ ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်ရဲ့ အသက်ကလည်း ငယ်သေးတဲ့အတွက်ကြောင့် မိခင်လောင်းတစ်ယောက်ရဲ့ တာဝန်တွေကို […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon